Friday, September 20, 2019

၂၀၁၉ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲတြင္ အေျခခံပညာေက်ာင္းမ်ားမွ ျပည္ေထာင္စုအဆင့္ ထူးခၽြန္စြာေအာင္ျမင္ခဲ့ေသာ သိပၸံဘာသာတြဲ၊ သိပၸံႏွင့္ဝိဇၨာ ေပါင္းစည္းဘာသာတြဲႏွင့္ ဝိဇၨာဘာသာတြဲမွ ထူးခၽြန္ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ထူးခၽြန္ေက်ာင္းမ်ားအား ဆုခ်ီးျမႇင့္သည့္ အခမ္းအနားက်င္းပ


Image may contain: one or more people 
၂၀၁၉ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲတြင္ အေျခခံပညာေက်ာင္းမ်ားမွ ျပည္ေထာင္စုအဆင့္ ထူးခၽြန္စြာေအာင္ျမင္ခဲ့ေသာ သိပၸံဘာသာတြဲ၊ သိပၸံႏွင့္ဝိဇၨာ ေပါင္းစည္းဘာသာတြဲႏွင့္ ဝိဇၨာဘာသာတြဲမွ ထူးခၽြန္ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ထူးခၽြန္ေက်ာင္းမ်ားအား ဆုခ်ီးျမႇင့္သည့္ အခမ္းအနားကို ယေန႔နံနက္ ၉ နာရီခြဲတြင္ ေနျပည္ေတာ္ရွိ ျမန္မာအျပည္ျပည္ ဆုိင္ရာကြန္ဗင္းရွင္းဗဟိုဌာန -၂ ၌က်င္းပရာ ႏုိင္ငံေတာ္သမၼတ ဦးဝင္းျမင့္ႏွင့္ ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ တုိ႔ တက္ေရာက္၍ ဂုဏ္ျပဳဆုမ်ား ေပးအပ္ခ်ီးျမႇင့္ၾကသည္။

အခမ္းအနားသို႔ ျပည္ေထာင္စုဝန္ႀကီးမ်ားျဖစ္ၾကသည့္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ရဲေအာင္၊ ေဒါက္တာေဖျမင့္၊ ဦးမင္းသူ၊ သူရဦးေအာင္ကို၊ ဦးသန္႔စင္ေမာင္၊ ေဒါက္တာ မ်ဳိးသိမ္းႀကီး၊ ေဒါက္တာျမင့္ေထြး၊ ျပည္ေထာင္စုရာထူးဝန္အဖြဲ႕ဥကၠ႒ ဦးဝင္းသိမ္း၊ ေနျပည္ေတာ္ေကာင္စီဥကၠ႒ ေဒါက္တာမ်ဳိးေအာင္၊ ဒုတိယဝန္ႀကီးမ်ားျဖစ္ၾကသည့္ ဦးသာဦး၊ ဦးဝင္းေမာ္ထြန္း၊ ေနျပည္ေတာ္ေကာင္စီဝင္ ဦးတင္ထြန္း၊ ျပည္သူ႔လႊတ္ေတာ္ ပညာေရးျမႇင့္တင္မႈေကာ္မတီဥကၠ႒ ေဒါက္တာတင္ေအာင္၊ အမ်ဳိးသားလႊတ္ေတာ္ ပညာေရးျမႇင့္တင္မႈေကာ္မတီဥကၠ႒ ေဒၚေနာ္ျမေစး၊ အၿမဲတမ္းအတြင္းဝန္မ်ား၊ ညႊန္ၾကားေရးမွဴးခ်ဳပ္မ်ား၊ ပါေမာကၡခ်ဳပ္မ်ား၊ ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္မ်ား၊ ဒုတိယပါေမာကၡခ်ဳပ္ မ်ား၊ တုိင္းေဒသႀကီး၊ ျပည္နယ္၊ ခ႐ိုင္ႏွင့္ ၿမိဳ႕နယ္ ပညာေရးမွဴးမ်ား၊ ထူးခၽြန္ဆုရရွိေသာ ေက်ာင္းမ်ားမွ ေက်ာင္းအုပ္ဆရာ၊ ဆရာမႀကီးမ်ား၊ ထူးခၽြန္ဆုရရွိေသာေက်ာင္းသား ေက်ာင္းသူမ်ား၊ ေက်ာင္းသားမိဘမ်ား တက္ေရာက္ၾကသည္။
အခမ္းအနားကို ရန္ကုန္ပညာေရးတကၠသိုလ္ ေလ့က်င့္ေရးအထက္တန္းေက်ာင္း မွ ေက်ာင္းသား ေက်ာင္းသူမ်ားက ျမန္မာ့ေက်ာင္း သီခ်င္းျဖင့္ သီဆုိေဖ်ာ္ေျဖ ဖြင့္လွစ္ ၾကသည္။
ယင္းေနာက္ ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္က မိန္႔ခြန္းေျပာၾကားရာတြင္ "ယခု ခန္းမအတြင္းမွာ ပညာကိုတန္ဖိုးထားသူမ်ားနဲ႔အတူ ေရာက္ရွိေနရတဲ့အတြက္ အင္မတန္ ဝမ္းသာဂုဏ္ယူမိပါတယ္။ ပညာကို တန္ဖိုးထားတယ္ဆိုတာ၊ လူသားေတြရဲ႕ ဆင္ျခင္တုံ တရား၊ လူသားေတြရဲ႕ မိမိတို႔ဘဝ ပတ္ဝန္းက်င္ရဲ႕ အခက္အခဲ စိန္ေခၚမႈေတြ၊ မိမိတို႔ရဲ႕ စိတ္ပိုင္းဆိုင္ရာ၊ ႐ုပ္ပိုင္းဆိုင္ရာအားနည္းမႈ၊ ခၽြတ္ယြင္းခ်က္ေတြကို ရင္ဆိုင္ေက်ာ္လႊားႏိုင္ တဲ့ စြမ္းအားကို ယုံၾကည္ေလးစားတာပဲျဖစ္ပါတယ္။ ယေန႔ တကၠသိုလ္ဝင္စာေမးပြဲမ်ားက ထြက္ေပၚလာတဲ့ ထူးခၽြန္ေက်ာင္းသူေက်ာင္းသားမ်ားနဲ႔ ထူးခၽြန္ေက်ာင္းမ်ားကို ႏိုင္ငံေတာ္ က ဆုမ်ားခ်ီးျမႇင့္တာဟာ ဒီစြမ္းအားကို ဂုဏ္ျပဳတာပဲျဖစ္ပါတယ္။
"ကၽြန္မတို႔အစိုးရဟာ ျပည္သူေတြရဲ႕စြမ္းအားကို ယုံၾကည္အားကိုးၿပီး ျပည္ေထာင္စု ျမန္မာႏိုင္ငံေတာ္ႀကီး ၿငိမ္းခ်မ္းဖို႔၊ ဖြံ႕ၿဖိဳးတိုးတက္သာယာဖို႔ ႀကိဳးပမ္း ေနပါတယ္။ အနာဂတ္အတြက္ အထိေရာက္ဆုံး အာမခံျဖစ္တဲ့ ပညာေရးကို အထူး အေလးထားရာမွာ ေအာင္ခ်က္၊ ေအာင္မွတ္ေတြကိုသာ အာ႐ုံစိုက္ဖို႔ က်ဥ္းေျမာင္းတဲ့ အျမင္နဲ႔ မဟုတ္ဘဲ၊ ႏိုင္ငံအတြက္ ေရရွည္ေမွ်ာ္မွန္းခ်က္ေတြကို အေကာင္အထည္ေဖာ္ တဲ့ေနရာမွာ တကယ့္ကို အေထာက္အကူျဖစ္ေစမယ့္ အရည္အခ်င္းေတြ ေမြးထုတ္ေပး ဖို႔ ဦးတည္ပါတယ္။ ဒီလိုဆို ဒီကေန႔ ဘာေၾကာင့္ ထူးခၽြန္ေက်ာင္းသူ၊ ေက်ာင္းသားမ်ား၊ ထူးခၽြန္ေက်ာင္းမ်ား ကို ဆုေတြခ်ီးျမႇင့္ၿပီး ဂုဏ္ျပဳၾကတာလဲလုိ႔ ေမးႏိုင္ပါတယ္။
"ပညာေရးတိုးတက္မႈကို သုံးသပ္တဲ့အခါမွာ ေအာင္ခ်က္ေတြ၊ ေအာင္မွတ္ေတြ ဟာ ထင္ရွားတဲ့ အတိုင္းအထြာတစ္ခုပဲ ျဖစ္ပါတယ္။ ကၽြန္မတို႔ ႏိုင္ငံပညာေရး ထြန္းေတာက္ဖို႔အတြက္ ေက်ာင္းေတြရဲ႕ အားထုတ္မႈ၊ ေက်ာင္းသူ ေက်ာင္းသားေတြရဲ႕ စိတ္ပါဝင္ စားတက္ႂကြမႈ အေရးပါျခင္းကို အသိအမွတ္ျပဳျခင္းပဲျဖစ္ပါတယ္။ ေက်ာင္းမ်ား နဲ႔ ေက်ာင္းသူ၊ ေက်ာင္းသားမ်ား အရည္အခ်င္းျမင့္လာျခင္းဟာ ႏိုင္ငံရဲ႕တိုးတက္ ဖြံ႕ၿဖိဳးမႈကိုလည္း ေရာင္ျပန္ဟပ္တဲ့ သေဘာလည္း ရွိပါတယ္။ ႏိုင္ငံတစ္ႏိုင္ငံရဲ႕ ပညာေရး တိုးတက္မႈ ၫႊန္းကိန္းတစ္ရပ္ ျဖစ္ပါတယ္။
"တကၠသိုလ္ဝင္စာေမးပြဲမ်ားမွာ ဝင္ေျဖခဲ့ၾကတဲ့ ေက်ာင္းသူ၊ ေက်ာင္းသား အေရ အတြက္၊ ေအာင္ခ်က္၊ ေအာင္ႏႈန္း၊ ဂုဏ္ထူးအဆင့္နဲ႔ ေအာင္ျမင္ခဲ့ၾကတဲ့ အတိုင္းအတာ၊ ဒါေတြအားလုံးကို ေလ့လာၿပီး ကၽြန္မတို႔ႏိုင္ငံ ေလွ်ာက္လွမ္းေနတဲ့ ပညာလမ္း အေျခ အေနကို သုံးသပ္ၾကပါတယ္။ ဒါသာမက ဘယ္ဘာသာရပ္ေတြမွာ ကၽြန္မတို႔လူငယ္ေတြ ဘယ္ဘက္မွာ အားသန္သလဲ၊ ဘယ္ဘက္မွာ အားနည္းသလဲ။ အမ်ိဳးသားေလးေတြနဲ႔ အမ်ိဳးသမီးေလးေတြ၊ ဘယ္သူေတြ ေအာင္ႏႈန္း၊ ဂုဏ္ထူးရႏႈန္းေတြ ပိုမ်ားသလဲ။ ထူးခၽြန္ ေက်ာင္းသူ ေက်ာင္းသားေတြက ဘယ္လိုေက်ာင္းေတြကလဲ စတဲ့ အခ်က္အလက္ေတြ ကို ေလ့လာၿပီး ကၽြန္မတို႔ႏိုင္ငံရဲ႕ လူမႈေရးအေျခအေနေတြကို မွန္းဆလို႔ ရပါတယ္။ ကၽြန္မ မၾကာခဏေျပာပါတယ္။ ေယာက်ၤားေလးမ်ားဟာ မိန္းကေလးမ်ား ေလာက္ ေက်ာင္းမွာမထူးခၽြန္ခဲ့တာဟာ နည္းနည္းၾကာလာပါၿပီ။ ဒါဟာ ကၽြန္မတို႔ အတြက္ စိုးရိမ္စရာတစ္ခုျဖစ္ပါတယ္။ ကၽြန္မတို႔ရဲ႕ လူ႔အသိုင္းအဝိုင္းမွာဆိုရင္ အမ်ဴိးသား ေတြေရာ၊ အမ်ဳိးသမီးေတြေရာ အားလံုးတန္းတူညီတူ တိုးတက္ေစခ်င္တယ္။ ဖြံ႕ၿဖိဳးေစ ခ်င္ပါတယ္။ ဒါေၾကာင့္ ကၽြန္မတို႔က ေက်ာင္းသူ ေက်ာင္းသားေတြထဲမွာ ဘယ္သူေတြက ပိုၿပီး ထူးထူးခၽြန္ခၽြန္ရွိသလဲ၊ ဘယ္သူေတြက ပညာေရးမွာ စိတ္ပါ၀င္စားမႈရွိသလဲ ဆိုတာ ကိုလည္း အထူးအေလးထားၿပီးေလ့လာတာ ျဖစ္ပါတယ္။
"တကၠသိုလ္ဝင္ စာေမးပြဲေတြရဲ႕ အေရးပါမႈဟာ လူမႈေရးသာမက၊ စီးပြားေရး၊ ႏိုင္ငံေရးတို႔နဲ႔လည္း ဆက္ႏြယ္ေနပါတယ္။ ကေလးမ်ား အသက္(၅) ႏွစ္မွစၿပီး ေက်ာင္း တက္ပညာရွာၾကရတဲ့ အေၾကာင္းရင္းကေတာ့ ေနာင္အနာဂတ္ လူႀကီးျဖစ္လာတဲ့အခါ ကိုယ့္အားကိုယ္ကိုးၿပီး ကိုယ့္ဘဝကိုရပ္တည္ႏိုင္ဖို႔ပါပဲ။ တစ္နည္းေျပာရရင္ ကိုယ့္ဝမ္းစာ ကိုယ္ ရွာ ႏိုင္ဖို႔ပဲျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေက်ာင္းမ်ားက သင္ေပးလိုက္တဲ့ ပညာေတြဟာ ႏိုင္ငံရဲ႕ လူမႈေရး၊ စီးပြားေရး အေနအထား လိုအပ္ခ်က္ေတြနဲ႔ ကိုက္ညီဖို႔ အေရးႀကီး ပါတယ္။ ဒီအေနအထား၊ လိုအပ္ခ်က္ေတြနဲ႔ ကိုက္ညီေအာင္ ကၽြန္မတို႔ အမ်ိဳးသားေရး ပညာမဟာဗ်ဴဟာစီမံကိန္းကို ေရးဆြဲထားတာျဖစ္ပါတယ္။ စီမံကိန္း အေကာင္အထည္ ေဖာ္မႈ ဘယ္အတိုင္းအတာအထိ ေအာင္ျမင္လဲဆိုတာ သုံးသပ္တဲ့အခါ တကၠသိုလ္ဝင္ စာေမးပြဲမ်ား ရလဒ္ေတြကို ထည့္သြင္းစဥ္းစားရပါတယ္။
"ယခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲ ရလဒ္ေတြကို ေလ့လာရာမွာ အခ်က္အခ်ိဳ႕ကို သတိျပဳမိပါတယ္။ စာေမးပြဲေျဖဆိုသူမ်ားလာေပမဲ့ ေအာင္ႏႈန္း မတက္ေသးတာ၊ တိုင္း ေဒသႀကီးနဲ႔ ျပည္နယ္ေတြအၾကား ေအာင္ႏႈန္းကြာျခားမႈေတြရွိေနတာ၊ ေက်ာင္းသူ၊ ေက်ာင္းသားမ်ား သိပၸံ၊ သခ်ၤာဘာသာရပ္မ်ားမွာ အားေကာင္းလာတာ၊ အမ်ိဳးသား မ်ားသိပၸံ၊ သခ်ၤာဘာသာရပ္မ်ားမွာ ယခင္ႏွစ္မ်ားနဲ႔ ႏႈိင္းယွဥ္လိုက္ရင္ သိသာစြာ ထူးခၽြန္ လာတာ၊ ထူးခၽြန္ေက်ာင္းသူ၊ ေက်ာင္းသားအမ်ားက ပုဂၢလိကေက်ာင္းမ်ားက ျဖစ္ေနတာ စသျဖင့္ ေက်နပ္စရာေလးမ်ား ရွိသလို၊ ျပဳျပင္စရာေတြလည္း အေတာ္မ်ားေနေသး တာကို ေတြ႕ရပါတယ္။
"ႀကိဳးစားအားထုတ္လို႔ ထူးခၽြန္စြာေအာင္ျမင္ခဲ့တဲ့ ေက်ာင္းသူ၊ ေက်ာင္းသားေတြ၊ ဘယ္ေက်ာင္းကပဲျဖစ္ျဖစ္ ဆုခ်ီးျမႇင့္ဂုဏ္ျပဳရတာ ႏိုင္ငံအတြက္ ပီတိျဖစ္စရာပါပဲ။ ဒါေပမယ့္လည္း အစိုးရေက်ာင္းမ်ားက ထူးခၽြန္ ေက်ာင္းသူေက်ာင္းသားမ်ား ပိုမို ေမြးထုတ္တာကို ျမင္ခ်င္ပါတယ္။ ဒီလိုေျပာရျခင္းဟာ ပုဂၢလိကေက်ာင္းေတြကို မလို လားလို႔ မဟုတ္ပါဘူး။ ကၽြန္မကိုယ္တိုင္ ပုဂၢလိကေက်ာင္းေတြမွာ ပညာသင္ခဲ့တာပါ။ ပုဂၢလိကေက်ာင္းေတြရဲ႕က႑ကို အသိအမွတ္ျပဳ တန္ဖိုးထားပါတယ္။ ဒါေပမယ့္ ႏိုင္ငံရဲ႕ အနာဂတ္၊ လူမႈေရး၊ ႏိုင္ငံေရး ေကာင္းမြန္တည္ၿငိမ္ဖို႔အတြက္ လိုအပ္ခ်က္အေနနဲ႔ အမ်ား တက္ၾကတဲ့ အစိုးရေက်ာင္းမ်ား အရည္အေသြးျမင့္မားၿပီး ထူးခၽြန္ေက်ာင္းသူ၊ ေက်ာင္းသားမ်ား ေမြးထုတ္ႏိုင္စြမ္းအား ေကာင္းတာကို ျမင္ခ်င္တာျဖစ္ပါတယ္။ အေကာင္းဆုံး ပညာသင္ၾကားေရးကို အမ်ားရရွိႏိုင္တဲ့ စနစ္ရွိျခင္းဟာ ႏိုင္ငံရဲ႕ တိုးတက္မႈနဲ႔ ေအးခ်မ္းတည္ၿငိမ္မႈကို အားေပးပါတယ္။ မိသားစုရဲ႕ ဓနအင္အား မ်ားသည္ နည္းသည္ျဖစ္ေစ၊ ထက္ျမက္တဲ့ကေလးမ်ား ထူးခၽြန္ႏိုင္ဖို႔အတြက္ အခြင့္အေရး အျပည့္အဝ ေပးျခင္းျဖင့္ ႏိုင္ငံရဲ႕ငုပ္ေနတဲ့စြမ္းအားေတြ ဖူးပြင့္ေဝဆာလာႏိုင္မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ထူးခၽြန္ေက်ာင္းသူ ေက်ာင္းသားမ်ားကို ဂုဏ္ျပဳျခင္းနဲ႔အတူ ထူးခၽြန္ႏိုင္ငံေတာ္ ေက်ာင္းမ်ားကိုလည္း ဂုဏ္ျပဳတာျဖစ္ပါတယ္။
"ေက်ာင္းမ်ားထူးခၽြန္ဖို႔ရာ အစိုးရတစ္ခုတည္းက ေဆာင္႐ြက္႐ုံနဲ႔ မလံုေလာက္ ပါဘူး။ ဆရာမိဘမ်ား၊ ပညာေရးကိုအားေပးဖို႔ စိတ္အားထက္သန္တဲ့ ျပည္သူ ျပည္ သားမ်ား၊ ႏိုင္ငံ့မိတ္ေဆြမ်ားအားလုံးရဲ႕ အကူအညီလိုအပ္ပါတယ္။ ဖြံ႕ၿဖိဳးစႏိုင္ငံ တစ္ႏိုင္ငံ ရဲ႕ အခက္အခဲ အကန္႔အသတ္ေတြၾကားက ေက်ာင္းမ်ား အရည္အခ်င္းျမႇင့္တင္ဖို႔ ႀကိဳးစားရာမွာ ပထမဦးဆုံး ဆရာ၊ ဆရာမမ်ားရဲ႕ ေစတနာနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈဟာ အင္မတန္ အေရးႀကီးပါတယ္။ မခ်မ္းသာတဲ့ ေတာက ေက်ာင္းေလးေတြမွာ ေတာင္မွ ဆရာ၊ ဆရာမမ်ားရဲ႕ စိတ္ေစတနာက ေပါက္ဖြားလာတဲ့ ႀကံစည္တီထြင္မႈ၊ ဝီရိယ စိုက္ထုတ္မႈမ်ားေၾကာင့္ ေက်ာင္းသူ၊ေက်ာင္းသားေလးမ်ား ေပ်ာ္႐ႊင္စြာ ပညာသင္ယူၿပီး ထူးခၽြန္ေျပာင္ေျမာက္လာတာေတြကို ေတြ႕ရွိရပါတယ္။
"ကၽြန္မတို႔ေခတ္မွာ မိဘေတြအတြက္ ေငြေၾကးဝန္ထုပ္ဝန္ပိုးျဖစ္ေစတဲ့ က်ဴရွင္စနစ္ ပေပ်ာက္ေရးကို အစိုးရက ႀကိဳးပမ္းေနပါတယ္။ ဒါကိုဝင္ေငြေပါက္ ပိတ္တယ္ဆိုၿပီး မႏွစ္ၿမိဳ႕တဲ့ ဆရာ၊ဆရာမမ်ား ရွိေနတယ္ဆိုတာ ၾကားရ၊ သိရတဲ့အခါ ႏိုင္ငံအတြက္ အင္မတန္မွ စိတ္မေကာင္း ျဖစ္ရပါတယ္။ ဒီလိုစိတ္ထားေတြကို ပယ္ဖ်က္ၿပီး၊ တစ္ႏိုင္ငံလုံး လင္းထိန္လာေစမယ့္ ပညာေရာင္ကို ထုတ္ေဝေပးခ်င္တဲ့ စိတ္ဓာတ္နဲ႔ တာဝန္ေက် သည္ထက္ လြန္ေအာင္ ေဆာင္႐ြက္ေပးၾကပါလုိ႔ ဆရာ၊ဆရာမ အားလုံးကို ေမတၱာရပ္ခံ ခ်င္ပါတယ္။ ဒီလို ဆရာ၊ဆရာမမ်ားရဲ႕ ႀကိဳးပမ္းမႈေတြကို ဝိုင္းဝန္းကူညီေပးၾကဖို႔လည္း ေက်ာင္းသားမိဘ၊ ရပ္မိရပ္ဘမ်ားကိုလည္း ေမတၱာရပ္ခံခ်င္ပါတယ္။
"ေက်ာင္းသားေတြလို႔ ေျပာတဲ့ေနရာမွာ ေစာေစာကေျပာသလိုပဲ ထူးခၽြန္ ေက်ာင္းသား ေက်ာင္းသူမ်ား ေမြးထုတ္လိုက္႐ံုတင္ မဟုတ္ပါဘူး။ တကယ့္ ေက်ာင္းေကာင္း တစ္ေက်ာင္းဆိုတာဟာ ေက်ာင္းသူ ေက်ာင္းသားမ်ား ပညာသင္ခ်င္တဲ့ စိတ္ျဖစ္ေအာင္ လုပ္ေပးတဲ့ေက်ာင္းပဲ ျဖစ္ပါတယ္။ ပညာသင္ယူယံုနဲ႔ မလံုေလာက္ ပါဘူး။ ပညာရွာခ်င္တဲ့စိတ္ေတြ အင္မတန္မွ စြမ္းအားတက္လာ ဖို႔ဟာလည္း အေရးႀကီး ပါတယ္။ ဒါေၾကာင့္ ကၽြန္မတို႔ေက်ာင္းေတြမွာ အစုအဖြဲ႕နဲ႔လုပ္ျခင္း ဆိုတာကို ကၽြန္မတို႔ အားေပးပါတယ္။ အစုအဖြဲ႕နဲ႔ အတူတူလုပ္ျခင္း၊ ေနျခင္းဟာ ဘာကိုသင္ေပးသလဲ ဆိုေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္စာနာဖို႔၊ ေစတနာထားဖို႔တင္မက ရံႈးတဲ့အခါမွာ အိေျႏၵ ရရရံႈးတတ္ဖို႔၊ ႏိုင္တဲ့အခါမွာ သိကၡာရွိရွိနဲ႔ ႏိုင္တတ္ဖို႔ မွ်ေ၀ရမယ့္ အခါမွာ သတၱိရွိရွိ ေစတနာရွိရွိနဲ႔ မွ်ေ၀ႏိုင္ဖို႔၊ ဒီဟာေတြကို ကၽြန္မတို႔ သင္ေပးဖို႔ ႀကိဳးစားရပါတယ္။
"ကၽြန္မတို႔ေက်ာင္းသူ ေက်ာင္းသားေလးမ်ားဟာ ေနာင္က်ရင္ ကၽြန္မတို႔ ႏိုင္ငံ အတြက္သာမဟုတ္ တစ္ကမၻာလံုးအတြက္ တန္ဖိုးရွိတဲ့ လူႀကီးမ်ားျဖစ္လာ ေစခ်င္ပါ တယ္။ ဒါေၾကာင့္ ေက်ာင္းေကာင္းေတြထူေထာင္ဖို႔ ေက်ာင္းသူ ေက်ာင္းသား မ်ားတင္ မက ဆရာ ဆရာမမ်ား၊ မိဘမ်ားအားလံုးကို ဝိုင္း၀န္းၿပီးေတာ့ ကူညီေစခ်င္ပါ တယ္။ ဆရာ ဆရာမမ်ားကို ကၽြန္မထပ္ၿပီးေတာ့ ေမတၱာရပ္ခံခ်င္ပါတယ္။ ေစတနာနဲ႔ သင္ေပး ပါ။ ႏိုင္ငံ့အတြက္ သင္ေပးပါ။ ကိုယ္တစ္ေယာက္တည္းအတြက္ မလုပ္ပါနဲ႔ ေက်ာင္းသူ ေက်ာင္းသားမ်ားအတြက္လုပ္ပါ။ ကၽြန္မတို႔ လူသားမ်ားအတြက္လုပ္ပါ။ ဒီလိုစိတ္ေတြ ထားမွ ကၽြန္မတို႔ႏိုင္ငံတိုးတက္ၿပီးေတာ့ ကၽြန္မတို႔ကမၻာႀကီးဟာလည္း ၿငိမ္းခ်မ္းသာယာ ႏိုင္မွာ ျဖစ္ပါတယ္။
နိဂုံးခ်ဳပ္အေနနဲ႔ ထူးခၽြန္ေက်ာင္းမ်ား၊ ထူးခၽြန္ေက်ာင္းသားမ်ားနဲ႔အတူ ထူးခၽြန္စာရင္းမွာ မပါဝင္ခဲ့တဲ့ ေက်ာင္းသားအမ်ားစု၊ ေက်ာင္းအမ်ားစုအတြက္ စကားပါးခ်င္ပါတယ္။ ထူးခၽြန္ျခင္းရဲ႕ အႏွစ္သာရဟာ အမ်ားအက်ိဳးသယ္ပိုးႏိုင္တဲ့ အင္အားသတၱိျဖစ္ပါတယ္။ ထူးခၽြန္မႈကို မွန္ကန္စြာသုံးမွသာ တန္ဖိုးရွိမွာပါ။ ကိုယ္ရဲ႕အရည္အခ်င္း၊ စြမ္းအား ေတြကို အမ်ားအက်ိဳး၊ ကိုယ့္အက်ိဳး အျခားအက်ိဳး ႏွစ္မ်ိဳးလုံးအတြက္ မွန္ကန္စြာ သုံးႏိုင္ျခင္းဟာ အမွန္တကယ္ ထူးခၽြန္ျခင္းျဖစ္ပါတယ္။ ကၽြန္မတို႔ တစ္ဦးခ်င္း၊ တစ္ဦးခ်င္း၊ ထူးခၽြန္ျပည္သူျပည္သားမ်ား၊ ထူးခၽြန္ကမၻာသူ ကမၻာသားမ်ားျဖစ္ႏိုင္တဲ့ သေႏၶရွိၾက ပါတယ္။ ထူးခၽြန္ေအာင္ ေနၾကပါစို႔လို႔ ကၽြန္မအေနနဲ႔တိုက္တြန္း ခ်င္ပါတယ္”ဟု ေျပာၾကား သည္။
ထုိ႔ေနာက္ ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမ်ဳိးသိမ္းႀကီးက ပညာေရးက႑ဆုိင္ရာ အခ်က္အလက္မ်ား၊ ၂၀၁၉ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲတြင္ အေျခခံပညာေက်ာင္းမ်ားမွ ျပည္ေထာင္စုအဆင့္ ထူးခၽြန္စြာေအာင္ျမင္ခဲ့ေသာ ေက်ာင္း သား၊ ေက်ာင္းသူမ်ားႏွင့္ ထူးခၽြန္ေက်ာင္းမ်ားအား ဆုခ်ီးျမႇင့္ျခင္းႏွင့္စပ္လ်ဥ္း၍ ရွင္းလင္း တင္ျပသည္။
ယင္းေနာက္ ႏုိင္ငံေတာ္သမၼတ ဦး၀င္းျမင့္က ၂၀၁၉ ခုႏွစ္ တကၠသိုလ္ဝင္ စာေမးပြဲတြင္ အေျခခံပညာေက်ာင္းမ်ားမွ ျပည္ေထာင္စုအဆင့္ ေအာင္ခ်က္အေကာင္း ဆံုး ပထမဆု ရရွိသည့္ ရန္ကုန္ပညာေရးတကၠသိုလ္ ေလ့က်င့္ေရးအထက္တန္းေက်ာင္း (ကမာရြတ္) ႏွင့္ ေအာင္ခ်က္အေကာင္းဆံုး ဒုတိယဆုရရွိသည့္ ရန္ကုန္တုိင္းေဒသႀကီး စမ္းေခ်ာင္းၿမိဳ႕နယ္ အမွတ္(၂) အေျခခံပညာအထက္တန္းေက်ာင္းတုိ႔အား ဂုဏ္ျပဳဆုမ်ား ေပးအပ္ ခ်ီးျမႇင့္ရာ ေက်ာင္းအုပ္ႀကီးႏွင့္ တာဝန္ခံေက်ာင္းအုပ္ႀကီးတုိ႔က လက္ခံရယူ ၾကသည္။
ဆက္လက္၍ ႏိုင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ က အေျခခံ ပညာဦးစီးဌာနမွ ဖြင့္လွစ္သည့္ ေက်ာင္းမ်ားမွ ၂၀၁၉ ခုႏွစ္ တကၠသိုလ္ဝင္ စာေမးပြဲ (သိပၸံဘာသာတြဲ)တြင္ ရမွတ္ အမ်ားဆံုးျဖင့္ ထူးခၽြန္စြာေအာင္ျမင္ခဲ့ေသာ ရန္ကုန္တုိင္း ေဒသႀကီး အလံုၿမိဳ႕နယ္ အမွတ္(၄) အေျခခံပညာ အထက္တန္းေက်ာင္းမွ ေမာင္ေက်ာ္လင္းသန္း၊ (သိပၸံႏွင့္ဝိဇၨာ ေပါင္းစည္းဘာသာတြဲ)တြင္ ရမွတ္အမ်ားဆံုးျဖင့္ ထူးခၽြန္စြာေအာင္ျမင္ခဲ့ေသာ ကခ်င္ျပည္နယ္ မိုးညႇင္းၿမိဳ႕နယ္ အေျခခံပညာ အထက္တန္းေက်ာင္း(ဟိုပင္)မွ ေမာင္မ်ဳိးမင္းေအာင္၊ (ဝိဇၨာဘာသာတြဲ)တြင္ ရမွတ္အမ်ားဆံုးျဖင့္ ထူးခၽြန္စြာေအာင္ျမင္ခဲ့ေသာ ဧရာဝတီတုိင္းေဒသႀကီး က်ဳံေပ်ာ္ၿမိဳ႕နယ္ အေျခခံပညာ အထက္တန္းေက်ာင္း (ေတာက္တဲ့႐ိုး)မွ မသဇင္ဝင္း တုိ႔ကို ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား ခ်ီးျမႇင့္ေပးအပ္သည္။
ထုိ႔ေနာက္ ႏုိင္ငံေတာ္သမၼတ၊ ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္၊ ျပည္ေထာင္စု ဝန္ႀကီးမ်ား၊ ျပည္ေထာင္စုရာထူးဝန္အဖြဲ႕ဥကၠ႒၊ ေနျပည္ေတာ္ေကာင္စီဥကၠ႒၊ ဒုတိယ ဝန္ႀကီးမ်ား၊ ေနျပည္ေတာ္ေကာင္စီဝင္၊ ျပည္သူ႔လႊတ္ေတာ္ႏွင့္ အမ်ဳိးသားလႊတ္ေတာ္ တို႔မွ ပညာေရးျမႇင့္တင္မႈေကာ္မတီဥကၠ႒မ်ားသည္ ထူးခၽြန္စြာေအာင္ျမင္ခဲ့ေသာ ေက်ာင္း သား၊ ေက်ာင္းသူမ်ား၊ ေအာင္ခ်က္အေကာင္းဆံုးဆုရ ေက်ာင္းမ်ားမွ ေက်ာင္းအုပ္ ဆရာ၊ ဆရာမႀကီးမ်ားႏွင့္အတူ စုေပါင္းမွတ္တမ္းတင္ဓာတ္ပံု႐ိုက္ၾကသည္။
ယင္းေနာက္ အခမ္းအနား ဒုတိယပုိင္းအစီအစဥ္တြင္ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ ဒုတိယဝန္ႀကီးမ်ား၊ ေနျပည္ေတာ္ေကာင္စီဝင္၊ ျပည္သူ႔လႊတ္ေတာ္ႏွင့္ အမ်ဳိးသား လႊတ္ေတာ္တို႔မွ ပညာေရးျမႇင့္တင္မႈ ေကာ္မတီဥကၠ႒မ်ားက ထူးခၽြန္ဆုရရွိေက်ာင္းမ်ား ႏွင့္ ေက်ာင္းသား ေက်ာင္းသူမ်ားအား ဂုဏ္ျပဳဆု မ်ားေပးအပ္ခ်ီးျမႇင့္ၾကသည္။
ယေန႔ဆုခ်ီးျမႇင့္သည့္ အခမ္းအနားတြင္ ျပည္ေထာင္စုအဆင့္ ေအာင္ခ်က္ အေကာင္းဆံုး ထူးခၽြန္ဆုရေက်ာင္း ၆၁ ေက်ာင္းႏွင့္ ျပည္ေထာင္စုအဆင့္ ထူးခၽြန္ဆုရ ေက်ာင္းသား ေက်ာင္းသူ ၁၄၂ ဦးတုိ႔ကို ဆုမ်ားေပးအပ္ခ်ီးျမႇင့္ခဲ့ေၾကာင္း သိရသည္။
Image may contain: 5 people, people smiling, people standing 
Image may contain: 4 people, people smiling, people standing 
Image may contain: 15 people, people smiling, people standing 
Image may contain: 7 people, people smiling, people standing, child and outdoor 
Image may contain: 1 person, standing, child and outdoor 
Image may contain: 1 person, smiling, standing and shoes 
Image may contain: 9 people, people smiling, people standing 
Image may contain: 10 people, wedding 
Image may contain: 3 people, people sitting and child 
 
Myanmar State Counsellor Office
Unicode Version 
၂ဝ၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အခြေခံပညာကျောင်းများမှ ပြည်ထောင်စုအဆင့် ထူးချွန်စွာအောင်မြင်ခဲ့သော သိပ္ပံဘာသာတွဲ၊ သိပ္ပံနှင့်ဝိဇ္ဇာ ပေါင်းစည်းဘာသာတွဲနှင့် ဝိဇ္ဇာဘာသာတွဲမှ ထူးချွန်ကျောင်းသား၊ ကျောင်းသူများနှင့် ထူးချွန်ကျောင်းများအား ဆုချီးမြှင့်သည့် အခမ်းအနားကျင်းပ
နေပြည်တော် စက်တင်ဘာ ၂ဝ
၂ဝ၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အခြေခံပညာကျောင်းများမှ ပြည်ထောင်စုအဆင့် ထူးချွန်စွာအောင်မြင်ခဲ့သော သိပ္ပံဘာသာတွဲ၊ သိပ္ပံနှင့်ဝိဇ္ဇာ ပေါင်းစည်းဘာသာတွဲနှင့် ဝိဇ္ဇာဘာသာတွဲမှ ထူးချွန်ကျောင်းသား၊ ကျောင်းသူများနှင့် ထူးချွန်ကျောင်းများအား ဆုချီးမြှင့်သည့် အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန -၂ ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ တက်ရောက်၍ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက်တာဖေမြင့်၊ ဦးမင်းသူ၊ သူရဦးအောင်ကို၊ ဦးသန့်စင်မောင်၊ ဒေါက်တာ မျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသိမ်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးသာဦး၊ ဦးဝင်းမော်ထွန်း၊ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင်၊ အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါ်နော်မြစေး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ် များ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် ပညာရေးမှူးများ၊ ထူးချွန်ဆုရရှိသော ကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ထူးချွန်ဆုရရှိသောကျောင်းသား ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ကြသည်။
အခမ်းအနားကို ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်း မှ ကျောင်းသား ကျောင်းသူများက မြန်မာ့ကျောင်း သီချင်းဖြင့် သီဆိုဖျော်ဖြေ ဖွင့်လှစ် ကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မိန့်ခွန်းပြောကြားရာတွင် "ယခု ခန်းမအတွင်းမှာ ပညာကိုတန်ဖိုးထားသူများနဲ့အတူ ရောက်ရှိနေရတဲ့အတွက် အင်မတန် ဝမ်းသာဂုဏ်ယူမိပါတယ်။ ပညာကို တန်ဖိုးထားတယ်ဆိုတာ၊ လူသားတွေရဲ့ ဆင်ခြင်တုံ တရား၊ လူသားတွေရဲ့ မိမိတို့ဘဝ ပတ်ဝန်းကျင်ရဲ့ အခက်အခဲ စိန်ခေါ်မှုတွေ၊ မိမိတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအားနည်းမှု၊ ချွတ်ယွင်းချက်တွေကို ရင်ဆိုင်ကျော်လွှားနိုင် တဲ့ စွမ်းအားကို ယုံကြည်လေးစားတာပဲဖြစ်ပါတယ်။ ယနေ့ တက္ကသိုလ်ဝင်စာမေးပွဲများက ထွက်ပေါ်လာတဲ့ ထူးချွန်ကျောင်းသူကျောင်းသားများနဲ့ ထူးချွန်ကျောင်းများကို နိုင်ငံတော် က ဆုများချီးမြှင့်တာဟာ ဒီစွမ်းအားကို ဂုဏ်ပြုတာပဲဖြစ်ပါတယ်။
"ကျွန်မတို့အစိုးရဟာ ပြည်သူတွေရဲ့စွမ်းအားကို ယုံကြည်အားကိုးပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းဖို့၊ ဖွံ့ဖြိုးတိုးတက်သာယာဖို့ ကြိုးပမ်းနေပါတယ်။ အနာဂတ်အတွက် အထိရောက်ဆုံး အာမခံဖြစ်တဲ့ ပညာရေးကို အထူးအလေးထားရာမှာ အောင်ချက်၊ အောင်မှတ်တွေကိုသာ အာရုံစိုက်ဖို့ ကျဉ်းမြောင်းတဲ့ အမြင်နဲ့ မဟုတ်ဘဲ၊ နိုင်ငံအတွက် ရေရှည်မျှော်မှန်းချက်တွေကို အကောင်အထည်ဖော် တဲ့နေရာမှာ တကယ့်ကို အထောက်အကူဖြစ်စေမယ့် အရည်အချင်းတွေ မွေးထုတ်ပေး ဖို့ ဦးတည်ပါတယ်။ ဒီလိုဆို ဒီကနေ့ ဘာကြောင့် ထူးချွန်ကျောင်းသူ၊ ကျောင်းသားများ၊ ထူးချွန်ကျောင်းများကို ဆုတွေချီးမြှင့်ပြီး ဂုဏ်ပြုကြတာလဲလို့ မေးနိုင်ပါတယ်။
"ပညာရေးတိုးတက်မှုကို သုံးသပ်တဲ့အခါမှာ အောင်ချက်တွေ၊ အောင်မှတ်တွေ ဟာ ထင်ရှားတဲ့ အတိုင်းအထွာတစ်ခုပဲ ဖြစ်ပါတယ်။ ကျွန်မတို့ နိုင်ငံပညာရေး ထွန်းတောက်ဖို့အတွက် ကျောင်းတွေရဲ့ အားထုတ်မှု၊ ကျောင်းသူ ကျောင်းသားတွေရဲ့ စိတ်ပါဝင် စားတက်ကြွမှု အရေးပါခြင်းကို အသိအမှတ်ပြုခြင်းပဲဖြစ်ပါတယ်။ ကျောင်းများ နဲ့ ကျောင်းသူ၊ ကျောင်းသားများ အရည်အချင်းမြင့်လာခြင်းဟာ နိုင်ငံရဲ့တိုးတက် ဖွံ့ဖြိုးမှုကိုလည်း ရောင်ပြန်ဟပ်တဲ့ သဘောလည်း ရှိပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ပညာရေး တိုးတက်မှု ညွှန်းကိန်းတစ်ရပ် ဖြစ်ပါတယ်။
"တက္ကသိုလ်ဝင်စာမေးပွဲများမှာ ဝင်ဖြေခဲ့ကြတဲ့ ကျောင်းသူ၊ ကျောင်းသား အရေအတွက်၊ အောင်ချက်၊ အောင်နှုန်း၊ ဂုဏ်ထူးအဆင့်နဲ့ အောင်မြင်ခဲ့ကြတဲ့ အတိုင်းအတာ၊ ဒါတွေအားလုံးကို လေ့လာပြီး ကျွန်မတို့နိုင်ငံ လျှောက်လှမ်းနေတဲ့ ပညာလမ်း အခြေ အနေကို သုံးသပ်ကြပါတယ်။ ဒါသာမက ဘယ်ဘာသာရပ်တွေမှာ ကျွန်မတို့လူငယ်တွေ ဘယ်ဘက်မှာ အားသန်သလဲ၊ ဘယ်ဘက်မှာ အားနည်းသလဲ။ အမျိုးသားလေးတွေနဲ့ အမျိုးသမီးလေးတွေ၊ ဘယ်သူတွေ အောင်နှုန်း၊ ဂုဏ်ထူးရနှုန်းတွေ ပိုများသလဲ။ ထူးချွန် ကျောင်းသူ ကျောင်းသားတွေက ဘယ်လိုကျောင်းတွေကလဲ စတဲ့ အချက်အလက်တွေ ကို လေ့လာပြီး ကျွန်မတို့နိုင်ငံရဲ့ လူမှုရေးအခြေအနေတွေကို မှန်းဆလို့ရပါတယ်။ ကျွန်မ မကြာခဏပြောပါတယ်။ ယောင်္ကျားလေးများဟာ မိန်းကလေးများလောက် ကျောင်းမှာ မထူးချွန်ခဲ့တာဟာ နည်းနည်းကြာလာပါပြီ။ ဒါဟာ ကျွန်မတို့အတွက် စိုးရိမ်စရာတစ်ခု ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ လူ့အသိုင်းအဝိုင်းမှာဆိုရင် အမျိုးသား တွေရော၊ အမျိုးသမီးတွေရော အားလုံးတန်းတူညီတူ တိုးတက်စေချင်တယ်။ ဖွံ့ဖြိုးစေ ချင်ပါတယ်။ ဒါကြောင့် ကျွန်မတို့က ကျောင်းသူ ကျောင်းသားတွေထဲမှာ ဘယ်သူတွေက ပိုပြီး ထူးထူးချွန်ချွန်ရှိသလဲ၊ ဘယ်သူတွေက ပညာရေးမှာ စိတ်ပါဝင်စားမှုရှိသလဲ ဆိုတာ ကိုလည်း အထူးအလေးထားပြီးလေ့လာတာ ဖြစ်ပါတယ်။
"တက္ကသိုလ်ဝင် စာမေးပွဲတွေရဲ့ အရေးပါမှုဟာ လူမှုရေးသာမက၊ စီးပွားရေး၊ နိုင်ငံရေးတို့နဲ့လည်း ဆက်နွယ်နေပါတယ်။ ကလေးများ အသက်(၅) နှစ်မှစပြီး ကျောင်း တက်ပညာရှာကြရတဲ့ အကြောင်းရင်းကတော့ နောင်အနာဂတ် လူကြီးဖြစ်လာတဲ့အခါ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ဘဝကိုရပ်တည်နိုင်ဖို့ပါပဲ။ တစ်နည်းပြောရရင် ကိုယ့်ဝမ်းစာ ကိုယ်ရှာနိုင်ဖို့ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ကျောင်းများက သင်ပေးလိုက်တဲ့ ပညာတွေဟာ နိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေး အနေအထား လိုအပ်ချက်တွေနဲ့ ကိုက်ညီဖို့ အရေးကြီး ပါတယ်။ ဒီအနေအထား၊ လိုအပ်ချက်တွေနဲ့ ကိုက်ညီအောင် ကျွန်မတို့ အမျိုးသားရေး ပညာမဟာဗျူဟာစီမံကိန်းကို ရေးဆွဲထားတာဖြစ်ပါတယ်။ စီမံကိန်း အကောင်အထည် ဖော်မှု ဘယ်အတိုင်းအတာအထိ အောင်မြင်လဲဆိုတာ သုံးသပ်တဲ့အခါ တက္ကသိုလ်ဝင် စာမေးပွဲများ ရလဒ်တွေကို ထည့်သွင်းစဉ်းစားရပါတယ်။
"ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရလဒ်တွေကို လေ့လာရာမှာ အချက်အချို့ကို သတိပြုမိပါတယ်။ စာမေးပွဲဖြေဆိုသူများလာပေမဲ့ အောင်နှုန်း မတက်သေးတာ၊ တိုင်း ဒေသကြီးနဲ့ ပြည်နယ်တွေအကြား အောင်နှုန်းကွာခြားမှုတွေရှိနေတာ၊ ကျောင်းသူ၊ ကျောင်းသားများ သိပ္ပံ၊ သင်္ချာဘာသာရပ်များမှာ အားကောင်းလာတာ၊ အမျိုးသား များသိပ္ပံ၊ သင်္ချာဘာသာရပ်များမှာ ယခင်နှစ်များနဲ့ နှိုင်းယှဉ်လိုက်ရင် သိသာစွာ ထူးချွန်လာတာ၊ ထူးချွန်ကျောင်းသူ၊ ကျောင်းသားအများက ပုဂ္ဂလိကကျောင်းများက ဖြစ်နေတာ စသဖြင့် ကျေနပ်စရာလေးများ ရှိသလို၊ ပြုပြင်စရာတွေလည်း အတော်များနေသေးတာကို တွေ့ရပါတယ်။
"ကြိုးစားအားထုတ်လို့ ထူးချွန်စွာအောင်မြင်ခဲ့တဲ့ ကျောင်းသူ၊ ကျောင်းသားတွေ၊ ဘယ်ကျောင်းကပဲဖြစ်ဖြစ် ဆုချီးမြှင့်ဂုဏ်ပြုရတာ နိုင်ငံအတွက် ပီတိဖြစ်စရာပါပဲ။ ဒါပေမယ့်လည်း အစိုးရကျောင်းများက ထူးချွန် ကျောင်းသူကျောင်းသားများ ပိုမို မွေးထုတ်တာကို မြင်ချင်ပါတယ်။ ဒီလိုပြောရခြင်းဟာ ပုဂ္ဂလိကကျောင်းတွေကို မလို လားလို့ မဟုတ်ပါဘူး။ ကျွန်မကိုယ်တိုင် ပုဂ္ဂလိကကျောင်းတွေမှာ ပညာသင်ခဲ့တာပါ။ ပုဂ္ဂလိကကျောင်းတွေရဲ့ကဏ္ဍကို အသိအမှတ်ပြု တန်ဖိုးထားပါတယ်။ ဒါပေမယ့် နိုင်ငံရဲ့ အနာဂတ်၊ လူမှုရေး၊ နိုင်ငံရေး ကောင်းမွန်တည်ငြိမ်ဖို့အတွက် လိုအပ်ချက်အနေနဲ့ အများ တက်ကြတဲ့ အစိုးရကျောင်းများ အရည်အသွေးမြင့်မားပြီး ထူးချွန်ကျောင်းသူ၊ ကျောင်းသားများ မွေးထုတ်နိုင်စွမ်းအား ကောင်းတာကို မြင်ချင်တာဖြစ်ပါတယ်။ အကောင်းဆုံး ပညာသင်ကြားရေးကို အများရရှိနိုင်တဲ့ စနစ်ရှိခြင်းဟာ နိုင်ငံရဲ့ တိုးတက်မှုနဲ့ အေးချမ်းတည်ငြိမ်မှုကို အားပေးပါတယ်။ မိသားစုရဲ့ ဓနအင်အားများသည် နည်းသည်ဖြစ်စေ၊ ထက်မြက်တဲ့ကလေးများ ထူးချွန်နိုင်ဖို့အတွက် အခွင့်အရေး အပြည့်အဝ ပေးခြင်းဖြင့် နိုင်ငံရဲ့ငုပ်နေတဲ့စွမ်းအားတွေ ဖူးပွင့်ဝေဆာလာနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ထူးချွန်ကျောင်းသူ ကျောင်းသားများကို ဂုဏ်ပြုခြင်းနဲ့အတူ ထူးချွန်နိုင်ငံတော် ကျောင်းများကိုလည်း ဂုဏ်ပြုတာဖြစ်ပါတယ်။
"ကျောင်းများထူးချွန်ဖို့ရာ အစိုးရတစ်ခုတည်းက ဆောင်ရွက်ရုံနဲ့ မလုံလောက် ပါဘူး။ ဆရာမိဘများ၊ ပညာရေးကိုအားပေးဖို့ စိတ်အားထက်သန်တဲ့ ပြည်သူ ပြည် သားများ၊ နိုင်ငံ့မိတ်ဆွေများအားလုံးရဲ့ အကူအညီလိုအပ်ပါတယ်။ ဖွံ့ဖြိုးစနိုင်ငံ တစ်နိုင်ငံ ရဲ့ အခက်အခဲ အကန့်အသတ်တွေကြားက ကျောင်းများ အရည်အချင်းမြှင့်တင်ဖို့ ကြိုးစားရာမှာ ပထမဦးဆုံး ဆရာ၊ ဆရာမများရဲ့ စေတနာနဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အင်မတန် အရေးကြီးပါတယ်။ မချမ်းသာတဲ့ တောက ကျောင်းလေးတွေမှာ တောင်မှ ဆရာ၊ ဆရာမများရဲ့ စိတ်စေတနာက ပေါက်ဖွားလာတဲ့ ကြံစည်တီထွင်မှု၊ ဝီရိယ စိုက်ထုတ်မှု များကြောင့် ကျောင်းသူ၊ကျောင်းသားလေးများ ပျော်ရွှင်စွာ ပညာသင်ယူပြီး ထူးချွန်ပြောင်မြောက်လာတာတွေကို တွေ့ရှိရပါတယ်။
"ကျွန်မတို့ခေတ်မှာ မိဘတွေအတွက် ငွေကြေးဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ ကျူရှင်စနစ် ပပျောက်ရေးကို အစိုးရက ကြိုးပမ်းနေပါတယ်။ ဒါကိုဝင်ငွေပေါက် ပိတ်တယ်ဆိုပြီး မနှစ်မြို့တဲ့ ဆရာ၊ဆရာမများ ရှိနေတယ်ဆိုတာ ကြားရ၊ သိရတဲ့အခါ နိုင်ငံအတွက် အင်မတန်မှ စိတ်မကောင်း ဖြစ်ရပါတယ်။ ဒီလိုစိတ်ထားတွေကို ပယ်ဖျက်ပြီး၊ တစ်နိုင်ငံလုံး လင်းထိန်လာစေမယ့် ပညာရောင်ကို ထုတ်ဝေပေးချင်တဲ့ စိတ်ဓာတ်နဲ့ တာဝန်ကျေ သည်ထက် လွန်အောင် ဆောင်ရွက်ပေးကြပါလို့ ဆရာ၊ဆရာမ အားလုံးကို မေတ္တာရပ်ခံ ချင်ပါတယ်။ ဒီလို ဆရာ၊ဆရာမများရဲ့ ကြိုးပမ်းမှုတွေကို ဝိုင်းဝန်းကူညီပေးကြဖို့လည်း ကျောင်းသားမိဘ၊ ရပ်မိရပ်ဘများကိုလည်း မေတ္တာရပ်ခံချင်ပါတယ်။
"ကျောင်းသားတွေလို့ ပြောတဲ့နေရာမှာ စောစောကပြောသလိုပဲ ထူးချွန် ကျောင်းသား ကျောင်းသူများ မွေးထုတ်လိုက်ရုံတင် မဟုတ်ပါဘူး။ တကယ့် ကျောင်းကောင်း တစ်ကျောင်းဆိုတာဟာ ကျောင်းသူ ကျောင်းသားများ ပညာသင်ချင်တဲ့ စိတ်ဖြစ်အောင် လုပ်ပေးတဲ့ကျောင်းပဲ ဖြစ်ပါတယ်။ ပညာသင်ယူယုံနဲ့ မလုံလောက် ပါဘူး။ ပညာရှာချင်တဲ့စိတ်တွေ အင်မတန်မှ စွမ်းအားတက်လာ ဖို့ဟာလည်း အရေးကြီး ပါတယ်။ ဒါကြောင့် ကျွန်မတို့ကျောင်းတွေမှာ အစုအဖွဲ့နဲ့လုပ်ခြင်း ဆိုတာကို ကျွန်မတို့ အားပေးပါတယ်။ အစုအဖွဲ့နဲ့ အတူတူလုပ်ခြင်း၊ နေခြင်းဟာ ဘာကိုသင်ပေးသလဲ ဆိုတော့ တစ်ယောက်နဲ့တစ်ယောက်စာနာဖို့၊ စေတနာထားဖို့တင်မက ရှုံးတဲ့အခါမှာ အိန္ဒြေ ရရရှုံးတတ်ဖို့၊ နိုင်တဲ့အခါမှာ သိက္ခာရှိရှိနဲ့ နိုင်တတ်ဖို့ မျှေဝရမယ့် အခါမှာ သတ္တိရှိရှိ စေတနာရှိရှိနဲ့ မျှေဝနိုင်ဖို့၊ ဒီဟာတွေကို ကျွန်မတို့ သင်ပေးဖို့ ကြိုးစားရပါတယ်။
"ကျွန်မတို့ကျောင်းသူ ကျောင်းသားလေးများဟာ နောင်ကျရင် ကျွန်မတို့ နိုင်ငံ အတွက်သာမဟုတ် တစ်ကမ္ဘာလုံးအတွက် တန်ဖိုးရှိတဲ့ လူကြီးများဖြစ်လာ စေချင်ပါ တယ်။ ဒါကြောင့် ကျောင်းကောင်းတွေထူထောင်ဖို့ ကျောင်းသူ ကျောင်းသား များတင် မက ဆရာ ဆရာမများ၊ မိဘများအားလုံးကို ဝိုင်းဝန်းပြီးတော့ ကူညီစေချင်ပါ တယ်။ ဆရာ ဆရာမများကို ကျွန်မထပ်ပြီးတော့ မေတ္တာရပ်ခံချင်ပါတယ်။ စေတနာနဲ့ သင်ပေး ပါ။ နိုင်ငံ့အတွက် သင်ပေးပါ။ ကိုယ်တစ်ယောက်တည်းအတွက် မလုပ်ပါနဲ့ ကျောင်းသူ ကျောင်းသားများအတွက်လုပ်ပါ။ ကျွန်မတို့ လူသားများအတွက်လုပ်ပါ။ ဒီလိုစိတ်တွေ ထားမှ ကျွန်မတို့နိုင်ငံတိုးတက်ပြီးတော့ ကျွန်မတို့ကမ္ဘာကြီးဟာလည်း ငြိမ်းချမ်းသာယာ နိုင်မှာ ဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ထူးချွန်ကျောင်းများ၊ ထူးချွန်ကျောင်းသားများနဲ့အတူ ထူးချွန်စာရင်းမှာ မပါဝင်ခဲ့တဲ့ ကျောင်းသားအများစု၊ ကျောင်းအများစုအတွက် စကားပါးချင်ပါတယ်။ ထူးချွန်ခြင်းရဲ့ အနှစ်သာရဟာ အများအကျိုးသယ်ပိုးနိုင်တဲ့ အင်အားသတ္တိဖြစ်ပါတယ်။ ထူးချွန်မှုကို မှန်ကန်စွာသုံးမှသာ တန်ဖိုးရှိမှာပါ။ ကိုယ်ရဲ့အရည်အချင်း၊ စွမ်းအား တွေကို အများအကျိုး၊ ကိုယ့်အကျိုး အခြားအကျိုး နှစ်မျိုးလုံးအတွက် မှန်ကန်စွာ သုံးနိုင်ခြင်းဟာ အမှန်တကယ် ထူးချွန်ခြင်းဖြစ်ပါတယ်။ ကျွန်မတို့ တစ်ဦးချင်း၊ တစ်ဦးချင်း၊ ထူးချွန်ပြည်သူပြည်သားများ၊ ထူးချွန်ကမ္ဘာသူ ကမ္ဘာသားများဖြစ်နိုင်တဲ့ သန္ဓေရှိကြ ပါတယ်။ ထူးချွန်အောင် နေကြပါစို့လို့ ကျွန်မအနေနဲ့တိုက်တွန်း ချင်ပါတယ်”ဟု ပြောကြား သည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးကဏ္ဍဆိုင်ရာ အချက်အလက်များ၊ ၂ဝ၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အခြေခံပညာကျောင်းများမှ ပြည်ထောင်စုအဆင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်း သား၊ ကျောင်းသူများနှင့် ထူးချွန်ကျောင်းများအား ဆုချီးမြှင့်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ၂ဝ၁၉ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် အခြေခံပညာကျောင်းများမှ ပြည်ထောင်စုအဆင့် အောင်ချက်အကောင်း ဆုံး ပထမဆု ရရှိသည့် ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်း (ကမာရွတ်) နှင့် အောင်ချက်အကောင်းဆုံး ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတို့အား ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်ရာ ကျောင်းအုပ်ကြီးနှင့် တာဝန်ခံကျောင်းအုပ်ကြီးတို့က လက်ခံရယူ ကြသည်။
ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် က အခြေခံ ပညာဦးစီးဌာနမှ ဖွင့်လှစ်သည့် ကျောင်းများမှ ၂ဝ၁၉ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ (သိပ္ပံဘာသာတွဲ)တွင် ရမှတ် အများဆုံးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ရန်ကုန်တိုင်း ဒေသကြီး အလုံမြို့နယ် အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းမှ မောင်ကျော်လင်းသန်း၊ (သိပ္ပံနှင့်ဝိဇ္ဇာ ပေါင်းစည်းဘာသာတွဲ)တွင် ရမှတ်အများဆုံးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း(ဟိုပင်)မှ မောင်မျိုးမင်းအောင်၊ (ဝိဇ္ဇာဘာသာတွဲ)တွင် ရမှတ်အများဆုံးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် အခြေခံပညာ အထက်တန်းကျောင်း (တောက်တဲ့ရိုး)မှ မသဇင်ဝင်း တို့ကို ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌများသည် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံးဆုရ ကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် အခမ်းအနား ဒုတိယပိုင်းအစီအစဉ်တွင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့မှ ပညာရေးမြှင့်တင်မှု ကော်မတီဥက္ကဋ္ဌများက ထူးချွန်ဆုရရှိကျောင်းများ နှင့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆု များပေးအပ်ချီးမြှင့်ကြသည်။
ယနေ့ဆုချီးမြှင့်သည့် အခမ်းအနားတွင် ပြည်ထောင်စုအဆင့် အောင်ချက် အကောင်းဆုံး ထူးချွန်ဆုရကျောင်း ၆၁ ကျောင်းနှင့် ပြည်ထောင်စုအဆင့် ထူးချွန်ဆုရ ကျောင်းသား ကျောင်းသူ ၁၄၂ ဦးတို့ကို ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
 
 

No comments:

Post a Comment

My Blog List