Wednesday, September 18, 2019

အခြေခံစပါးဈေးနှုန်းကို တင်း ၁၀၀ လျှင် ကျပ် ၄၈၀၀၀၀၊ ကျပ်ငါးသိန်းနှင့် ကျပ် ၅၂၀၀၀၀ စသည့်ပုံစံသုံးမျိုးကို တွက်ချက်တင်ပြမည်ဖြစ်ပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် အစိုးရက ကြေညာသည့်ဈေးအတိုင်း ဝယ်ယူမည်


ရသေ့တောင်မြို့နယ်အတွင်း စပါးရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းနေပုံကို ယခင်နှစ်က တွေ့ရစဉ်
အခြေခံစပါးဈေးနှုန်းကို တင်း ၁၀၀ လျှင် ကျပ် ၄၈၀၀၀၀၊ ကျပ်ငါးသိန်းနှင့် ကျပ် ၅၂၀၀၀၀ စသည်ဖြင့် ပုံစံသုံးမျိုးကို   တွက်ချက်တင်ပြမည်ဖြစ်ပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်(MRF) အနေဖြင့် အစိုးရကကြေညာသည့်ဈေးနှုန်းအတိုင်း ဝယ်ယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သတင်းထုတ်ပြန်ထားသည်။

စက်တင်ဘာ ၁၄ ရက်က ကျင်းပသော ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်း အဝေးတွင် ဆွေးနွေးခဲ့မှုများနှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။
စပါးပေါ်ချိန် ဈေးအဆမတန်ကျဆင်းမှု မဖြစ်စေရေးအတွက် နိုင်ငံတော်အစိုးရနှင့် ပူးပေါင်း၍ ကူညီဖြေ ရှင်းဆောင်ရွက်ရန်၊ ဆန်စက်ပိုင်များ၊ Exporter များနှင့် ကုန်သည်များမှ ပူးပေါင်းပါဝင်ဆောင်ရွက်သွားရန်၊ စပါးပေါ်ချိန်တွင် ဝယ်လိုအားပုံမှန်ရှိပြီး ရောင်းလိုအားအလွန်များခြင်းကြောင့်လည်း ကောင်း၊ အခြောက်ခံစက်များ၊ သိုလှောင်ရုံများ  မလုံလောက်မှုကြောင့်လည်းကောင်း၊ ရောင်း လိုအားနှင့်ဝယ်လိုအား မမျှမတဖြစ်မှုကြောင့်  ဈေးကျဆင်းသည်ဖြစ်ရာ စပါးပေါ်ချိန်တွင် ဝယ်လိုအားမြှင့်တင်မည့်စီမံချက်( ၂၀၁၈ စီ မံချက်)ကို အကောင်အထည်ဖော်ရန်ဖြစ်သည်။
ထို့ပြင် အခြေခံစပါးဈေးနှုန်းကို နိုင်ငံတော်အစိုးရသို့ ပုံစံသုံးမျိုးတွက်ချက်တင်ပြရန်၊ ပုံစံ(၁)သည် တင်း ၁၀၀ လျှင် ကျပ် ၄၈၀၀၀၀၊ ပုံစံ(၂)သည် တင်း ၁၀၀ လျှင် ကျပ်  ၅၀၀၀၀၀ နှင့် ပုံစံ(၃)သည် တင်း ၁၀၀ လျှင် ကျပ်  ၅၂၀၀၀၀ ဖြင့် အခြေခံစဉ်းစားပြီး  တွက်ချက် တင်ပြရန်နှင့် နိုင်ငံတော်အစိုးရ ၏ ရွေးချယ်မှုအတိုင်း ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဟု သိရသည်။
နိုင်ငံတော်အစိုးရမှ အခြေခံစပါးဈေးနှုန်း ကြေညာပြီးပါက အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလ များတွင်စတင်၍ စပါး/ဆန် ဝယ်ယူရေးအစီအစဉ်များကို အသင်း ချုပ်/ပုဂ္ဂလိက ကုန်သည်/ စက်ပိုင်/ကုမ္ပဏီများနှင့် ညီနောင်အသင်းများအနေဖြင့် စနစ် တကျညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
စပါးအခြေခံဈေးနှုန်းသတ်မှတ်မှုသည် ထိလွယ်ရှလွယ်သည့်ကိစ္စဖြစ်ခြင်းကြောင့် ထုတ်လုပ် မှုကုန်ကျစရိတ်အပေါ် အခြေခံတွက်ချက်၍ လက်တွေ့ကျသည့်ဈေးနှုန်းကို သတ်မှတ်ပေးရန် လိုအပ်ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်ထူးက ဆိုသည်။
အခြေခံဈေးနှုန်းသည် တောင်သူများနှင့် ကုန်သည်လုပ်ငန်းရှင်များပါ အကျိုးရှိနိုင်သည့်ဈေးနှုန်းဖြစ်ရန် လိုအပ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
“ထုတ်လုပ်မှုကုန်ကျစရိတ်ကို အခြေခံပြီးတော့မှ အခြေခံဈေးနှုန်းကို သတ်မှတ်ပေးဖို့ ဖြစ်ပါတယ်။ ဒီနေ ရာမှာ ဆန်စပါးအဖွဲ့ချုပ်နဲ့  ညီနောင်အသင်းများကနေပြီးတော့ မိမိတို့ရဲ့ ကြိတ်ခွဲရောင်းချမှုအတွေ့ အကြုံတွေကို အခြေခံပြီးတော့မှ  အခြေခံဈေးနှုန်းဟာ မည်မျှရှိသင့်သလဲ၊ ဒီဈေးနှုန်းကို ထိန်းသိမ်းနိုင်အောင်လို့ ဘယ်လိုဆောင်ရွက်သင့်သလဲ၊ ဈေးကွက်ကို မည်သည့်အတိုင်းအတာ အထိ ဝင်ရောက်စွက်ဖက်သင့်တယ်ဆိုတဲ့ဟာကို အကြံပြုပေးဖို့ဖြစ်ပါတယ်။ ထုတ်လုပ်မှု ကုန်ကျစရိတ်ဟာ လက်တွေ့အချက်အလက်တွေကိုအခြေခံတွက်ချက်ရမှာဖြစ်ပါတယ်။ အခြေခံဈေးနှုန်းကတော့ ဈေးကွက်ရဲ့ ဝယ် လိုအားနဲ့ရောင်းလိုအားကိုပါ ထည့်သွင်းစဉ်းစားတွက်ချက်ပြီးတော့မှ ကုန်သည်များလည်း အကျိုးရှိ၊ တောင်သူလည်းအကျိုးရှိတဲ့ ဈေးနှုန်းဖြစ်ဖို့လိုပါတယ် “ဟု ၎င်းက ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment

My Blog List