Monday, September 16, 2019

နည်းပညာကောလိပ် နည်းပြကို သတ်ပြီး တိမ်းရှောင်နေသူကို ဖမ်းမိ



မိုးကောင်းမြို့နယ်၊ ရေတွင်းကုန်းကျေးရွာ မှာ အစိုးရနည်းပညာကောလိပ်(မိုးညှင်း)က နည်းပြဆရာမတစ်ဦးကို သတ်ပြီး ထွက်ပြေးတိမ်းရှောင်နေသူ ကျော်ဇင်ထိုက်ကို စက်တင်ဘာ(၁၅)ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ မြစ်ကြီးနားနယ်မြေ ရဲစခန်းက တာဝန်ရှိသူက ပြောပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ ကျော်ဇင်ထိုက် ဟာ ပြီးခဲ့တဲ့ မတ်လ(၁၇)ရက်က မြစ်ကြီးနားရထားပေါ်မှာ သိကျွမ်းခဲ့တဲ့ နည်းပြဆရာမ ဒေါ်မာမာဝင်း ကို နေအိမ်မီးဖိုဆောင်ထဲမှာပဲ သတ်ဖြတ်ပြီး ထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။ အဲဒီလို သတ်ဖြတ်ထွက်ပြေးတာကြောင့် ဒေါ်မာမာဝင်းရဲ့မိခင်ဖြစ်သူ က ပင်းဘောနယ်မြေရဲစခန်းမှာ (ပ)၅/၂၀၁၉၊ပုဒ်မ(၃၀၂)နဲ့ အမှုဖွင့် တိုင်တန်းထားခဲ့တာလည်း ဖြစ်ပါတယ်။
အဲဒီအမှုကို မိုးကောင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက သက်ဆိုင်ရာ ရဲစခန်းတွေကို အကြောင်းကြားပြီး ရှာဖွေခဲ့ရာ စက်တင်ဘာ(၁၅)ရက် မနက်ပိုင်းမှာတော့ လူသတ်မှုနဲ့ထွက်ပြေးတိမ်းရှောင်နေသူ ကျော်ဇင်ထိုက်ကို မြစ်ကြီးနားမြို့၊ မီးရထားဝင်းထဲက တည်းခိုခန်းတစ်ခုအနီးက ထမင်းဆိုင်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ ကျော်ဇင်ထိုက်ကို ရဲလုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက်ဆောင်ရွက် နေတယ်လို့ မြစ်ကြီးနားနယ်မြေရဲစခန်းက သိရပါတယ်။

သတင်း - ဝင်းနိုင်(ကချင်မြေ)


No comments:

Post a Comment

My Blog List