Wednesday, September 18, 2019

ကျောက်မျက်ပွဲဝင်ခွင့်စစ်ဆေးရာမှ နိုင်ငံသားကတ်အတုကိုင်ဆောင်သည့်တရုတ်နိုင်ငံသား ၃ ဦးကို ဖမ်းဆီး




နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တွင် ကျင်းပနေသည့် နှစ်လယ်ကျောက်မျက်ပွဲသို့ တက်ရောက်လိုသူများအား ၀င်ခွင့် စိစစ်ရေးကတ်ပြား ကြိုတင်စစ်ဆေးစဉ် နိုင်ငံသားစိစစ်ရေးကတ်အတုကိုင်ဆောင်လာသူ တရုတ်နိုင်ငံသား ၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း မြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက သိရသည်။

ယင်းသို့စစ်ဆေးရာတွင် ၎င်းတို့သည် နမ်းခမ်မြို့နယ် မန်ဟောင်ရွာနေသူများဟုဆိုပြီး ၁၃/နခန နိုင်ငံသား စိစစ်ရေးကတ်ကိုင်ဆောင်ထားသည်ကို မင်္သကာဖွယ်တွေ့ရှိရသဖြင့် သက်ဆိုင်ရာလဝကသို့ အတည်ပြုစုံစမ်းရာ ယင်းနံပါတ်များသည် လက်ရှိအသုံးပြုနေသော နမ့်ခမ်း (နိုင်)နံပါတ်များထက် ကျော်လွန်နေသော (အသုံးမပြု ရသေးသော)နံပါတ်များဖြစ်သည်ကို သိရှိခဲ့သဖြင့် သက်ဆိုင်ရာက လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ နှင့် အညီအရေးယူဆောင်ရွက်ရန် စီစဉ်လျက်ရှိသည်။
၎င်းတို့ကိုင်ဆောင်ထားသည့်နိုင်ငံသားမှတ်ပုံတင်တွင် မောင်ဖုန်ကျင်းရှိ(၂၉)နှစ်(ဘ) ဦးဖုန်ထန်း၊ တရုတ်/ဗုဒ္ဓဘာသာသည် ၁၃/နခန(နိုင်) ၁၅၉၃၈၂၊ မောင်ဖုန်ကျင်းဟိုင်(၂၅)နှစ်(ဘ)ဦးဖုန်ထန်း၊ တရုတ်/ဗုဒ္ဓဘာသာသည် ၁၃/နခန(နိုင်)၁၅၉၃၉၈ ၊ မောင်ကျန်းကျောင်းဟန် (၃၀)နှစ်(ဘ)ဦးကျန်းရှသည်၁၃/နခန(နိုင်)၁၅၉၃၉၀ ဟူ၍ဖြစ်သည်။
အဆိုပါတရုတ်နိုင်ငံသား ၃ ဦးသည် စက်တင်ဘာ ၅ ရက်က မြန်မာနိုင်ငံသို့ မန်စီ-မန္တလေးတရုတ်လေကြောင်းလိုင်းခရီးစဉ် အမှတ် DR-5037 ဖြင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး မြန်မာစကား မတတ်သူ တရုတ်နိုင်ငံသားများဖြစ်ကြောင်း၊ ယင်းနောက် နေပြည်တော် ဇမ္ဗူသီရိ မြို့နယ် အောင်ဇမ္ဗူရပ်ကွက်ရှိ “စိန်လျှံ”တည်းခိုခန်း၊ ဒုတိယထပ်၊အခန်း(၅) တွင် လည်းကောင်း၊ စည်ပင်ဧည့်ရိပ်သာ(၂)၊ အဆောင်(၇၂)၊ အခန်း(၁/၂)တို့တွင်လည်းကောင်း တည်းခိုနေထိုင်လျက် ရှိသည်ကို စစ်ဆေးပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံသား သုံးဦး၏အမည်များမှာ Mr.Zhang Chao Han(PP.No-E87314829) Tourist Visa VOA-IA 533035 (၅-၉-၂၀၁၉ မှ ၅-၁၀-၂၀၁၉ ထိ)၊Mr.Feng Jin Hai(PP.No-EC 2787510) Tourist Visa VOA-IA 533036 (၅-၉-၂၀၁၉ မှ ၅-၁၀-၂၀၁၉ ထိ)၊ Mr.Feng Jin Xu (PP.No-E 86554891) Tourist Visa VOA-IA 533037 (၅-၉-၂၀၁၉ မှ ၅-၁၀-၂၀၁၉ ထိ) တို့ ဖြစ်သည်။

ထွန်း(နေပြည်တော်)
News Watch
 

No comments:

Post a Comment

My Blog List