Friday, September 20, 2019

လွှတ်တော်များအား ဖျက်သိမ်းခွင့် အာဏာ ကာ/လုံ ကောင်စီသို့ ပေးအပ်ရန် ပြင်ဆင်သည့် အခြေခံဥပဒေကြမ်း လွှတ်တော်တင်သွင်း


တပ်မတော်သား အများစုပါဝင်သော "ကာ/လုံ" ကောင်စီသို့ လွှတ်တော်များအား ဖျက်သိမ်းခွင့်အာဏာပေးအပ်ရန် ဖွဲ့စည်းပုံဥပဒေကြမ်းတစ်ရပ်ကို ယနေ့လွှတ်တော်သို့ တင်သွင်းကြောင်းသိရှိရသည်။

၁။ ယနေ့ (၂၀.၉.၂၀၁၉) ရက်နေ့တွင် ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၅) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင်အပါအဝင် လွှတ်တော်ကိုယ်စားလှယ် (၁၄၅) ဦးက "အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ" ၏ အခွင့်အာဏာများအနက် လွှတ်တော်များအား ဖျက်သိမ်းနိုင်သည့် အခွင့်အာဏာ ပေးအပ်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သင့်ကြောင်း တင်ပြလာ ကြောင်း၊ အဆိုပြုချက်တွင် (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၂၀၁) အား အပိုဒ်ခွဲ (က) နှင့် (ခ) များဖြင့် ပြင်ဆင်ပြီး အပိုဒ်ခွဲ (ခ) နောက်တွင် အပိုဒ်ခွဲငယ် (၃) ၌"ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးကဏ္ဍ အချင်းချင်း အပြန်အလှန် ထိမ်းကျောင်းမှုများ ယိုယွင်းလာသည့်အခါ လွှတ်တော်များကို ဖျက်သိမ်းရန် သင့်/မသင့် နိုင်ငံတော် သမ္မတကို အကြံပေးရမည်" ဟု"ကာ/လုံ" ၏ တာဝန်တစ်ရပ်အဖြစ် ဖော်ပြထားကြောင်း မင်္ဂလာဒုံအမတ် ဦးအောင်လှိုင်ဝင်းက သူ၏ လူမှုကွန်ရက်တွင်ရေးသားထားသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် တစ်ကြိမ်တစ်ခါမျှ ခေါ်ယူကျင်းပခြင်း မရှိသော "ကာ/လုံ" အစည်းအဝေးအား (၂) လ တစ်ကြိမ်ကျင်းပရန်နှင့် လိုအပ်ပါက ကောင်စီဝင် (၅) ဦး၏ သဘောတူညီချက်ဖြင့် အရေးပေါ် အစည်းအဝေးခေါ်ယူရန် အဆိုပြုထားသော ဥပဒေကြမ်းတွင် တင်ပြထားသည်။
လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် "ကာ/လုံ" အစည်းအဝေးကို ကျင်းပလိုပါက နိုင်ငံတော် သမ္မတက ဦးဆောင်ခေါ်ယူ ကျင်းပရမည်ဟု ပြဌန်းပါရှိပြီး "ကာ/လုံ" ကောင်စီတွင် တပ်မတော်ဘက်မှ (၆) ဦး၊ ပြည်သူများမှ ရွေးကောက်သူများဘက်မှ (၅) ဦး၊ စုစုပေါင်း (၁၁) ဦးပါဝင်ကြောင်း သိရှိရသည်။
ဦးစိုင်းသန်းနိုင်တင်ပြသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကြမ်း အတည်ဖြစ်ပါက
(က) တပ်မတော်သည် နိုင်ငံတော် သမ္မတက သဘောမတူစေကာမူ "ကာ/လုံ" အစည်းအဝေးကို ခေါ်ယူကျင်းပခွင့် ရရှိမည်
(ခ) တပ်မတော်သည် လွှတ်တော် အရပ်ရပ်ကို လိုအပ်ပါက ဖျက်သိမ်းခွင့်အား "ကာ/လုံ" အစည်းအဝေးမှတစ်ဆင့် တင်ပြရယူခွင့် ရရှိမည်
(ဂ) "ကာ/လုံ" ကောင်စီဝင် (၁၁) ဦးတွင် အများစု အရေအတွက်ဖြစ်သော ကောင်စီဝင် (၆) ဦးသည် တပ်မတော်ဘက်မှ ဖြစ်၍ အစည်းအဝေးကျင်းပသည့်အခါ တပ်မတော်၏ သဘောထားသည် အစည်းအဝေးတွင် အဓိကကျမည်
၎။ အဆိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် အဆိုပြုချက်အား တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် (၁၁၀) ဦး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အများစုပါဝင်သော ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် (၃၅) ဦး၊ ပေါင်း (၁၄၅) ဦးက လက်မှတ်ရေးထိုးကာ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြလာခြင်းဖြစ်ကြောင်း မင်္ဂလာဒုံအမတ်ဦးအောင်လှိုင်ဝင်းက ရေးသားဖော်ပြထားသည်။

No comments:

Post a Comment

My Blog List