Tuesday, September 17, 2019

ကျောက်ဆည်မြို့နယ်တွင် ဘိန်းဖြူ ၆.၉၁ ကီလိုနှင့် ဘိန်းစိမ်း ၅၉.၈ ကီလို ဖမ်းဆီးရမိ


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဘိန်းဖြူ ၆.၉၁ ကီလိုနှင့် ဘိန်းစိမ်း ၅၉.၈ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ် အထူးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၄ ရက်နေ့ ၂၁၁၅ အချိန် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(၁၈)မန္တလေး(တောင်)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်ဆည်မြို့နယ်၊ ကတဲကျေးရွာအနီး ကတဲ-ကြက်ဆင်ကျေးရွာ သွားလမ်းဘေး၌ ဗွက်နစ်နေသော မော်တော်ယာဉ် ၁ စီးအား မသင်္ကာဖွယ် တွေ့ရှိပြီး ၎င်းယာဉ်ပေါ်မှ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦးတို့မှာ ကြက်ဆင်ကျေးရွာဘက်သို့ လမ်းလျှောက်ထွက်ခွာသွားကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ ကတဲ-ကြက်ဆင်ကျေးရွာ သွားလမ်းဘေးရှိ မော်တော်ယာဉ်၏ နောက်ဖုံးအတွင်းမှ ဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် စုစုပေါင်းဘိန်းဖြူအလေးချိန် ၆.၉၁ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေ ကျပ် ၄၈၃၇ သိန်း)၊ ဘိန်းစိမ်း ၃၉ ကီလို၊ မော်တော်ယာဉ်နံပါတ်ပြား ၂ ခု၊ လက်ကိုင်ဖုန်း ၂ လုံးတို့ အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး အဆိုပါမော်တော်ယာဉ်အား ကျောက်ဆည် မြို့မရဲစခန်းသို့ သယ်ယူပြီး အသေးစိတ် ထပ်မံရှာဖွေရာ ယာဉ်နောက် ခန်း ဝဲ/ယာတံခါး ၂ ချပ်အတွင်းမှ ဘိန်းစိမ်း ၂၀.၈ ကီလို၊ စုစုပေါင်း ဘိန်းစိမ်း ၅၉.၈ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေ ကျပ် ၈၉၇ သိန်း)အားထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ကျောက်ဆည် မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာဥပဒေအဖြင့် အမှုဖွင့် အရေးယူပြီး တရားခံဖမ်းဆီး ရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
The Ladies News

No comments:

Post a Comment

My Blog List