Tuesday, September 17, 2019

ဒရုန္းဖ်က္စနစ္တီထြင္ဖို႕ ေတာင္ကိုရီးယား ေဒၚလာ ၇၄ သန္း ရင္းႏွီးျမဳပ္ႏွံ


Image may contain: one or more people and outdoor

ေတာင္ကိုရီးယားႏုိင္ငံဟာ ဒရုန္းေတြကို ေထာက္လွမ္းတိုက္ခိုက္ႏုိင္တဲ့ စစ္လက္နက္စနစ္ကို ၂၀၂၃ ခုႏွစ္မတုိင္ခင္ တီထြင္ႏုိင္ဖို႕ အေမရိကန္ေဒၚလာ ၇၄ သန္းရင္းႏွီီးျမဳပ္ႏွံဖို႕ရွိေနပါတယ္။

အဲဒီစစ္လက္နက္စနစ္ကို Block-I လို႕ အမည္ေျပာင္ေပးထားျပီး အေသးစားဒရုန္းေတြနဲ႕ တျခားေလယာဥ္ေတြကို ေျခရာခံ တိုက္ခိုက္ဖို႕ ရည္ရြယ္ထုတ္လုပ္သြားမွာျဖစ္ပါတယ္။ Bloci-I ကို ဂ်က္ေလယာဥ္ေတြနဲ႕ ျဂိဳလ္တုကို ၾကားျဖတ္ႏုိင္စြမ္းရွိတဲ့အထိ စြမ္းေဆာင္ရည္ျမွင့္တင္ဖို႕ ေမွ်ာ္မွန္းထားတယ္လို႕လည္း ေတာင္ကိုရီးယား ကာကြယ္ေရးစစ္လက္နက္စီမံကိန္းကြပ္ကဲေရးဌာန (DAPA) ကေျပာပါတယ္။
ေျမာက္ကိုရီးယားဒရုန္းတစ္စင္းကို ၂၀၁၇ ခုႏွစ္က ႏိုင္ငံပိုင္နယ္နိမိတ္ထဲမွာ ေတြ႕ရွိခဲ့ျပီး အေမရိကန္ထုတ္ မစ္ဇိုင္းဖ်က္ ကာကြယ္ေရးစနစ္ေနရာေတြကို ရိုက္ကူးထားတဲ့ ဓာတ္ပံု ၅၅၀ ကိုလည္း ဒရုန္းကင္မရာထဲမွာ ေတြ႕ရွိခဲ့ပါတယ္။
ေျမာက္ကိုရီးယား ဒရုန္းတစ္စင္းဟာ ၂၀၁၄ ခုႏွစ္ကလည္း ေတာင္ကိုရီးယားသမၼတ အိမ္ေတာ္အထက္က တိုက္ရိုက္ျဖတ္သန္းပ်ံသန္းခဲ့ျပီး ဓာတ္ပံုရိုက္ကူးခဲ့ျပီး အျပန္လမ္းမွာ ေတာင္ကိုရီးယားပိုင္နက္ထဲ ပ်က္က်ခဲ့ဖူးပါတယ္။
Ref; CNA
People Media

(unicode)
ဒရုန်းဖျက်စနစ်တီထွင်ဖို့ တောင်ကိုရီးယား ဒေါ်လာ ၇၄ သန်း ရင်းနှီးမြုပ်နှံ
..................................................................................

တောင်ကိုရီးယားနိုင်ငံဟာ ဒရုန်းတွေကို ထောက်လှမ်းတိုက်ခိုက်နိုင်တဲ့ စစ်လက်နက်စနစ်ကို ၂၀၂၃ ခုနှစ်မတိုင်ခင် တီထွင်နိုင်ဖို့ အမေရိကန်ဒေါ်လာ ၇၄ သန်းရင်းနှီးမြုပ်နှံဖို့ရှိနေပါတယ်။
အဲဒီစစ်လက်နက်စနစ်ကို Block-I လို့ အမည်ပြောင်ပေးထားပြီး အသေးစားဒရုန်းတွေနဲ့ တခြားလေယာဉ်တွေကို ခြေရာခံ တိုက်ခိုက်ဖို့ ရည်ရွယ်ထုတ်လုပ်သွားမှာဖြစ်ပါတယ်။ Bloci-I ကို ဂျက်လေယာဉ်တွေနဲ့ ဂြိုလ်တုကို ကြားဖြတ်နိုင်စွမ်းရှိတဲ့အထိ စွမ်းဆောင်ရည်မြှင့်တင်ဖို့ မျှော်မှန်းထားတယ်လို့လည်း တောင်ကိုရီးယား ကာကွယ်ရေးစစ်လက်နက်စီမံကိန်းကွပ်ကဲရေးဌာန (DAPA) ကပြောပါတယ်။
မြောက်ကိုရီးယားဒရုန်းတစ်စင်းကို ၂၀၁၇ ခုနှစ်က နိုင်ငံပိုင်နယ်နိမိတ်ထဲမှာ တွေ့ရှိခဲ့ပြီး အမေရိကန်ထုတ် မစ်ဇိုင်းဖျက် ကာကွယ်ရေးစနစ်နေရာတွေကို ရိုက်ကူးထားတဲ့ ဓာတ်ပုံ ၅၅၀ ကိုလည်း ဒရုန်းကင်မရာထဲမှာ တွေ့ရှိခဲ့ပါတယ်။
မြောက်ကိုရီးယား ဒရုန်းတစ်စင်းဟာ ၂၀၁၄ ခုနှစ်ကလည်း တောင်ကိုရီးယားသမ္မတ အိမ်တော်အထက်က တိုက်ရိုက်ဖြတ်သန်းပျံသန်းခဲ့ပြီး ဓာတ်ပုံရိုက်ကူးခဲ့ပြီး အပြန်လမ်းမှာ တောင်ကိုရီးယားပိုင်နက်ထဲ ပျက်ကျခဲ့ဖူးပါတယ်။
Ref; CNA

No comments:

Post a Comment

My Blog List