Monday, September 16, 2019

ငြိမ်းချမ်းရေးကော်မရှင်နှင့် တပ်မတော်ကိုယ်စားလှယ်အဖွဲ့တို့ ကျိုင်းတုံကို ရောက်ရှိ


Image may contain: 1 person, standing, car and outdoor
မြောက်ပိုင်းမဟာမိတ် ၄ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးဖို့အတွက် ငြိမ်းချမ်းရေး ကော်မရှင် (NRPC)နဲ့ တပ်မတော် သား ကိုယ်စားလှယ် အဖွဲ့တို့ ကျိုင်းတုံမြို့၊ Amazing Resort Hotel ကို စက်တင်ဘာလ ၁၆ရက် မနက် ၁၁နာရီခန့်က ရောက်ရှိပါတယ်။

ငြိမ်းချမ်းရေးကော်မရှင်ဘက်က ဦးသိန်းဇော်၊ အငြိမ်းစားဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးတို့ ဦးဆောင် တက်ရောက်လာပြီး တပ်မတော်သား ကိုယ်စားလှယ်အဖွဲ့ကိုတော့ ဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တက်ရောက်လာတာကို တွေ့ရပါတယ်။
KIA, MNDAA, TNLA နဲ့ AA တို့ ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ် ၄ဖွဲ့နဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ဟာ စက်တင်ဘာလ ၁၇ရက် မှာ ကျိုင်းတုံမှာ တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။
Image may contain: 2 people, people standing, tree, plant and outdoor 
Image may contain: one or more people, people standing and outdoor 
Image may contain: 2 people, people sitting, table and indoor 
Image may contain: one or more people, people sitting, table and indoor 
သတင်း -ညီထွန်းသူ

No comments:

Post a Comment

My Blog List