Monday, September 16, 2019

ကိုလံဘီယာမှာ လေယာဉ်ငယ်တစ်စီးပျက်ကျ လူ(၇)ဦးသေဆုံး


Image may contain: outdoor
ကိုလံဘီယာနိုင်ငံအနောက်တောင်ပိုင်း Popayan မြို့မှာ အခုလ(၁၅)ရက်က ခရီးသည်(၉)ဦး လိုက်ပါလာတဲ့ လေယာဉ် ငယ်တစ်စီးပျက်ကျခဲ့တာကြောင့် လူ(၇)ဦးသေဆုံးခဲ့တယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒေသတွင်းကုမ္ပဏီငယ်လေးတစ်ခုကပိုင်တဲ့ အဆိုပါလေယာဉ်ဟာ Popayan လေဆိပ်ကနေ ပျံတက်ပြီး မိနစ်ပိုင်း အကြာမှာပဲ ပျက်ကျသွားခဲ့တာပါ။ ကံကောင်းထောက်မစွာနဲ့ အသက်မသေပဲ ဒဏ်ရာရခဲ့တဲ့ အခြားခရီးသည်(၂)ဦးကို တော့ ဆေးရုံကိုပို့ပေးထားတယ်လို့ သိရပါတယ်။
အခင်းဖြစ်ပွားတဲ့နေရာရှိ အိမ်ခေါင်းမိုးတွေပေါ်မှာ လေယာဉ်ရဲ့အပျက်အစီးတွေ ပြန့်ကြဲနေပုံကို ဗီဒီယိုမှာ ပြသထားပါတယ်။
ကိုလံဘီယာမြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့ကတော့ လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို စုံစမ်း စစ်ဆေးနေပြီလို့ ပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
Image may contain: outdoor and nature 
No photo description available. 
Image may contain: 2 people 
Image may contain: one or more people and outdoor 

ဘာသာပြန် -စုစံစိုး

No comments:

Post a Comment

My Blog List