Friday, September 20, 2019

ထိုင်းနိုင်ငံတွင် လူကူးမျဉ်းကြားဖြတ်ကူးသည့် မြန်မာ ၁ ဦး ဘတ်စ်ကားတိုက်မိပြီး သေဆုံး


ထိုင်းနိုင်ငံမှာ မြန်မာအမျိုးသားတဦးဟာ လူကူးမျဉ်းကြားကနေ လမ်းဖြတ်ကူးနေချိန်မှာ ဘတ်စ်ကားတစီး တိုက်ခံခဲ့ ရပြီး သေဆုံးသွားတယ်လို့ ထိုင်းနိုင်ငံထုတ် သည်နေရှင်းသတင်းမှာ ဖော်ပြပါတယ်။

ဒီအဖြစ်အပျက်ဟာ ဆမွတ်ပရာကန်ခရိုင်၊ ဘက်ပလီဒေသတွင်းက ကယူးက လောင်ခွတ်လမ်းမပေါ်မှာ စက်တင် ဘာလ ၁၉ ရက်နေ့ညပိုင်းက ဖြစ်ခဲ့တာပါ။
သေဆုံးသူအမျိုးသားကိုတော့ အသက် ၂၆ နှစ်အရွယ် ပိုင်ဝေအောင်လို့ သတင်းမှာ ဖော်ပြထားပြီး ညပိုင်း ၉ နာရီလောက်မှာ တိုက်ခံခဲ့ရတာလို့ ရဲတွေက ပြောပါတယ်။
အရှိန်နဲ့ မောင်းလာတဲ့ ဘတ်စ်ကားက သူ့ကိုတိုက်မိခဲ့ပြီးနောက်မှာ ခန္ဓာကိုယ်က လမ်းမပေါ် တရွတ်ဆွဲ ပါသွားခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဘတ်စ်ကားကို မောင်းနှင်လာသူ အသက် ၆၂ နှစ်အရွယ် ဆပ်ပွိုင် ပရွန်နီးလ်ကတော့ ယာဉ်မဆင်မခြင်မောင်းနှင်ပြီး လူသေစေမှုနဲ့ ပြစ်ဒဏ်ကျခံရမှာ ဖြစ်ပါတယ်။
သေဆုံးသူဟာ လမ်းဖြတ်ကူးလာတာကို မြင်ခဲ့ချိန်မှာ သူက ကားကို အရှိန်လျှော့ ချခဲ့တယ်လို့ ရဲတွေကို ပြောပါတယ်။ ဒါပေမယ့် အဆိုပါ အမျိုးသားဟာ ကားက မျဉ်း ကြားဆီရောက်လာတဲ့အချိန်ထိ အမှုမဲ့အမှတ်မဲ့ တုံ့နှေးနေခဲ့ပြီး ကားရဲ့ ရှေ့ကဖြတ်ပြေးခဲ့ချိန်မှာ ကားကို ရပ်ဖို့ မမီခဲ့တာမို့ ခုလိုတိုက်မိခဲ့ရတယ်လို့ ဆိုပါတယ်။
သူက ဘရိတ်ကို နင်းခဲ့ပြီး ကားကို လမ်းလယ်ကျွန်းဆီ ဦးတည်ကွေ့လိုက်ပေမယ့် မမီတော့ပဲ လူကိုတိုက်မိခဲ့ ရတာဖြစ်တယ်လို့ ရဲတွေကို ပြောပါတယ်။
DVB 

No comments:

Post a Comment

My Blog List