
ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပထား)ေတြရဲ႕အတိဒုကၡေတြကို မ်က္စိဖြင့္ၿပီး ႏွလံုးသားနဲ႔ခံစားေပးဖို႔ ကုလသမဂၢလူ႔အခြင့္အေရးကၽြမ္းက်င္သူတစ္ေယာက္က ျမန္မာ့အရပ္သားေခါင္းေဆာင္ေဒၚေအာင္ဆန္းစုၾကည္ကို သနားခံလိုက္ပါတယ္။
ျမန္မာႏိုင္ငံကအေျခအေနေတြက ဆိုးဆိုး႐ြား႐ြားစိုးရိမ္စရာေကာင္းေနၿပီး အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္(NLD) ပါတီေ႐ြးေကာက္ခံရၿပီး ၄ ႏွစ္နီးပါးအၾကာမွာ ျမင္ရဖို႔ သူနဲ႔တျခားလူေတြေမွ်ာ္လင့္ခဲ့တဲ့တာေတြမဟုတ္ဘူးလို႔ ျမန္မာႏိုင္ငံလူ႔အခြင့္အေရးအထူးအစီရင္ခံစာတင္သြင္းသူယန္ဟီလီက ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီကိုေျပာပါတယ္။
“ျမန္မာႏိုင္ငံမွာဒီေန႔႐ွိေနတာေတြက လြတ္လပ္ၿပီး ဒီမိုကေရစီက်င့္သံုးတဲ့ျမန္မာႏိုင္ငံျဖစ္လာဖို႔ သူတိုက္ပြဲ၀င္ခဲ့တဲ့ ႏွစ္ဆယ္နဲ႔ခ်ီတဲ့တစ္ေလွ်ာက္မွာ ေမွ်ာ္မွန္းထားတာေတြလားလို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢဳိလ္ကို ကၽြန္မေမးခ်င္ပါတယ္။ မ်က္စိေတြဖြင့္၊ နားေထာင္၊ ႏွလံုးသားနဲ႔ခံစားေပးဖို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံကို ကၽြန္မအသနားခံပါတယ္။ ၿပီးေတာ့ ေနာက္မက်ခင္ ဆင္ျခင္တံုတရားအေျခခံတဲ့အာဏာကိုအသံုးျပဳပါ။”လို႔ ယန္ဟီလီကေျပာပါတယ္။
ႏိုင္ငံတကာ႐ွဳတ္ခ်မႈေတြ႐ွိေပမဲ့ ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပထား)ေတြအေပၚ ရက္စက္ၾကမ္းၾကဳတ္မႈေတြနဲ႔ သုတ္သင္မႈေတြကိုေျဖ႐ွင္းဖို႔ ျမန္မာႏိုင္ငံက ဘာမွမလုပ္ရေသးဘဲ ရခိုင္မွာက်န္ေနတဲ့ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပထား)ေတြဟာလည္း ၂၀၁၇ ခုႏွစ္၊ ၾသဂုတ္မတိုင္ခင္မွာေတြ႕ၾကံဳခဲ့ရတဲ့အေျခအေနေတြမွာပဲ ေနထိုင္ေနရတယ္လို႔ ယန္ဟီလီကေျပာပါတယ္။
ႏိုင္ငံသားျဖစ္ခြင့္နဲ႔ အသိအမွတ္ျပဳခံရခြင့္တို႔ျငင္းခံထားရတယ္။ ပံုမွန္ၾကမ္းၾကဳတ္ရက္စက္မႈေတြနဲ႔ေတြ႕ၾကံဳေနရတယ္။ လြတ္လြတ္လပ္လပ္မသြားလာႏိုင္ဘူး။ အစားအစာ၊ က်န္းမာေရးေစာင့္ေ႐ွာက္မႈ၊ ပညာေရး၊ ေနေရးထိုင္ေရးနဲ႔ ၀န္ေဆာင္မႈေတြနည္းနည္းပဲရေနတယ္လို႔လည္းေျပာပါတယ္။
“ေနရပ္ျပန္ဖို႔လိုတာေတြေအာင္ျမင္ေအာင္လုပ္ၿပီးၿပီးဖို႔ ျမန္မာဘက္ကအခိုင္အမာေျပာတယ္။ ၿပီးေတာ့ ဘယ္လိုပဲ အခ်ိန္ေ႐ႊ႕ရေ႐ႊ႕ရ ဘဂၤလားေဒ့႐ွ္ကိုပဲအျပစ္တင္တယ္”လို႔လည္း ေျပာပါတယ္။
စခန္း ၃၄ ခုေကာင္းေကာင္းအဆင္သင့္႐ွိေနၿပီလို႔ ၿဂိဳဟ္တုဓာတ္ပံုေတြက ေဖာ္ျပေနေပမဲ့ တိက်တဲ့ရည္႐ြယ္ခ်က္ကေတာ့ မတိက်ေသးသလို က်န္ေနတဲ့ ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပထား)လူဦးေရကိုထိန္းသိမ္းဖို႔ရည္႐ြယ္ထားတဲ့အျပင္ ဘယ္သူေတြျပန္လာမလဲဆိုတာကိုလည္း ဆံုးျဖတ္ဖို႔ ျမန္မာဘက္က ရည္႐ြယ္ထားပံုရတယ္လို႔လည္းေျပာပါတယ္။
ဖ်က္ဆီးခံခဲ့ရတဲ့ ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပထား)႐ြာေတြနားမွာေဆာက္ထားတဲ့ စစ္တပ္စခန္း ၆ ခုအပါအ၀င္ ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ ပိုၿပီးဖြံ႔ၿဖိဳးတိုးတက္ေအာင္လုပ္ေနတယ္လို႔လည္း ေျပာပါတယ္။
ပ်က္စီးခဲ့တဲ့႐ြာ ၃၉၂ ရြာ႐ွိၿပီး ၃၂၀ ကိုျပန္ေဆာက္ဖို႔မႀကိဳးစားၾကေတာ့တာလည္း႐ွိေနတယ္လို႔ ဒါကာထရီႁဗြန္းသတင္းစာကေဖာ္ျပပါတယ္။
“ဖ်က္ဆီးခဲ့တာေတြက ၂၀၁၈ ခုႏွစ္နဲ႔ တခ်ိဳ႕ဆို ၂၀၁၉ ခုႏွစ္မွာေတာင္ျဖစ္ခဲ့တယ္။ ဒီေတာ့ ျမန္မာဘက္က ဒုကၡသည္ေတြကိုလက္ခံမယ္လို႔ေျပာတာနဲ႔ ဆန္႔က်င္ေနတယ္။ ဒီလိုအေျခအေနမွာ ဒုကၡသည္ေတြျပန္လာခ်င္ရင္ေတာင္ သူတို႔အတြက္ဘာ႐ွိမွာလဲ။” လို႔ ျမန္မာႏိုင္ငံကိုျပည္၀င္ခြင့္ပိတ္ခံထားရတဲ့ယန္ဟီလီကေျပာပါတယ္။
“ေအာင္ျမင္တဲ့ေနရပ္ျပန္မႈျဖစ္လာဖို႔ ျမန္မာတစ္ႏိုင္ငံလံုးမွာ တာ၀န္ခံမႈအျပည့္အ၀လိုအပ္ေနတယ္လို႔ ကၽြန္မယံုတယ္။ ဒါမွပဲ ျမန္မာႏိုင္ငံက တိုင္းရင္းသားလူနည္းစုေတြအေပၚ စစ္တပ္ရဲ႔အင္အားသံုးမႈေတြအဆံုးသတ္မွာျဖစ္ၿပီးေတာ့ ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပထား)ေတြ ရခိုင္မွာ ေဘးကင္းကင္းနဲ႔သြားႏိုင္မယ္။” လို႔ ဟန္ဟီလီက နိဂံုးခ်ဳပ္ေျပာဆိုပါတယ္။
Source-Dhaka Tribune
Photo- Mahmud Hossain Opu/Dhaka Tribune
------------------------------------------------
(Unicode)
"ဘင်္ဂါလီတွေရဲ့ဒုက္ခတွေကို နှလုံးသားကနေခံစားပေးဖို့" ဒေါ်အောင်ဆန်းစုကြည်ကို ယန်ဟီလီတိုက်တွန်း
စက်တင်ဘာ ၁၉
နိုင်ငံတကာသတင်း
ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)တွေရဲ့အတိဒုက္ခတွေကို မျက်စိဖွင့်ပြီး နှလုံးသားနဲ့ခံစားပေးဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးကျွမ်းကျင်သူတစ်ယောက်က မြန်မာ့အရပ်သားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို သနားခံလိုက်ပါတယ်။
မြန်မာနိုင်ငံကအခြေအနေတွေက ဆိုးဆိုးရွားရွားစိုးရိမ်စရာကောင်းနေပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရွေးကောက်ခံရပြီး ၄ နှစ်နီးပါးအကြာမှာ မြင်ရဖို့ သူနဲ့တခြားလူတွေမျှော်လင့်ခဲ့တဲ့တာတွေမဟုတ်ဘူးလို့ မြန်မာနိုင်ငံလူ့အခွင့်အရေးအထူးအစီရင်ခံစာတင်သွင်းသူယန်ဟီလီက ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကိုပြောပါတယ်။
“မြန်မာနိုင်ငံမှာဒီနေ့ရှိနေတာတွေက လွတ်လပ်ပြီး ဒီမိုကရေစီကျင့်သုံးတဲ့မြန်မာနိုင်ငံဖြစ်လာဖို့ သူတိုက်ပွဲဝင်ခဲ့တဲ့ နှစ်ဆယ်နဲ့ချီတဲ့တစ်လျှောက်မှာ မျှော်မှန်းထားတာတွေလားလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ကျွန်မမေးချင်ပါတယ်။ မျက်စိတွေဖွင့်၊ နားထောင်၊ နှလုံးသားနဲ့ခံစားပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံကို ကျွန်မအသနားခံပါတယ်။ ပြီးတော့ နောက်မကျခင် ဆင်ခြင်တုံတရားအခြေခံတဲ့အာဏာကိုအသုံးပြုပါ။”လို့ ယန်ဟီလီကပြောပါတယ်။
နိုင်ငံတကာရှုတ်ချမှုတွေရှိပေမဲ့ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)တွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ သုတ်သင်မှုတွေကိုဖြေရှင်းဖို့ မြန်မာနိုင်ငံက ဘာမှမလုပ်ရသေးဘဲ ရခိုင်မှာကျန်နေတဲ့ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)တွေဟာလည်း ၂၀၁၇ ခုနှစ်၊ သြဂုတ်မတိုင်ခင်မှာတွေ့ကြုံခဲ့ရတဲ့အခြေအနေတွေမှာပဲ နေထိုင်နေရတယ်လို့ ယန်ဟီလီကပြောပါတယ်။
နိုင်ငံသားဖြစ်ခွင့်နဲ့ အသိအမှတ်ပြုခံရခွင့်တို့ငြင်းခံထားရတယ်။ ပုံမှန်ကြမ်းကြုတ်ရက်စက်မှုတွေနဲ့တွေ့ကြုံနေရတယ်။ လွတ်လွတ်လပ်လပ်မသွားလာနိုင်ဘူး။ အစားအစာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ နေရေးထိုင်ရေးနဲ့ ဝန်ဆောင်မှုတွေနည်းနည်းပဲရနေတယ်လို့လည်းပြောပါတယ်။
“နေရပ်ပြန်ဖို့လိုတာတွေအောင်မြင်အောင်လုပ်ပြီးပြီးဖို့ မြန်မာဘက်ကအခိုင်အမာပြောတယ်။ ပြီးတော့ ဘယ်လိုပဲ အချိန်ရွှေ့ရရွှေ့ရ ဘင်္ဂလားဒေ့ရှ်ကိုပဲအပြစ်တင်တယ်”လို့လည်း ပြောပါတယ်။
စခန်း ၃၄ ခုကောင်းကောင်းအဆင်သင့်ရှိနေပြီလို့ ဂြိုဟ်တုဓာတ်ပုံတွေက ဖော်ပြနေပေမဲ့ တိကျတဲ့ရည်ရွယ်ချက်ကတော့ မတိကျသေးသလို ကျန်နေတဲ့ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)လူဦးရေကိုထိန်းသိမ်းဖို့ရည်ရွယ်ထားတဲ့အပြင် ဘယ်သူတွေပြန်လာမလဲဆိုတာကိုလည်း ဆုံးဖြတ်ဖို့ မြန်မာဘက်က ရည်ရွယ်ထားပုံရတယ်လို့လည်းပြောပါတယ်။
ဖျက်ဆီးခံခဲ့ရတဲ့ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)ရွာတွေနားမှာဆောက်ထားတဲ့ စစ်တပ်စခန်း ၆ ခုအပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပိုပြီးဖွံ့ဖြိုးတိုးတက်အောင်လုပ်နေတယ်လို့လည်း ပြောပါတယ်။
ပျက်စီးခဲ့တဲ့ရွာ ၃၉၂ ရွာရှိပြီး ၃၂၀ ကိုပြန်ဆောက်ဖို့မကြိုးစားကြတော့တာလည်းရှိနေတယ်လို့ ဒါကာထရီဗြွန်းသတင်းစာကဖော်ပြပါတယ်။
“ဖျက်ဆီးခဲ့တာတွေက ၂၀၁၈ ခုနှစ်နဲ့ တချို့ဆို ၂၀၁၉ ခုနှစ်မှာတောင်ဖြစ်ခဲ့တယ်။ ဒီတော့ မြန်မာဘက်က ဒုက္ခသည်တွေကိုလက်ခံမယ်လို့ပြောတာနဲ့ ဆန့်ကျင်နေတယ်။ ဒီလိုအခြေအနေမှာ ဒုက္ခသည်တွေပြန်လာချင်ရင်တောင် သူတို့အတွက်ဘာရှိမှာလဲ။” လို့ မြန်မာနိုင်ငံကိုပြည်ဝင်ခွင့်ပိတ်ခံထားရတဲ့ယန်ဟီလီကပြောပါတယ်။
“အောင်မြင်တဲ့နေရပ်ပြန်မှုဖြစ်လာဖို့ မြန်မာတစ်နိုင်ငံလုံးမှာ တာဝန်ခံမှုအပြည့်အဝလိုအပ်နေတယ်လို့ ကျွန်မယုံတယ်။ ဒါမှပဲ မြန်မာနိုင်ငံက တိုင်းရင်းသားလူနည်းစုတွေအပေါ် စစ်တပ်ရဲ့အင်အားသုံးမှုတွေအဆုံးသတ်မှာဖြစ်ပြီးတော့ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)တွေ ရခိုင်မှာ ဘေးကင်းကင်းနဲ့သွားနိုင်မယ်။” လို့ ဟန်ဟီလီက နိဂုံးချုပ်ပြောဆိုပါတယ်။
Source-Dhaka Tribune
#TheFifthWaveNews
Photo- Mahmud Hossain Opu/Dhaka Tribune
No comments:
Post a Comment