Thursday, September 19, 2019

အနောက်တောင်မုတ်သုံလေ ဆက်လက်ဆုတ်ခွာနေ၊ မိုးကြိုးနှင့် လေပြင်းအန္တရာယ် သတိပေးချက်ထုတ်ပြန်

 မြန်မာနိုင်ငံမြောက်ပိုင်းမှဆုတ်ခွာခဲ့သည့် အနောက်တောင်မုတ်သုံလေသည် အလယ်ပိုင်းဒေသသို့ ရောက် ရှိနေပြီး ဆုတ်ခွာရာ လမ်းကြောင်းတစ်လျှောက် မိုးကြိုးနှင့် လေပြင်းအန္တရာယ်သတိပြုရန် မိုးလေ၀သ ပညာရှင်ဒေါက်တာထွန်းလွင်က သတိပေးသည်။


အနောက်တောင်မုတ်သုံ လေသည် စက်တင်ဘာ ၁၇ ရက် တွင် မြန်မာနိုင်ငံမြောက်ပိုင်းမှ အ ပြီးသတ် ဆုတ်ခွာခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၂၀ ရက်တွင် မြန်မာ နိုင်ငံ အလယ်ပိုင်းဒေသမှ ဆက် လက်ဆုတ်ခွာနိုင်သည်ဟု ဒေါက် တာ ထွန်းလွင်က သတင်းထုတ် ပြန်ထားသည်။
မိုးလေ၀သနှင့်ဇလဗေဒညွှန် ကြားမှုဦးစီးဌာနကလည်း အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံ မြောက်ပိုင်းမှအပြီးသတ်ဆုတ်ခဲ့ပြီးဖြစ်ကြောင်း ယမန်နေ့ (စက်တင်ဘာ ၁၈ ရက်) က သတင်းထုတ်ပြန် ထားသည်။
အနောက်တောင်မုတ်သုံ လေသည် မေလဆန်းက မြန်မာ နိုင်ငံသို့ ၀င်ရောက်ပြီး စက်တင် ဘာ ၁၃ ရက်တွင် မြောက်ပိုင်းဒေသမှ ပြန်လည်ဆုတ်ခွာခဲ့ခြင်းဖြစ်သည်။ စက်တင်ဘာလကုန်ခန့်တွင် မြစ်ဝကျွန်းပေါ်ဒေသသို့ ရောက်ရှိနိုင်ပြီး ယင်းမှတစ်ဆင့် တောင်ပိုင်းဒေသသို့ ဖြတ်ကျော် ကာ အပြီးသတ်ဆုတ်ခွာသွားနိုင် သည်ဟု ဒေါက်တာထွန်းလွင်နှင့် မိုးဇလဌာနက ခန့်မှန်းထားသည်။
မုတ်သုံဆုတ်ခွာရာလမ်း ကြောင်းတစ်လျှောက်တွင် လေထုမတည်မငြိမ်ဖြစ်ပြီး မိုးကြိုးပစ် ခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ကျရောက်လာနိုင်၍ သတိပြုနေနိုင်ရန် ဒေါက်တာထွန်းလွင်က သတိပေး ထားသည်။ မိုးတိမ် တောင်အန္တရာယ်ဖြစ်သည့် မိုး ကြိုးပစ်ခြင်း၊ နေရာကွက်မိုးကြီး ခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်း တို့သည် အနောက်တောင်မုတ်သုံ လေ မြန်မာနိုင်ငံသို့ ၀င်ရောက် ချိန်နှင့် ပြန်လည်ထွက်ခွာချိန်တွင် အများဆုံးဖြစ်ပွားပြီး မုန်တိုင်း ဘေးထက်ပိုသော လူနှင့်တိရစ္ဆာန် သေဆုံးမှု၊ ပျက်စီးထိခိုက်မှုကို နှစ်စဉ်ကြုံတွေ့နေရသည်။  
ယနေ့ (စက်တင်ဘာ ၁၉ ရက်)အတွက် ရာသီဥတုအခြေအနေကို မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားရာ မြန်မာနိုင်ငံဒေသအနှံ့တွင် မိုးအနည်းငယ် ရွာသွန်းနိုင်ပြီး နေပြည်တော်နှင့် တနင်္သာရီတိုင်းဒေသကြီး၌ နေရာကွက်မိုးကြီးနိုင်ကြောင်း သတိပေးထားသည်။ 

7Day

No comments:

Post a Comment

My Blog List