Thursday, September 19, 2019

TNLA အဖြဲ႔ ယာယီအေျချပဳထားသည့္ ေတာင္႐ိုးဘုရားကုန္းအား တပ္မေတာ္သိမ္းပိုက္

Image may contain: outdoor

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ နမ့္ဆန္ၿမိဳ႕၏ အေနာက္ေျမာက္ဘက္ မီတာ ၄၀ဝ၀ ခန္႔ အကြာရွိ TNLA အၾကမ္းဖက္ေသာင္း က်န္းသူမ်ား ယာယီအေျချပဳထားသည့္ ေတာင္႐ိုးဘုရားကုန္းအား စက္တင္ဘာလ ၁၇ ရက္တြင္ တပ္မေတာ္မွ သိမ္းပိုက္ရရွိခဲ့ ေၾကာင္း တပ္မေတာ္က သတင္းထုတ္ျပန္သည္။

TNLA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားသည္ တပ္မေတာ္မွ တစ္ဖက္သတ္ အပစ္ခတ္ ရပ္စဲသည့္ကာလအား အခြင့္ေကာင္းယူ၍ အစိုးရအဖြဲ႕ဌာနဆိုင္ရာမ်ား ႐ံုးစိုက္ရာၿမိဳ႕တစ္ၿမိဳ႕ျဖစ္သည့္ နမ့္ဆန္ၿမိဳ႕အား စိုးမိုးထားသည့္ ေတာင္႐ိုးဘုရားကုန္းရွိ သာႆနိကအေဆာက္အဦမ်ားကို အကာ အကြယ္ရယူၿပီး နယ္ေျမအသာစီးရယူကာ အဖ်က္အေမွာင့္လုပ္ငန္းမ်ား ေဆာင္ရြက္ေနေသာေၾကာင့္ နယ္ေျမလံုၿခံဳေရးေဆာင္ရြက္ေနေသာ တပ္မေတာ္စစ္ေၾကာင္းမ်ားႏွင့္ စက္တင္ဘာလ ၁၃ ရက္မွ စက္တင္ဘာလ ၁၆ ရက္အထိ ထိေတြ႕တိုက္ပြဲ ၆ ႀကိမ္ ျဖစ္ပြားခဲ့သည္ဟု ထုတ္ျပန္ခ်က္တြင္ပါရွိသည္။
၎ေနရာ တစ္ဝိုက္အား ရင္ဆိုင္ထိန္းခ်ဳပ္ထားႏိုင္ခဲ့ရာ စက္တင္ဘာလ ၁၇ ရက္တြင္ တပ္မေတာ္စစ္ေၾကာင္းမ်ားက ပစ္ကူပစ္အားရယူၿပီး တိုက္ခိုက္မႈေၾကာင့္ နံနက္ ၆ နာရီ ၅၀ မိနစ္ခန္႔တြင္ ေသာင္းက်န္းသူမ်ား ယာယီအေျချပဳထားသည့္ ေတာင္႐ိုးဘုရားကုန္းအား ေအာင္ျမင္စြာ သိမ္းပိုက္ ရရွိခဲ့သည္။
ျဖစ္စဥ္တြင္ အၾကမ္းဖက္ေသာင္းက်န္းသူမ်ားထံမွ ဆိုင္ကယ္ ၅ စီး၊ သာႆနိက အေဆာက္အဦ မ်ားအား အကာအကြယ္ယူျပဳလုပ္ ထားသည့္ ပစ္က်င္း ၄၅ က်င္း၊ ဘန္ကာ ၅ လံုး သိမ္းပိုက္ရရွိခဲ့ၿပီး မိမိဘက္မွ စစ္သည္အခ်ိဳ႕ ႏိုင္ငံေတာ္အတြက္ အသက္ေပးလွဴ ခဲ့ရၿပီး အရာရွိ/စစ္သည္အခ်ိဳ႕ ထိခိုက္ဒဏ္ရာ ရရွိခဲ့သည္။
No photo description available. 
Image may contain: outdoor 
Image may contain: sky, cloud and outdoor 
Image may contain: plant, sky, tree, house, outdoor and nature 
 Image may contain: sky, outdoor and nature
(Unicode)
TNLA အဖွဲ့ ယာယီအခြေပြုထားသည့် တောင်ရိုးဘုရားကုန်းအား တပ်မတော်သိမ်းပိုက်
စက်တင်ဘာ ၁၉
ပဉ္စမလှိုင်း
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့၏ အနောက်မြောက်ဘက် မီတာ ၄၀ဝ၀ ခန့် အကွာရှိ TNLA အကြမ်းဖက်သောင်းကျန်းသူများ ယာယီအခြေပြုထားသည့် တောင်ရိုးဘုရားကုန်းအား စက်တင်ဘာလ ၁၇ ရက်တွင် တပ်မတော်မှ သိမ်းပိုက်ရရှိခဲ့ ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။
TNLA အကြမ်းဖက်သောင်းကျန်းသူများသည် တပ်မတော်မှ တစ်ဖက်သတ် အပစ်ခတ် ရပ်စဲသည့်ကာလအား အခွင့်ကောင်းယူ၍ အစိုးရအဖွဲ့ဌာနဆိုင်ရာများ ရုံးစိုက်ရာမြို့တစ်မြို့ဖြစ်သည့် နမ့်ဆန်မြို့အား စိုးမိုးထားသည့် တောင်ရိုးဘုရားကုန်းရှိ သာဿနိကအဆောက်အဦများကို အကာ အကွယ်ရယူပြီး နယ်မြေအသာစီးရယူကာ အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်နေသောကြောင့် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းများနှင့် စက်တင်ဘာလ ၁၃ ရက်မှ စက်တင်ဘာလ ၁၆ ရက်အထိ ထိတွေ့တိုက်ပွဲ ၆ ကြိမ် ဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။
၎င်းနေရာ တစ်ဝိုက်အား ရင်ဆိုင်ထိန်းချုပ်ထားနိုင်ခဲ့ရာ စက်တင်ဘာလ ၁၇ ရက်တွင် တပ်မတော်စစ်ကြောင်းများက ပစ်ကူပစ်အားရယူပြီး တိုက်ခိုက်မှုကြောင့် နံနက် ၆ နာရီ ၅၀ မိနစ်ခန့်တွင် သောင်းကျန်းသူများ ယာယီအခြေပြုထားသည့် တောင်ရိုးဘုရားကုန်းအား အောင်မြင်စွာ သိမ်းပိုက် ရရှိခဲ့သည်။
ဖြစ်စဉ်တွင် အကြမ်းဖက်သောင်းကျန်းသူများထံမှ ဆိုင်ကယ် ၅ စီး၊ သာဿနိက အဆောက်အဦ များအား အကာအကွယ်ယူပြုလုပ် ထားသည့် ပစ်ကျင်း ၄၅ ကျင်း၊ ဘန်ကာ ၅ လုံး သိမ်းပိုက်ရရှိခဲ့ပြီး မိမိဘက်မှ စစ်သည်အချို့ နိုင်ငံတော်အတွက် အသက်ပေးလှူ ခဲ့ရပြီး အရာရှိ/စစ်သည်အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

No comments:

Post a Comment

My Blog List