Tuesday, September 17, 2019

ပျော်ဘွယ်မြို့နယ်၌ လမ်း၊ တံတားတည်ဆောက်ရန်ဘက်ဂျက် ပြည်ထောင်စုဘဏ္ဍာငွေခွဲတမ်း၌ သိသာထင်ရှားစွာပါမလာခဲ့ဟု ဆို




မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၌ လမ်း၊ တံတားတည်ဆောက်ရန်ဘက်ဂျက် ပြည်ထောင်စု ဘဏ္ဍာငွေခွဲတမ်း၌ သိသာထင်ရှားစွာပါမလာခဲ့ကြောင်း ပျော်ဘွယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ပြောသည်။

စက်တင်ဘာလ ၁၆ ရက်ကကျင်းပသည့် ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ယင်းကဲ့သို့ပြောခြင်းဖြစ် သည်။
“ လူထုဗဟိုပြုလုပ်ငန်းကိုရရှိခဲ့တဲ့အတွက် ပြည်ထောင်စုဘဏ္ဍာငွေမပေးဘူးဆိုရင် ဆင်းရဲချမ်းသာ ကွာဟမှုကလည်း ဘယ်လိုမှလျော့ချသွားနိုင်မှုမရှိတဲ့အတွက် ပြန်လည်ပြီးတော့ မူဝါဒကိုသုံးသပ်ပေးဖို့ တင်ပြခဲ့တာဖြစ်ပါတယ်။ ဝန်ကြီးဌာနအနေနဲ့ လူထုဗဟိုပြုစီမံကိန်းရလို့ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ခွဲဝေချထားပေးခြင်းမရှိတဲ့မူဝါဒကို ပြန်လည်စိစစ်ပေးမယ့်အကြောင်းနဲ့ ပျော်ဘွယ်မြို့နယ်အတွင်းမှာ ရာသီမရွေးသွားလာနိုင်တဲ့ ကျန်နေတဲ့လမ်းမိုင်ပေါင်း ၁၉၀ ကျော်ကို တိုင်းဒေသကြီးအစိုးရနဲ့ ပြန်လည်ညှိနှိုင်းပြီးပိုလျှံရန်ပုံငွေ ဖြစ်လာပါကဦးစားပေးဆောင်ရွက်ပေးမယ်လို့ရှင်းလင်းခဲ့တဲ့အပေါ် ကျေးဇူးတင်ကြောင်းနဲ့ ပြည်ထောင်စုဘဏ္ဍာငွေခွဲဝေတဲ့အခါမှာပျော်ဘွယ်မြို့နယ်မှာ ကျေးလက် လမ်းတံတားအတွက် ခွင့်ပြုငွေဟာ သိသာထင်ရှားစွာပါမလာခဲ့ပါဘူး” ဟု ပျော်ဘွယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ပြောသည်။
ယင်းကဲ့သို့မဆောင်ရွက်နိုင်ခြင်း၏ အကြောင်းအရင်းကို ဒေသခံများကလည်း သိရှိလိုနေပြီး အစိုးရ၏မူဝါဒသည် နိုင်ငံတော်နှင့်ပြည်သူတို့အတွက်သင့်တော်ခိုင်မာပြီး အားကောင်းရန်လိုအပ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
 “ ကျေးလက်လမ်းဆောင်ရွက်တဲ့အခါမှာရန်ပုံငွေအကန့်အသတ်တွေရှိပါတယ်။ ၁၇-၁၈ ဘဏ္ဍာနှစ်မှာ ပျော်ဘွယ်မြို့နယ်အတွက်လျာထားပေးခြင်းမရှိခဲ့သော်လည်း ကျေးလက်မီးလင်းရေးစီမံကိန်းတွေနဲ့ လူထုဗဟိုပြုစီမံကိန်းတွေမြို့နယ်အတွင်းကျေးရွာအားလုံးကို ခွင့်ပြုရန်ပုံငွေအပေါ်မူတည်ပြီး အခြေခံအဆောက်အဦများ ဆောင်ရွက်ပေးလျက်ရှိပါတယ်” ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးလှကျော်က ပြောသည်။
ချမ်းငြိမ်း(အကုန်သိသတင်းဌာန)

No comments:

Post a Comment

My Blog List