Tuesday, September 17, 2019

လက်တစ်ဖက် အင်္ဂါမစုံသည့် ကလေးများမွေးလာခြင်းအတွက် ဂျာမနီတွင် စုံစမ်းစစ်ဆေးမှုများ စတင်


Image may contain: sky, tree, house and outdoor
ဂျာမနီနိုင်ငံ အနောက်ပိုင်းက မြို့တစ်မြို့မှာ လက်တစ်ဖက် အင်္ဂါမစုံတဲ့ ကလေး သုံးယောက် မွေးဖွားလာပြီးတဲ့နောက် ဘာ ကြောင့်ဖြစ်ရတာလဲဆိုတဲ့အပေါ် စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီဖြစ်ပါတယ်။
ဂျာမနီနိုင်ငံ ဂယ်ဆင်ကီးယားရှန်မြို့ရဲ့ ဆန့်ခ်မာရီယန် ဆေးရုံမှာ ဇွန်လကနေ စက်တင်ဘာလအတွင်း လက်အင်္ဂါမစုံတဲ့ ကလေးသုံးယောက်မွေးဖွားခဲ့တာပါ။ “ကလေးနှစ်ယောက်က ဘယ်ဘက်လက်မှာ ဖြစ်တာပါ။ လက်မောင်းအထိ အကောင်းအတိုင်းဖြစ်ပေမယ့် လက်ဝါးနဲ့ လက်ချောင်းလေးတွေ မဖွံဖြိုးလာပါဘူး။ နောက်တစ်ယောက်က ညာဘက် လက်မှာ ဖြစ်နေတာပါ။ လက်ဝါးနဲ့ လက်ချောင်းလေးတွေ မဖွံ့ဖြိုးတာ အတူတူပါပဲ”လို့ ဆေးရုံရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

ဒီလို အင်္ဂါချို့ယွင်းတဲ့ ကလေးတွေ မွေးဖွားခဲ့တဲ့ မိသားစုတွေဟာ မျိုးနွယ်၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေ တူညီမှုမရှိကြသူ တွေဖြစ်တယ်လို့လည်း ဆေးရုံကဆိုပါတယ်။ ဒါပေမဲ့ အကုန်လုံး အဲဒီဒေသမှ နေထိုင်သူတွေ ဖြစ်ကြတယ်ဆိုတာကို ထောက်ပြထားပါတယ်။

“ဒီလို အင်္ဂါမစုံဘဲ မွေးတာမျိုးကို မတွေ့ရတာ နှစ်နဲ့ချီနေပါပြီ။ ကြုံရာကျပန်း ဖြစ်တာမျိုးလေးတွေတော့ ရှိပါတယ်။ ဒါပေမဲ့ ဒီလိုကာလတိုအတွင်းမှာ ဒီလိုမွေးဖွားမှုတွေကတော့ တစ်ခုခုဖြစ်နေပြီလို့ ယုံကြည်စရာပါပဲ”လို့လည်း ဆေးရုံကဆိုပါတယ်။ အချက်အလက်တွေအရ ကလေးမွေးဖွားမှုအားလုံးရဲ့ ၁ ရာခိုင်နှုန်းနဲ့ ၂ ရာခိုင်နှုန်းကြားဟာ အင်္ဂါမစုံဘဲ မွေးလေ့ရှိတယ်လို့ လည်း သိရပါတယ်။

မနှစ်တုန်းက ပြင်သစ်နိုင်ငံမှာလည်း ဒေသ သုံးခုမှ ခြေလက်အင်္ဂါမစုံတဲ့ ကလေး ခုနစ်ယောက် မွေးဖွားလာတဲ့အတွင်း နိုင်ငံ တစ်ဝန်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ကြရပါတယ်။ စုံစမ်းစစ်ဆေးမှုအရ နောက်ထပ် ၁၁ မှု ထပ်ပေါ်လာပြီး ၂၀၀၀ ပြည့်နှစ် ကနေ ၂၀၁၄ ခုနှစ်အကြားမှာ ၁၈ မှု ရှိခဲ့တယ်လို့လည်း ပေါ်ထွက်ခဲ့ပါတယ်။ ပြင်သစ် ကျန်းမာရေးဌာနက အဲဒါကို သဘာဝ ပတ်ဝန်းကျင် ပြဿနာအဖြစ် သတိပေးခဲ့ပါတယ်။

Source: CNN

No comments:

Post a Comment

My Blog List