Thursday, September 19, 2019

၂၀၂၀ ျပည့္ႏွစ္ အေထြေထြ ေရြးေကာက္ပဲြတြင္ ပထမဆံုး အႀကိမ္ မဲေပးၾကမည့္ လူငယ္မ်ား ငါးသန္းခန္ ့ ရိွမည္ ဟုဆို



၂၀၂၀ ျပည့္ႏွစ္ အေထြေထြေရြးေကာက္ပဲြတြင္ ပထမဆံုး အႀကိမ္ မဲေပးၾကမည့္ လူငယ္မ်ား (First Time Youth Voter) ငါးသန္းခန္ ့ရိွမည္ ျဖစ္ေၾကာင္း ျပည္ေထာင္စုေရြးေကာက္ပဲြ ေကာ္မရွင္ ဥကၠ႒ ဦးလွသိန္းက စက္တင္ဘာ ၁၈ ရက္တြင္ ေျပာၾကားခဲ့သည္။
လူငယ္မ်ား ေရြးေကာက္ပဲြတြင္ ပါဝင္လာေစရန္ ေရြးေကာက္ပဲြဆိုင္ရာ သတင္းအခ်က္အလက္မ်ား အသိေပး ရမည္ ျဖစ္ေၾကာင္း ၊ ထို ့ေၾကာင့္ လူငယ္မ်ားနွင့္ ထိေတြ ့မႈ ရိွၿပီး ျဖစ္သည့္ Facebook ကို အသံုးျပဳၿပီး ေရြးေကာက္ပဲြ လုပ္ငန္းစဥ္မ်ားတြင္ လူငယ္မ်ား စိတ္ပါဝင္စားစြာ ႏွင့္ တက္ၾကြစြာ ပါဝင္လာေစေရး စည္းရံုး လံႈ ့ေဆာ္ ေပးရမည္ ျဖစ္ေၾကာင္း ေကာ္မရွင္ ဥကၠ႒ ဦးလွသိန္းက ေနျပည္ေတာ္၌ ျပဳလုပ္ေသာ ဆိုရွယ္မီဒီယာ အသံုးျပဳမႈဆိုင္ရာ မဟာဗ်ဴဟာနည္းလမ္းမ်ား ႏွင့္ ရံုးတြင္း အသံုးျပဳမႈ လမ္းညႊန္ သင္တန္း ဖြင့္ပြဲ အခမ္းအနားတြင္ ထည့္သြင္း ေျပာၾကားခဲ့သည္။

ျပည္ေထာင္စု ေရြးေကာက္ပဲြ ေကာ္မရွင္ အေနျဖင့္ (၂၀၁၉-၂၀၂၂) မဟာဗ်ဴဟာ စီမံကိန္း အခန္း(၅)တြင္ ေရြးေကာက္ပဲြ လုပ္ငန္းစဥ္ ႏွင့္ သက္ဆိုင္ေသာ အခ်က္အလက္မ်ား ၊ စာရြက္စာတမ္းမ်ားအား က႑စံုမွ ပါဝင္ ပတ္သက္သူမ်ား အေနျဖင့္ ျပည္ေထာင္စု ေရြးေကာက္ပဲြ ေကာ္မရွင္ Website ႏွင့္ Social Media တို ့မွ ရယူ၍ ပိုမို ထိေရာက္စြာ အသံုးျပဳႏိုင္ေရး ေဆာင္ရြက္ျခင္းကို ထည့္သြင္း ေရးဆဲြထားေၾကာင္း၊ ထို ့ေၾကာင့္ ေရြးေကာက္ပဲြ ဆိုင္ရာ အသိ ပညာေပး လုပ္ငန္းမ်ား ေဆာင္ရြက္ရာတြင္ ျပည္သူလူထုထံ သတင္း အခ်က္အလက္ အျမန္ဆံုး ေရာက္ရိွႏိုင္မည့္ Facebook ကိုလည္း အသံုးျပဳသြား ရမည္ ျဖစ္ေၾကာင္း ၎က ေျပာၾကားခဲ့သည္။
ျပည္ေထာင္စုေရြးေကာက္ပဲြေကာ္မရွင္နွင့္ International Foundation for Electoral Systems (IFES) တို ့ ပူးေပါင္း၍ ဆိုရွယ္မီဒီယာ အသံုးျပဳမႈဆိုင္ရာ မဟာဗ်ဴဟာနည္းလမ္းမ်ား ႏွင့္ ရံုးတြင္း အသံုးျပဳမႈ လမ္းညႊန္ သင္တန္းသည္ Facebook မွတစ္ဆင့္ ေရြးေကာက္ပဲြ ဆိုင္ရာ အသိပညာေပးလုပ္ငန္းမ်ား ေဆာင္ရြက္ရာတြင္ သတင္းအခ်က္ အလက္မ်ား ထိေရာက္စြာ အသံုးျပဳႏိုင္ရန္ ျပည္ေထာင္စုေရြးေကာက္ပဲြ ေကာ္မရွင္ရံုးမွ အရာထမ္းမ်ားအတြက္ မြမ္းမံသင္တန္း ျဖစ္ေၾကာင္း ျပန္ၾကားေရး ၀န္ႀကီးဌာနမွ ထုတ္ျပန္ေသာ သတင္း အရ သိရသည္။


(Xinhua)

(Unicode Version)
၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပထမဆုံး အကြိမ် မဲပေးကြမည့် လူငယ်များ ငါးသန်းခန် ့ ရှိမည် ဟုဆို

ရန်ကုန် ၊ စက်တင်ဘာ ၁၉ ရက်(ဆင်ဟွာ)
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပထမဆုံး အကြိမ် မဲပေးကြမည့် လူငယ်များ (First Time Youth Voter) ငါးသန်းခန် ့ရှိမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက စက်တင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။
လူငယ်များ ရွေးကောက်ပွဲတွင် ပါဝင်လာစေရန် ရွေးကောက်ပွဲ ဆိုင်ရာ သတင်း အချက်အလက်များ အသိပေး ရမည် ဖြစ်ကြောင်း ၊ ထို ့ကြောင့် လူငယ်များနှင့် ထိတွေ ့မှု ရှိပြီး ဖြစ်သည့် Facebook ကို အသုံးပြုပြီး ရွေးကောက်ပွဲ လုပ်ငန်းစဉ်များတွင် လူငယ်များ စိတ်ပါဝင်စားစွာ နှင့် တက်ကြွစွာ ပါဝင်လာစေရေး စည်းရုံး လှုံ ့ဆော် ပေးရမည် ဖြစ်ကြောင်း ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက နေပြည်တော်၌ ပြုလုပ်သော ဆိုရှယ်မီဒီယာ အသုံးပြုမှုဆိုင်ရာ မဟာဗျူဟာနည်းလမ်းများ နှင့် ရုံးတွင်း အသုံးပြုမှု လမ်းညွှန် သင်တန်း ဖွင့်ပွဲ အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် (၂၀၁၉-၂၀၂၂) မဟာဗျူဟာ စီမံကိန်း အခန်း(၅)တွင် ရွေးကောက်ပွဲ လုပ်ငန်းစဉ် နှင့် သက်ဆိုင်သော အချက်အလက်များ ၊ စာရွက်စာတမ်းများအား ကဏ္ဍစုံမှ ပါဝင် ပတ်သက်သူများ အနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် Website နှင့် Social Media တို ့မှ ရယူ၍ ပိုမို ထိရောက်စွာ အသုံးပြုနိုင်ရေး ဆောင်ရွက်ခြင်းကို ထည့်သွင်း ရေးဆွဲထားကြောင်း၊ ထို ့ကြောင့် ရွေးကောက်ပွဲ ဆိုင်ရာ အသိ ပညာပေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူလူထုထံ သတင်း အချက်အလက် အမြန်ဆုံး ရောက်ရှိနိုင်မည့် Facebook ကိုလည်း အသုံးပြုသွား ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် International Foundation for Electoral Systems (IFES) တို ့ ပူးပေါင်း၍ ဆိုရှယ်မီဒီယာ အသုံးပြုမှုဆိုင်ရာ မဟာဗျူဟာနည်းလမ်းများ နှင့် ရုံးတွင်း အသုံးပြုမှု လမ်းညွှန် သင်တန်းသည် Facebook မှတစ်ဆင့် ရွေးကောက်ပွဲ ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတင်းအချက် အလက်များ ထိရောက်စွာ အသုံးပြုနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးမှ အရာထမ်းများအတွက် မွမ်းမံသင်တန်း ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနမှ ထုတ်ပြန်သော သတင်း အရ သိရသည်။

(Xinhua) 


No comments:

Post a Comment

My Blog List