Friday, September 20, 2019

စစ္ကိုင္းႏွင့္ မႏၲေလးတိုင္း၌ H1N1 ျဖင့္ လူနာတစ္ဦးစီ ထပ္မံေသဆုံးၿပီး စက္တင္ဘာ ၁၇ ရက္အထိ ပိုးေတြ႕သူ ၇၃၆ ဦးတြင္ ေသဆုံးသူ ၁၁၄ ဦးအထိရွိလာ


 နာရေးကူညီမှုအသင်း (ရန်ကုန်) မှ စေတနာ့ဝန်ထမ်းများက ရာသီတုပ်ကွေးဖြင့် သေဆုံးသူတစ်ဦးကို ရေဝေးသုသာန်တွင် သင်္ဂြိုဟ်ရန် ကူညီနေစဉ်
စက္တင္ဘာ ၁၇ ရက္အထိ H1N1သံသယလူနာ ၁၇၁၉ ဦးအနက္ ေရာဂါပိုးေတြ႕ရွိသူ ၇၃၆ ဦးတြင္ ေသဆုံးသူ ၁၁၄ ဦးအထိရွိၿပီး စစ္ကိုင္းႏွင့္ မႏၲေလးတိုင္းေဒသႀကီးတြင္ လူနာတစ္ဦးစီ ထပ္မံေသဆုံးေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ ထုတ္ျပန္ေၾကညာခ်က္အရ သိရသည္။

ဇန္နဝါရီမွ စက္တင္ဘာ ၁၇ ရက္အထိ တုပ္ေကြးဆန္ေသာ ေရာဂါလကၡဏာမ်ား (Influenza-like illness–ILI) ျဖစ္ပြားသူ ၄၉၄ ဦးအနက္ A(H1N1) ျဖစ္ပြားသူ ၁၂၄ ဦး၊ A (H3N2) ျဖစ္ပြားသူ ၂၂ ဦး၊ Influenza Bျဖစ္ပြားသူ ၃၈ ဦးရွိေၾကာင္းႏွင့္ လတ္တေလာ ျပင္းထန္အဆုတ္ေရာင္ေရာဂါ (Severe Acute Respiratory Infection- SARI) ျဖစ္ပြားသူ ၁၂၂၆ ဦးအနက္ A(H1N1) ျဖစ္ပြားသူ ၄၄၂ ဦး၊ A(H3N2) ျဖစ္ပြားသူ ၃၉ ဦး၊ Influenza B ျဖစ္ပြားသူ ၇၂ ဦးရွိေၾကာင္း သိရသည္။

“စက္တင္ဘာ ၁၇ ရက္အထိ တစ္နိုင္ငံလုံး အတိုင္းအတာနဲ႔ ဓာတ္ခြဲစစ္ေဆးသူ ၁၇၁၉ ဦးရွိၿပီး အတည္ျပဳလူနာ ၇၃၆ ဦးရွိပါတယ္။ ေသဆုံးသူစုစုေပါင္း ၁၁၄ ဦးအထိ ရွိပါတယ္။ လက္ရွိအထိ ေသဆုံးသူဦးေရ ရန္ကုန္မွာ ၆၈ဦး၊ ေနျပည္ေတာ္၊ ကခ်င္၊ ရွမ္းေတာင္နဲ႔ တနသၤာရီမွာ တစ္ဦးစီ၊ ဧရာဝတီမွာ ၁၄ ဦး၊ ပဲခူးမွာ ၁၀ ဦး၊ ရခိုင္မွာ ႏွစ္ဦး၊ မေကြးနဲ႔ မႏၲေလးမွာ ေလးဦးစီ၊ မြန္ျပည္နယ္မွာ သုံးဦးနဲ႔ စစ္ကိုင္းမွာ ငါးဦး စုစုေပါင္းေသဆုံးသူ ၁၁၄ ဦးအထိရွိပါတယ္” ဟု ျပည္သူ႔က်န္းမာေရးဦးစီးဌာန၊ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲမွ တာဝန္ရွိသူတစ္ဦးက ေျပာၾကားသည္။

ရာသီတုပ္ေကြးေရာဂါ ျဖစ္ပြားသူမ်ားတြင္ နာတာရွည္ေရာဂါအခံရွိသူမ်ား၊ အသက္အရြယ္ႀကီးလြန္းသူႏွင့္ ငယ္လြန္းသူ ကေလးငယ္မ်ားတြင္ ေရာဂါပိုမိုျပင္းထန္ၿပီး ေသဆုံးႏွုန္းျမင့္မားခဲ့ေၾကာင္း၊ ယခုႏွစ္ ဇန္နဝါရီ ၁ ရက္မွ စက္တင္ဘာ ၉ ရက္အထိ ရာသီတုပ္ေကြးေရာဂါ ေတြ႕ရွိ၍ ေသဆုံးသူ ၁၁၀ အနက္ အသက္အုပ္စု  ၁၅ ႏွစ္ မွ ၆၅ ႏွစ္တြင္ ေသဆုံးမွုအမ်ားဆုံးျဖစ္ၿပီး စုစုေပါင္း ေသဆုံးမွု၏ ၄၄ ရာခိုင္ႏွုန္းျဖစ္ကာ နာတာရွည္ေရာဂါအခံရွိသူ (ဆီးခ်ိဳ၊ ေသြးတိုး၊ ႏွလုံး၊ အသက္ရွူလမ္းေၾကာင္း၊ အာ႐ုံေၾကာ၊ ေမြးရာပါ ေရာဂါလကၡဏာစု၊ ကင္ဆာေရာဂါႏွင့္ အျခားကိုယ္ခံအား က်ဆင္းသည့္ေရာဂါ) မ်ားတြင္ ေသဆုံးသူ ၈၈ ဦးအထိရွိၿပီး စုစုေပါင္း ေသဆုံးမွု၏ ရာခိုင္ႏွုန္း ၈၀ ရွိေၾကာင္း သိရသည္။ အထူးသျဖင့္ ေရာဂါလကၡဏာမ်ား ျဖစ္ပြားခဲ့ေသာ္လည္း ေဆး႐ုံသို႔ ေနာက္က်မွ ေရာက္ရွိလာသူမ်ားတြင္ ေသဆုံးႏွုန္းျမင့္မားေနသည္ကို ေတြ႕ရွိရေၾကာင္း သိရသည္။
တိုင္းေဒသႀကီး၊ ျပည္နယ္အလိုက္ ရာသီတုပ္ေကြးေရာဂါ ဓာတ္ခြဲအတည္ျပဳျဖစ္ပြား၊ ေသဆုံးသူ ဦးေရစာရင္းအရ ၂၀၁၉ ခုႏွစ္ ဇန္နဝါရီ ၁ ရက္မွ စက္တင္ဘာ ၁၇ ရက္အထိ တိုင္းေဒသႀကီး၊ ျပည္နယ္အလိုက္ ရာသီတုပ္ေကြးေရာဂါ ဓာတ္ခြဲအတည္ျပဳျဖစ္ပြား၊ ေသဆုံးသူဦးေရစာရင္းအရ ၂၀၁၉ ခုႏွစ္ ဇန္နဝါရီ ၁ ရက္မွ စက္တင္ဘာ ၁၇ ရက္အထိ ရန္ကုန္တြင္ ဓာတ္ခြဲစစ္ေဆးသူ ၇၀၇ ဦးအနက္ အတည္ျပဳလူနာ ၂၈၉ ဦးတြင္ ေသဆုံး ၆၈ ဦး၊ ဧရာဝတီတြင္ ဓာတ္ခြဲစစ္ေဆးသူ၁၂၉ ဦးအနက္ အတည္ျပဳလူနာ ၆၁ ဦးတြင္ ေသဆုံး ၁၄ ဦး၊ စစ္ကိုင္းတြင္ ဓာတ္ခြဲစစ္ေဆးသူ ၃၁ ဦးအနက္ အတည္ျပဳလူနာ ၁၆ ဦးတြင္ ေသဆုံး ငါးဦး၊ မြန္တြင္ ဓာတ္ခြဲ စစ္ေဆးသူ ၂၇ ဦးအနက္ အတည္ျပဳလူနာ ၁၅ ဦးတြင္ ေသဆုံး သုံးဦးရွိခဲ့ေၾကာင္း၊ ပဲခူးတြင္ ဓာတ္ခြဲစစ္ေဆးသူ ၁၁၉ ဦးအနက္ အတည္ျပဳလူနာ ၅၃ ဦးတြင္ ေသဆုံးသူ ၁၀ ဦး၊ ေနျပည္ေတာ္တြင္ဓာတ္ခြဲစစ္ေဆးသူ ၂၃၁ ဦးအနက္ အတည္ျပဳလူနာ ၁၀၄ ဦးတြင္ ေသဆုံးသူတစ္ဦး၊ မေကြးတြင္ ဓာတ္ခြဲစစ္ေဆးသူ ၆၀ အနက္ အတည္ျပဳလူနာ ၃၈ ဦးတြင္ ေသဆုံးသူေလးဦး၊ မႏၲေလးတြင္ ဓာတ္ခြဲစစ္ေဆးသူ ၅၇ ဦးအနက္ အတည္ျပဳလူနာ ၂၅ ဦးတြင္ ေသဆုံးသူေလးဦး၊ ရခိုင္တြင္ ဓာတ္ခြဲစစ္ေဆးသူ ၈၅ ဦးအနက္ အတည္ျပဳလူနာ ၃၂ ဦးတြင္ ေသဆုံးႏွစ္ဦး၊ ရွမ္း (ေျမာက္) ၌ ဓာတ္ခြဲစစ္ေဆးသူ ၁၃ ဦးအနက္ အတည္ျပဳလူနာေျခာက္ဦး၊ ရွမ္း (ေတာင္) တြင္ ဓာတ္ခြဲစစ္ေဆးသူ ၁၈ ဦးအနက္ အတည္ျပဳလူနာ ၁၃ ဦးတြင္ ေသဆုံးသူတစ္ဦး၊ ရွမ္း(အေရွ႕)၌ ဓာတ္ခြဲစစ္ေဆးသူတစ္ဦးအနက္ အတည္ျပဳလူနာမရွိ၊ တနသၤာရီတြင္ ဓာတ္ခြဲစစ္ေဆးသူ ကိုးဦးအနက္ အတည္ျပဳလူနာငါးဦး၊ ေသဆုံးသူ တစ္ဦး၊ ကခ်င္တြင္ ဓာတ္ခြဲစစ္ေဆးသူ ၁၁၇ ဦးအနက္ အတည္ျပဳလူနာ ၄၁ ဦးတြင္ ေသဆုံး တစ္ဦး၊ ခ်င္းတြင္ဓာတ္ခြဲစစ္ေဆးသူ ကိုးဦး၊ အတည္ျပဳလူနာေျခာက္ဦးႏွင့္ ကရင္၌ ဓာတ္ခြဲစစ္ေဆးသူ ၉၅ ဦးအနက္ အတည္ျပဳလူနာ၂၀ ဦး ရွိေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက တရားဝင္ထုတ္ ျပန္ေၾကညာထားသည္။

Eleven Media Group 
စစ်ကိုင်းနှင့် မန္တလေးတိုင်း၌ H1N1 ဖြင့် လူနာတစ်ဦးစီ ထပ်မံသေဆုံးပြီး စက်တင်ဘာ ၁၇ ရက်အထိ ပိုးတွေ့သူ ၇၃၆ ဦးတွင် သေဆုံးသူ ၁၁၄ ဦးအထိရှိလာ

စက်တင်ဘာ ၁၇ ရက်အထိ H1N1သံသယလူနာ ၁၇၁၉ ဦးအနက် ရောဂါပိုးတွေ့ရှိသူ ၇၃၆ ဦးတွင် သေဆုံးသူ ၁၁၄ ဦးအထိရှိပြီး စစ်ကိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတွင် လူနာတစ်ဦးစီ ထပ်မံသေဆုံးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

ဇန်နဝါရီမှ စက်တင်ဘာ ၁၇ ရက်အထိ တုပ်ကွေးဆန်သော ရောဂါလက္ခဏာများ (Influenza-like illness–ILI) ဖြစ်ပွားသူ ၄၉၄ ဦးအနက် A(H1N1) ဖြစ်ပွားသူ ၁၂၄ ဦး၊ A (H3N2) ဖြစ်ပွားသူ ၂၂ ဦး၊ Influenza Bဖြစ်ပွားသူ ၃၈ ဦးရှိကြောင်းနှင့် လတ်တလော ပြင်းထန်အဆုတ်ရောင်ရောဂါ (Severe Acute Respiratory Infection- SARI) ဖြစ်ပွားသူ ၁၂၂၆ ဦးအနက် A(H1N1) ဖြစ်ပွားသူ ၄၄၂ ဦး၊ A(H3N2) ဖြစ်ပွားသူ ၃၉ ဦး၊ Influenza B ဖြစ်ပွားသူ ၇၂ ဦးရှိကြောင်း သိရသည်။

“စက်တင်ဘာ ၁၇ ရက်အထိ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဓာတ်ခွဲစစ်ဆေးသူ ၁၇၁၉ ဦးရှိပြီး အတည်ပြုလူနာ ၇၃၆ ဦးရှိပါတယ်။ သေဆုံးသူစုစုပေါင်း ၁၁၄ ဦးအထိ ရှိပါတယ်။ လက်ရှိအထိ သေဆုံးသူဦးရေ ရန်ကုန်မှာ ၆၈ဦး၊ နေပြည်တော်၊ ကချင်၊ ရှမ်းတောင်နဲ့ တနင်္သာရီမှာ တစ်ဦးစီ၊ ဧရာဝတီမှာ ၁၄ ဦး၊ ပဲခူးမှာ ၁၀ ဦး၊ ရခိုင်မှာ နှစ်ဦး၊ မကွေးနဲ့ မန္တလေးမှာ လေးဦးစီ၊ မွန်ပြည်နယ်မှာ သုံးဦးနဲ့ စစ်ကိုင်းမှာ ငါးဦး စုစုပေါင်းသေဆုံးသူ ၁၁၄ ဦးအထိရှိပါတယ်” ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားသူများတွင် နာတာရှည်ရောဂါအခံရှိသူများ၊ အသက်အရွယ်ကြီးလွန်းသူနှင့် ငယ်လွန်းသူ ကလေးငယ်များတွင် ရောဂါပိုမိုပြင်းထန်ပြီး သေဆုံးနှုန်းမြင့်မားခဲ့ကြောင်း၊ ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ စက်တင်ဘာ ၉ ရက်အထိ ရာသီတုပ်ကွေးရောဂါ တွေ့ရှိ၍ သေဆုံးသူ ၁၁၀ အနက် အသက်အုပ်စု  ၁၅ နှစ် မှ ၆၅ နှစ်တွင် သေဆုံးမှုအများဆုံးဖြစ်ပြီး စုစုပေါင်း သေဆုံးမှု၏ ၄၄ ရာခိုင်နှုန်းဖြစ်ကာ နာတာရှည်ရောဂါအခံရှိသူ (ဆီးချို၊ သွေးတိုး၊ နှလုံး၊ အသက်ရှူလမ်းကြောင်း၊ အာရုံကြော၊ မွေးရာပါ ရောဂါလက္ခဏာစု၊ ကင်ဆာရောဂါနှင့် အခြားကိုယ်ခံအား ကျဆင်းသည့်ရောဂါ) များတွင် သေဆုံးသူ ၈၈ ဦးအထိရှိပြီး စုစုပေါင်း သေဆုံးမှု၏ ရာခိုင်နှုန်း ၈၀ ရှိကြောင်း သိရသည်။ အထူးသဖြင့် ရောဂါလက္ခဏာများ ဖြစ်ပွားခဲ့သော်လည်း ဆေးရုံသို့ နောက်ကျမှ ရောက်ရှိလာသူများတွင် သေဆုံးနှုန်းမြင့်မားနေသည်ကို တွေ့ရှိရကြောင်း သိရသည်။
တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ရာသီတုပ်ကွေးရောဂါ ဓာတ်ခွဲအတည်ပြုဖြစ်ပွား၊ သေဆုံးသူ ဦးရေစာရင်းအရ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စက်တင်ဘာ ၁၇ ရက်အထိ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ရာသီတုပ်ကွေးရောဂါ ဓာတ်ခွဲအတည်ပြုဖြစ်ပွား၊ သေဆုံးသူဦးရေစာရင်းအရ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စက်တင်ဘာ ၁၇ ရက်အထိ ရန်ကုန်တွင် ဓာတ်ခွဲစစ်ဆေးသူ ၇၀၇ ဦးအနက် အတည်ပြုလူနာ ၂၈၉ ဦးတွင် သေဆုံး ၆၈ ဦး၊ ဧရာဝတီတွင် ဓာတ်ခွဲစစ်ဆေးသူ၁၂၉ ဦးအနက် အတည်ပြုလူနာ ၆၁ ဦးတွင် သေဆုံး ၁၄ ဦး၊ စစ်ကိုင်းတွင် ဓာတ်ခွဲစစ်ဆေးသူ ၃၁ ဦးအနက် အတည်ပြုလူနာ ၁၆ ဦးတွင် သေဆုံး ငါးဦး၊ မွန်တွင် ဓာတ်ခွဲ စစ်ဆေးသူ ၂၇ ဦးအနက် အတည်ပြုလူနာ ၁၅ ဦးတွင် သေဆုံး သုံးဦးရှိခဲ့ကြောင်း၊ ပဲခူးတွင် ဓာတ်ခွဲစစ်ဆေးသူ ၁၁၉ ဦးအနက် အတည်ပြုလူနာ ၅၃ ဦးတွင် သေဆုံးသူ ၁၀ ဦး၊ နေပြည်တော်တွင်ဓာတ်ခွဲစစ်ဆေးသူ ၂၃၁ ဦးအနက် အတည်ပြုလူနာ ၁၀၄ ဦးတွင် သေဆုံးသူတစ်ဦး၊ မကွေးတွင် ဓာတ်ခွဲစစ်ဆေးသူ ၆၀ အနက် အတည်ပြုလူနာ ၃၈ ဦးတွင် သေဆုံးသူလေးဦး၊ မန္တလေးတွင် ဓာတ်ခွဲစစ်ဆေးသူ ၅၇ ဦးအနက် အတည်ပြုလူနာ ၂၅ ဦးတွင် သေဆုံးသူလေးဦး၊ ရခိုင်တွင် ဓာတ်ခွဲစစ်ဆေးသူ ၈၅ ဦးအနက် အတည်ပြုလူနာ ၃၂ ဦးတွင် သေဆုံးနှစ်ဦး၊ ရှမ်း (မြောက်) ၌ ဓာတ်ခွဲစစ်ဆေးသူ ၁၃ ဦးအနက် အတည်ပြုလူနာခြောက်ဦး၊ ရှမ်း (တောင်) တွင် ဓာတ်ခွဲစစ်ဆေးသူ ၁၈ ဦးအနက် အတည်ပြုလူနာ ၁၃ ဦးတွင် သေဆုံးသူတစ်ဦး၊ ရှမ်း(အရှေ့)၌ ဓာတ်ခွဲစစ်ဆေးသူတစ်ဦးအနက် အတည်ပြုလူနာမရှိ၊ တနင်္သာရီတွင် ဓာတ်ခွဲစစ်ဆေးသူ ကိုးဦးအနက် အတည်ပြုလူနာငါးဦး၊ သေဆုံးသူ တစ်ဦး၊ ကချင်တွင် ဓာတ်ခွဲစစ်ဆေးသူ ၁၁၇ ဦးအနက် အတည်ပြုလူနာ ၄၁ ဦးတွင် သေဆုံး တစ်ဦး၊ ချင်းတွင်ဓာတ်ခွဲစစ်ဆေးသူ ကိုးဦး၊ အတည်ပြုလူနာခြောက်ဦးနှင့် ကရင်၌ ဓာတ်ခွဲစစ်ဆေးသူ ၉၅ ဦးအနက် အတည်ပြုလူနာ၂၀ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တရားဝင်ထုတ် ပြန်ကြေညာထားသည်။

Eleven Media Group

No comments:

Post a Comment

My Blog List