Wednesday, September 18, 2019

အဝေးသင်ကာလ ခွင့်အလုံအလောက်ရရှိရေး မန္တလေးပညာရေးကောလိပ်ကျောင်းသားမျလှုပ်ရှားမှုပြုလုပ်


Image may contain: 3 people, people standing and outdoor
ပညာရေးဘွဲ့ဖြစ်သည့် B.A(Edu;) B.Sc(Edu;)နှင့်ပတ်သက်၍ တိကျသည့် မူဝါဒများကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးရန်နှင့် အဝေးသင်ကာလတွင် ခွင့်အလုံအလောက်ရရှိရေးအတွက် စက်တင်ဘာ(၁၈)ရက် မွန်းလွဲပိုင်းက မန္တလေးပညာရေးကောလိပ်ကျောင်းရှေ့တွင် ကျောင်းသားသမဂ္ဂအဖွဲ့က ဖဲကြိုးစိမ်းလှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။

"ကျွန်တော်တို့ အဝေးသင်တက်တဲ့အခါမှာ ပညာရေးကောလိပ်ဆင်း ဆရာ၊ ဆရာမတွေအနေနဲ့ ခွင့်ရက်လုံလုံလောက်လောက်ရဖို့ လိုတယ်။ ဝန်ကြီးဌာနကပေးတဲ့ ခွင့်ရက်နဲ့က မလောက်ဘူး။ အခက်အခဲဖြစ်တယ်"ဟု ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂများ ကိုယ်စားပြုကော်မတီ ပြန်ကြားရေးတာဝန်ခံ ကိုညီညီဇင်က ပြောသည်။
လှုပ်ရှားမှုများပြုလုပ်ရာတွင် ပညာဆက်လက်သင်ကြားခွင့်ရရှိရေး---ဒို့အရေး၊ အဝေးသင် ခွင့်အလုံအလောက်ရရှိရေး---ဒို့အရေးစသည့် စာများရေးသားထားသည့် စာများကို မန္တလေး ပညာရေးကောလိပ်ကျောင်းရှေ့တွင် လိုက်လံကပ်ခဲ့ကြသည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် အဝေးသင်တက်နေရသည့် အခြေခံပညာ သင်ကြားပေးနေသော ကျောင်းသား ကျောင်းသူများအတွက် ခွင့် (၁၇) ရက်သာ ပေးသည့်အတွက် စာကျက်ချိန် လုံလောက်မှုမရှိဘဲ အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း၊ ထို့ကြောင့် ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂများ ကိုယ်စားပြုကော်မတီ အနေဖြင့် ဖဲကြိုးစိမ်းလှုပ်ရှားမှု ပြုလုပ်၍ ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်မည့် B.A(Edu;)၊B.Sc(Edu;) သင်တန်းများနှင့် ပတ်သက်၍ တိကျသော မူဝါဒများ၊ အချက်အလက်များထုတ်ပြန်ပေးရန်၊အခြေခံပညာမှ အဝေးသင်တက်ရောက်ရာတွင် လုံလောက်သော ခွင့်ရရှိရန်၊ ပညာရေးကောလိပ်ကျောင်းသားသမဂ္ဂများအပေါ် ဖိနှိပ်မှုရပ်တန့်ရန် စသည့်အချက် (၃) ချက်ကို တောင်းဆိုခဲ့ကြသည်။
ယင်းတောင်းဆိုချက် (၃)ချက်တွင် အချက် (၂) ချက်မှာ ညှိနှိုင်း ပြေလည်သော်လည်း လုံလောက်သည့် ခွင့်ရရှိရေးတောင်းဆိုချက်မှာ လိုက်လျောခြင်းမရှိသေးကြောင်း သိရသည်။
Image may contain: 5 people, people standing and outdoor 
Image may contain: 1 person, standing, child and outdoor 
Image may contain: 1 person, standing and child 
Image may contain: one or more people, people standing, tree, plant and outdoor 
Image may contain: one or more people, people standing and outdoor 
Image may contain: one or more people, people standing and outdoor 
ဦးရာဇ

No comments:

Post a Comment

My Blog List