Tuesday, September 17, 2019

သင်္ဃန်းကျွန်းမြို့နယ် လေးဒေါင့်ကန်လမ်းမကြီးတွင် ယာဉ်တိုက်မှုဖြစ်ပြီး တစ်ဦးသေဆုံး


Image may contain: 4 people, outdoor
သင်္ဃန်းကျွန်းမြို့နယ်၊ (ဇ)မြောက်ရပ်ကွက်၊ လေးဒေါင့်ကန်လမ်းမကြီးပေါ်မှာ စက်တင်ဘာ(၁၆)ရက် ညနေပိုင်းက ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး လူတစ်ယောက်သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကထုတ်ပြန်ပါတယ်။ 
 
အဲဒီမော်တော်ယာဉ်ဟာ လေးဒေါင့်ကန်လမ်းမကြီးဘေးရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းရဲ့မုခ်ဦးကို ဝင်ရောက်တိုက်မိခဲ့တာဖြစ်ပါတယ်။ အဲဒီယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါလူယောက်ယာဉ်နဲ့  အတူ ညပ်မိခဲ့ပြီး တစ်ယောက်သေဆုံးသွားခဲ့တယ်လို့သိရပါတယ်။ 
ကူညီကယ်ဆယ်ရေး လုပ်ငန်း တွေကို သင်္ဃန်းကျွန်းမြို့နယ် မီးသတ်စခန်းက မီးသတ်ယာဉ်(၁)စီး၊ တောင်ဥက္ကလာ မြို့နယ်မီးသတ်စခန်းကရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊မြောက်ဥက္ကလာမြို့နယ်မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေး ယာဉ်(၁)စီးတို့နဲ့ သွားရောက်ကူညီဆောင်ရွက်ခဲ့ကြပါတယ်။ 
မိုးစေတနာပရဟိတအသင်း(ရန်ကုန်)က သူနာတင်ယာဉ်နဲ့ ညပ်မိ နေတဲ့အမျိုးသား(၁)ယောက်ကို သင်္ဃန်းကျွန်းစံပြဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး သေဆုံးသူ အမျိုးသား(၁)ယောက်ကို သီတဂူပရဟိတအသင်းက သူနာတင်ယာဉ်နဲ့ သင်္ဃန်းကျွန်းစံပြဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ 
Image may contain: 2 people, outdoor 
Image may contain: 4 people, outdoor 
Image may contain: one or more people and outdoor 
Image may contain: 6 people, people standing and outdoor 
Image may contain: 8 people, outdoor 
Image may contain: 5 people, outdoor 
 
Source-MFSD

No comments:

Post a Comment

My Blog List