Tuesday, September 17, 2019

ငြိမ်းစုစီဖြင့်အမှုဖွင့်ခံရသည့် ဒေါ်နော်အုန်းလှကို ဒုတိယအကြိမ်ရုံးထုတ်


Image may contain: 5 people, people smiling, people standing
ကရင့်အာဇာနည်နေ့အခမ်းအနား ကျင်းပတာနဲ့ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ ကရင်အမျိုးသမီး အစည်းအရုံး ဥက္ကဋ္ဌ ဒေါ်နော်အုန်းလှကို စက်တင်ဘာ (၁၇)ရက်က ကျောက်တံတားမြို့နယ်တရားရုံးမှာ ဒုတိယအကြိမ် ရုံးထုတ်ခဲ့ပါတယ်။
သြဂုတ်(၁၂)ရက်က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ ပြုလုပ်ခဲ့တဲ့ (၆၉)နှစ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနားကို အစိုးရက ကရင့်အာဇာနည်နေ့လို့ မသုံးစွဲဖို့ တားမြစ်ထားပေမယ့် လိုက်နာခြင်းမရှိတဲ့အပေါ် ဦးဆောင်သူ ဒေါ်နော်အုန်းလှနဲ့ ကရင်လူငယ်နှစ်ဦးကို ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ (ငြိမ်းစုစီ) ဥပဒေပုဒ်မ - ၂၀ နဲ့ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။
ကရင်အမျိုးသမီး အစည်းအရုံး ဥက္ကဋ္ဌ ဒေါ်နော်အုန်းလှကို စက်တင်ဘာ (၉)ရက် ညပိုင်းမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး စက်တင်ဘာ (၁၀)ရက်မှာတော့ ပထမဆုံးအကြိမ်အဖြစ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
အခုဒုတိယအကြိမ်ရုံးချိန်းကို ကရင်တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ ကရင်လူငယ်တွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်း အသီးသီးက လူအင်အား ၁၀၀ ဝန်းကျင် လာရောက်ဝန်းရံကြပါတယ်။
အခုလို ကရင့်အာဇာနည်နေ့ ကျင်းပခဲ့တာနဲ့ပတ်သက်ပြီး တရားစွဲဖမ်းဆီးထားတဲ့အပေါ် ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့နဲ့ မတူညီတဲ့ အမျိုးသားရေးလက္ခဏာတွေကို လေးစားဖို့ အပစ်ရပ်စာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) က စက်တင်ဘာ(၁၆)ရက်မှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်။
Image may contain: 8 people, people smiling, people standing and indoor 
Image may contain: 5 people, people standing and child 
Image may contain: 7 people, people smiling, crowd 
သတင်း - ဖြိုးဝေလင်း

No comments:

Post a Comment

My Blog List