Monday, September 16, 2019

မြဝတီမြို့မှာ ဥပဒေမဲ့ နေထိုင်တဲ့ တရုတ်နိုင်ငံသားတွေကို စာရင်းပြုစုဖို့ ကော်မတီဖွဲ့


မြဝတီမြို့မှာ တရုတ်လူမျိုးများ၊ တရုတ်စာတမ်းကပ်ထားသည့်ဆိုင်များ တိုးမြင့်လာခြင်းနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတစ်ခုကို ၂၀၁၉၊ စက်တင်ဘာ ၁၅ ရက်နေ့က ကျင်းပစဉ်
ကရင်ပြည်နယ် မြဝတီမြို့မှာ တရုတ်နိုင်ငံသားတွေ ဝင်ရောက်နေထိုင်လာတာများလာပြီး မင်းမဲ့စရိုက်ဆန်ဆန် မူးယစ် ရမ်းကားတာတွေရှိနေတာကြောင့် ဥပဒေမဲ့နေထိုင်သူတွေကို စာရင်းပြုစုဖို့ မြဝတီအခြေစိုက် အရပ်ဘက် ကော်မတီ ဖွဲ့စည်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။

မြဝတီမြို့ကို ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားတွေဟာ ကာဆီနိုလောင်းကစားရုံတွေမှာ ပါဝင်ပတ်သက်တာ၊ မြို့တွင်းမှာ အိမ်ငှားရမ်းနေထိုင်တာ၊ စားသောက်ဆိုင်တွေမှာ တရုတ်စာတမ်းတွေပါတဲ့ ဆိုင်းဘုတ်တွေ တပ်ဆင်လာတာ၊ မူးရစ်ရမ်းကားတာတွေရှိလာတာကြောင့် မြဝတီမြို့ခံတွေ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဖက် အဖွဲ့တွေက မနေ့က လူထုတွေ့ဆုံပွဲလုပ်ပြီး ဆုံးဖြတ်ခဲ့တာလို့ မြဝတီမြို့ခံတွေက ပြောပါတယ်။
အဲဒီတွေဆုံပွဲမှာ နိုင်ငံခြားသားတွေကို တည်ဆဲဥပဒေနဲ့အညီ ဟိုတယ်တွေမှာသာ နေထိုင်ခွင့်ပြုဖို့၊ မြဝတီမြို့တွင်းမှာ ရှိတဲ့ တရုတ်စာတမ်းတွေကို ဖြုတ်ချဖို့၊ တရုတ်နိုင်ငံသားတွေကို ပတ်စပို့ဗီဇာ၊ အလုပ်လုပ်ခွင့် ရှိ၊ မရှိ စီစစ်ပြီး ဥပဒေနဲ့အညီ အရေးယူဖို့ စတဲ့အချက်တွေကို သဘောတူခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်ညက မြဝတီမြို့ အမှတ်(၄) ရပ်ကွက် ဘုရင့်နောင်လမ်းက လှိုင်သစ်ဖုန်းဆိုင်ရှေ့မှာ မူးယစ်သောင်းကြမ်းပြီး ညစ်ညမ်းစွာဆဲဆိုခဲ့တဲ့ တရုတ်နိုင်ငံသား ခုနှစ်ဦးထဲက ငါးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး နှစ်ဦးက လွတ်မြောက်နေဆဲဖြစ်ပါတယ်။
Photo: Thetoo Naing - Facebook
RFA 

No comments:

Post a Comment

My Blog List