Tuesday, September 17, 2019

ပန်းတောင်းမြို့နယ်မှ ရွာ(၅)ရွာ၏ အထွက်လမ်း ကမ်းပြိုသည့်ထဲပါသွား၍ ဒေသခံများအခက်တွေ့နေ


Image may contain: outdoor and nature
ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ်ထဲက ကျေးရွာ(၅)ရွာရဲ့ ရွာအထွက်လမ်းဟာ ကမ်းပြိုတဲ့အထဲမှာ ပါသွား လို့ ဒေသခံတွေက ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေရပါတယ်။ အဲဒီလမ်းဟာ ပန်းတောင်းမြို့နယ် သူရဲတန်း တိုက်နယ်နဲ့ ကျေးရွာ(၅)ရွာကို ဆက်သွယ်ထားတဲ့ လမ်းဖြစ်ပြီး သူရဲတန်းချောင်း ကမ်းပြိုတဲ့အထဲ ပါသွားခဲ့တာပါ။ 
 
သူရဲတန်းကျေးရွာအုပ်စုတွင်းက ကျားကိုက်၊ ညောင်ဝိုင်း၊ ချင်းကုန်း၊ ခေတ်မှီကျောင်းကုန်းနဲ့ သူရဲတန်းကျေးရွာ (၅)ရွာဟာ ပုသိမ်-မုံရွာကားလမ်းမကြီးပေါ်ကို ရောက်ဖို့ အဲဒီလမ်းကသာ သွားကြရပါတယ်။ အဲဒီကမ်းပြိုတာကို ကိုယ်ထူကိုယ်ထ ဆောင်ရွက်နေကြရတာကြောင့် အကူအညီ လိုအပ်နေတယ်လို့ သူရဲတန်းကျေးရွာ၊ သရက်တောကျောင်းတိုက် ဆရာတော်ဦးပညာသာမိ ကမိန့်ကြားပါတယ်။

ကမ်းပြိုတာကြောင့် လမ်းက(၃)ပေလောက်သာ ကျန်တော့တဲ့အတွက် အရေးပေါ်အခြေအနေတွေ ကြုံရင်ခက်ခဲ နိုင်တယ်လို့ သူရဲတန်းကျေးရွာက သူလဲတန်းလူငယ်ပရဟိတအဖွဲ့ဝင် မတိုးတိုးလွင်က ပြောပါတယ်။
အဲဒီလမ်းဟာ ကားကြီးတွေ ၀င်ထွက်လို့ မရတာကြောင့် တစ်မိုင်လောက်ဝေးတဲ့နေရာကနေ ကုန်တွေကို ပြန်တိုက်ယူကြရတာဖြစ်ပြီး စရိတ်ပိုကုန်တာကြောင့် ဒေသတွင်းမှာ ကုန်ဈေးနှုန်းတွေလည်း မြင့်တက်နေတယ် လို့ သူရဲတန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးသန်းနိုင်ဦးက ဆိုပါတယ်။
ပထမတစ်ခါ ကမ်းပြိုတုန်းက တိုင်းဒေသကြီးအစိုးရက ကျပ်သိန်း(၁၀၀) ဘတ်ဂျက်ချပေးကာ ကမ်းထိန်း လုပ်ငန်းတွေ လုပ်ပေးခဲ့ပါတယ်။ အခုပြိုကျတာကတော့ ရေလမ်းကြောင်း ပြောင်းရမယ့်ကိစ္စဖြစ်နေပြီး အိမ်တွေဖယ်ရှားရမှာတွေ ပါနေတာကြောင့် ဒေသခံတွေ ပူးပေါင်း ဆောင်ရွက်မှ အဆင်ပြေမယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်ပပဟန် ကပြောပါတယ်။
သူရဲတန်းကျေးရွာဟာ ပန်းတောင်းမြို့နယ် ပုသိမ် - မုံရွာ ကားလမ်းကနေ ဧရာဝတီမြစ်ဘက်ကို (၁)မိုင်လောက် ၀င်ရပြီး ထုံးဘိုမြို့အနီးမှာတည်ရှိပါတယ်။ အခုလမ်းက(၃)ပေ ခန့်သာ ကျန်နေတော့တာကြောင့် ဒေသခံတွေစုပြီး သဲအိတ်တွေစီကာ လမ်းကို ယာယီထိန်းသိမ်းတာတွေ ဆောင်ရွက်နေကြပါတယ်။ ဒါပေမဲ့ ယာယီသဘောပဲ ရမှာဖြစ်ပြီး ရေရှည်ခံနိုင်စေဖို့အတွက် ပရဟိတအဖွဲ့တွေနဲ့ ပုဂ္ဂလိကအလှူရှင်တွရဲ့အကူအညီတွေ ရရှိဖို့ ဒေသခံတွေက မျှော်လင့်နေကြပါတယ်။ 
Image may contain: one or more people, people walking, people standing, plant, outdoor and nature 
Image may contain: one or more people, tree, sky, plant, outdoor, nature and water 
Image may contain: one or more people, people standing, hat, outdoor and nature 
Image may contain: 1 person, standing, outdoor and nature 
သတင်း-အောင်ကျော်သူ

No comments:

Post a Comment

My Blog List