Wednesday, September 18, 2019

မန္တလေးတိုင်းဝန်ကြီးချုပ်ကို လူမှုကွန်ရက်တွင် ပြည်သူအထင်အမြင်လွဲမှားစေရန် ရေးသားသူအချို့ကို အမှုဖွင့်


Image may contain: 2 people, people standing and text
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုတိယဥက္ကဌ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ ဂုဏ်သိက္ခာ ညှိုးနွမ်းစေရန်နှင့် ပြည်သူလူထု အထင်အမြင် လွဲမှားစေရန် လူမှုကွန်ရက်ပေါ်တွင် လွန်လွန် ကျူးကျူး ရေးသားသည်ဟုဆိုကာ အဆိုပါရေးသားသူများကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှတ် ၁၁ ရဲစခန်းတွင် ယနေ့ အမှုဖွင့်လှစ် လိုက်ကြောင်း မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီထံမှ သိရသည်။
ဒေါက်တာဇော်မြင့်မောင်ကိုယ်စားတရားလိုအဖြစ် တိုင်းဒေသကြီးပါတီပြန်ကြားရေးကော်မတီအဖွဲ့ဝင် ဦးပုညဆွေက အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ပါတီ၏တာဝန်ပေးချက်အရ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဦးပုညဆွေက ပြောကြားသည်။
" လွန်လွန်ကျူးကျူး ရေးသားသူအချို့ကို အမှုဖွင့်တာပါ။ ဘယ်နှစ်ဦးဆိုတာတော့ အတိအကျ မသိရသေးပါဘူး " ဟု ၎င်းက ဆိုသည်။
စက်တင်ဘာလ ၁၂ ရက်နေ့မှစ၍ ဖွဲ့ခဲ့သည့် We Love Dauk Zaw အမည်ရှိ Facebook Group တွင် အဖွဲ့ဝင်ပေါင်း တစ်ထောင်ကျော်ရှိပြီး အဖွဲ့ဝင်အချို့သည် ၀န်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်၏ ဓာတ်ပုံများနှင့် အတူ'ပါးချခံရမယ်၊ ချာတိတ်လေး မင်းကိုယ့်ကို စိုးမိုးလွန်းတယ်ကွယ်၊ ငယ်သေးတဲ့အချစ်မို့ မလေးစားတာလား ပြောပါ ကျွန်တော်သိပ်ချစ်တတ်တာ ကျွန်တော်သာ အသိပါ၊ မင်းဆော်ထက် ငါ့ဆော်က ပိုမိုက်တယ် ဟျောင့် ငါ့ဆော်ပိုမိုက်တယ် ' စသည့် စာသားများကို ရေးသားခဲ့သည့်အတွက် အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါ Facebook Group တွင် ၀န်ကြီးချုပ်၏ ဓာတ်ပုံဟောင်းများကို ဟာသဆန်သည့် စာသားများ၊ သီချင်းများဖြင့် တွဲဖက်၍ တင်ဆက်လေ့ရှိကြောင်း လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက ပြောသည်။
ယင်းအပြင် အဖွဲ့ဝင်ပေါင်း ရှစ်ထောင်ကျော်ရှိသော We Love MDY King Dauk Zaw အမည်ရှိ Facebook Group တစ်ခုလည်း ရှိပြီး အလားတူ ပုံနှင့်စာများ တင်လေ့ရှိသည်ဟု ၎င်းက ထပ်လောင်း ပြောဆိုသည်။
" အပြောင်သဘောမျိုးတွေပါ။ ပုဂ္ဂိုလ်ရေး တိုက်ခိုက်ချင်တဲ့သဘောမျိုးတွေလို့ ကျွန်တော် မထင်ပါဘူး။ ရန်ကုန်မှာလည်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို We Love Group ဖွဲ့ပြီး ရေးသားနေကြတာက မန္တလေးထက်တောင် ပိုကဲသေးတယ်။ ဒါပေမယ့် တရားစွဲတာမျိုး မကြားရဘူး " ဟု ၎င်းက သူ့အမြင်ကို ပြောသည်။
ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်တို့ကိုလူမှုကွန်ရက်ပေါ်တွင် We Love Group များဖွဲ့၍ ဟာသဆန်သည့် ဓာတ်ပုံနှင့် စာသားများ တွဲဖက်တင်လျှက်ရှိနေသည်။
Image may contain: 1 person, smiling, standing 
Image may contain: 4 people, people smiling, people walking, sky and outdoor 
Image may contain: 5 people, people smiling, text 
Image may contain: 2 people, people standing 
Photo - Screenshot from We Love Dauk Zaw FB Group
The Voice Journal

No comments:

Post a Comment

My Blog List