Thursday, September 19, 2019

ဂြိုဟ်တုဟု ယူဆရသည့် အစိတ်အပိုင်းတစ်ခု ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ပုံကျေးရွာသို့ ပြုတ်ကျ



ဂြိုဟ်တုဟု ယူဆရသည့် အစိတ်အပိုင်းတစ်ခု ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်ပုံကျေးရွာသို့ ပြုတ်ကျခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ဂြိုတ်တု အစိတ်အပိုင်းဟု ယူဆရသည့် အလျား ၁၅ ပေ၊ အနံ ၇ ပေခန့်ရှိသည့် သတ္တုကိုယ်ထည် အစိတ်အပိုင်းတစ်ခု ယနေ့ (စက်တင်ဘာ ၁၉ ရက်) မွန်းလွဲ ၁ နာရီခွဲခန့်က မှော်ပုံကျေးရွာရှိ နေအိမ် တစ်အိမ်၏ မီးဖိုဆောင်ပေါ်သို့ ပြုတ်ကျခဲ့ခြင်းဖြစ်ကာ လူထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။
"ကောင်းကင်က ပြုတ်ကျလာတာပါ။ ဂြိုဟ်တု အပိုင်းအစတစ်ခု ဖြစ်ပါတယ်။ နေ့လည် ၁ နာရီခွဲလောက်က ကျလာတာပါ။ မှော်ပုံရွာ အနောက်ဖက်အစွန်းမှာပါ။ ချောင်းထဲမှာ ကျနေတာပါ။ ရွာသားတွေလည်း ရောက်လာပြီး ဝိုင်းကြည့်နေပါတယ်။ ကောင်းကင်ကနေ ပျက်ပြီး ဝဲလယ် ဝဲလယ်နဲ့ ကျလာတာပါ ။ အရှည်က ၁၅ ပေခန့် ၊ လုံးပတ်က ၇ ပေ ခန့်လောက်ရှိပါမယ်။ အိမ်နဲ့ ကပ်လျှက်ပါ ။ တော်သေးတယ် ရွာလယ်ခေါင်မှာ မကျလို့။ အငွေ့တွေ တထောင်းထောင်းနဲ့။ ညှော်စော်တွေလည်း နံနေတယ်။ ၀ိုင်ယာကြိုးတွေလည်း ပါတယ်။ ဆက်စပ်တဲ့ ၀ိုင်ယာကြိုးတွေလည်း တွေ့ရပါတယ်" ဟု မျက်မြင်တွေ့ရှိခဲ့သည့် ကိုဇော်ဝင်းမောင်က ပြောကြားသည်။
အဆိုပါ ဂြိုဟ်တုအစိတ်အပိုင်းဟု ယူဆရသည့် ပစ္စည်းအား ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း သိရသည်။
၂၀၁၆ ခုနှစ်ကလည်း ကချင်ပြည်နယ် မှော်စီဆာကျေးရွာ အုပ်စုတွင်လည်း ဂြိုဟ်တုဟု ယူဆရသည့် အစိတ်အပိုင်းများ ပြုတ်ကျမှု ဖြစ်ပွားခဲ့သည်။
ဓာတ်ပုံ - ဇော်ဝင်းမောင်
Eleven Media Group

No comments:

Post a Comment

My Blog List