Monday, September 16, 2019

အစားအသောက်ထုပ်ပိုးရာတွင် ပလတ်စတစ် အသုံးမပြုစေရန် ပလတ်စတစ်ဆိုင်ရာ ဥပဒေထုတ်ပြန်ရမည်ဟုဆို




အစားအသောက်များ ထုပ်ပိုးရာတွင် ပလတ်စတစ်များ အသုံးမပြုစေနိုင်ရန်အတွက် ပလတ်စတစ်ဆိုင်ရာ ဥပဒေတစ်ရပ် ထုတ်ပြန်ပြီး ကြီးကြပ်ကွပ်ကဲရမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေး စိန်က ပြောသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ၁၃ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၂၀ရက်မြောက်နေ့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာမြလေးစိန်က ပြောကြားခဲ့ခြင်းဖြစ်သည်။
“ ပလတ်စတစ်ထုပ်ပိုးမှုပုံစံများကို ပုံမှန်အားဖြင့် ကျွန်မတို့ မစစ်ဆေးနိုင်သေးပါ။ ထုပ်ပိုးပလတ်စတစ်များသည် နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ပါက ၄င်းမှ ဓာတုပစ္စည်းများ စိမ့်ထွက်လာနိုင်ပြီး ၄င်းစိမ့်ထွက်မှုသည် နေရောင်ခြည်နှင့် ထိတွေ့သည့်အပူချိန်သာမက ထိတွေ့သည့် အချိန်ကာလပေါ် မူတည်၍ ဘေးထွက်ဆိုးကျိုးများ သက်ရောက်နိုင်ပါတယ်။ အစားအသောက်များထုပ်ပိုးရာတွင် ပလတ်စတစ်များ မထုပ်ပိုးစေရန်အတွက် ပလတ်စတစ်ဆိုင်ရာ ဥပဒေတစ်ရပ်ထုတ်ပြန်ပြီး ကြီးကြပ်ကွပ်ကဲရမှာဖြစ်ပါတယ်။ ပလတ်စတစ်နှင့်ပတ်သက်၍ ထိုင်လန်၊မလေးရှား အာဆီယံနိုင်ငံများသာမက တရုတ်၊ဂျပန် ၊ဥရောပနိုင်ငံများတွင် အမိန့်ကြော်ငြာစာများ၊ စည်းမျဉ်းများ ထုတ်၍ ပြဋ္ဌာန်းလျက်ရှိပါတယ်’’ဟု ၄င်းက ပြောသည်။
လက်ရှိတွင် အစားအသောက်အပူများကို ပလတ်စတစ်နှင့် ထုပ်ပိုးမှုများရှိပြီး မုန့်ဟင်းခါး၊မုန့်တီ၊ ကြာဇံချက်၊ ငါးကင်၊ကြေးအိုး၊ကြာဇံကြော်၊ခေါက်ဆွဲကြော်စသည်တို့ကို ထုပ်ပိုးရာတွင် အများဆုံးအသုံးပြုလျက် ရှိသည်။ အစားအသောက်အပူများကို ပလတ်စတစ်ဖြင့် ထုပ်ပိုးမှုကြောင့် ကင်ဆာဖြစ်ပွားနိုင်ခြင်း၊ သားသမီး မရရှိခြင်း စသည့်ကျန်းမာရေးဆိုးကျိုးများ ဖြစ်ပွားနိုင်ကြောင်းသိရသည်။
“အစားအသောက်ထုပ်ပိုးရာတွင် ပလတ်စတစ်အသုံးပြုပါက အစားအစာထည့်ပလတ်စတစ် ဖြစ်ရပါမယ်’’ဟု ဒုဝန်ကြီးက ဆိုသည်။

မင်းသီဟန်(အကုန်သိသတင်းဌာန)

No comments:

Post a Comment

My Blog List