Wednesday, September 18, 2019

ပရိသတ္မသိတဲ့ ပါတီခင္ေဇာ္အျဖစ္ခံယူထားတဲ့ နီနီခင္ေဇာ္



ေတးသံ႐ွင္ နီနီခင္ေဇာ္ က မျကာခင္မွာထြက္ရွိေတာ႕မယ္႕ သူမရဲ႕ ေတးအယ္လ္ဘမ္အသစ္ကို ပါတီခင္ေဇာ္လို႔ အမည္ေပးထားၿပီး ပရိသတ္အတြက္ အသစ္ေတြေပးမယ္လို႔ သိရပါတယ္....။

နီနီ အခုထြက္မယ့္ အယ္လ္ဘမ္ကို နီနီ ဆိုေနက်မဟုတ္တဲ့ ပံုစံေတြ သီခ်င္းေတြပဲ ပရိသတ္ကိုေပးထားတယ္.... တစ္ေခြလံုးပံုစံအသစ္ေတြခ်ည္းပဲ လုပ္ထားတယ္...Psycho ဆန္တဲ့သီခ်င္းတစ္ပုဒ္ပါတယ္...Punk ေတြ.Disco ေတြပါတယ္...။
ထူးထူးျခားျခား Featuring ဆိုထားတာတစ္ပုဒ္႐ွိတယ္ အဲ့ဒီဆိုထားေပးတဲ့သူက ပရိသတ္လံုးဝမထင္ ထားတဲ့သူပါ...အဆိုေတာ္လည္းမဟုတ္ပါဘူး...ေျပာခ်င္တာေတာ့ ပါတီခင္ေဇာ္ က ပရိသတ္သိတဲ့နီနီခင္ေဇာ္ မဟုတ္ပါဘူး...ပရိသတ္အတြက္ အသစ္တစ္ခုျဖစ္သြားေစမွာပါလို႔ ၂၇ ရက္ေန႔ဆို ပရိသတ္လက္ထဲေရာက္ပါၿပီလို႔ ပရိသတ္ေတြအားေပးၾကပါလို႔ ေျပာခ်င္ပါတယ္...။

သူမရဲ့ သီခ်င္းတိုင္းကိုပရိသတ္လက္ခံၾကတဲ့အေပၚမွာေတာ့ .... တကယ္ေတာ့ နီနီ သီခ်င္းေတြကို စဆိုၿပီဆိုတည္းက ကိုယ့္ေသြးသားအရင္းအခ်ာလို သေဘာထားၿပီးဆိုတယ္...ဒါက ဟိုအရင္တည္းက နီနီေျပာဖူးပါတယ္....အဲ့လိုပဲ နီနီ႔ကိုခ်စ္တဲ့ပရိသတ္ေတြကလည္း နီနီသီခ်င္းေတြကိုခ်စ္သလို နားေထာင္တဲ့အခါ သူတို႔လည္း လက္ခံသြားတာလို႔ ထင္ပါတယ္လို႔ ေျပာခဲ့ပါတယ္...။

ေစာရတီႏိုင္
Photo...Facebook
ပရိသတ်မသိတဲ့ ပါတီခင်ဇော်အဖြစ်ခံယူထားတဲ့
နီနီခင်ဇော်

တေးသံရှင် နီနီခင်ဇော် က မကြာခင်မှာထွက်ရှိတော့မယ့် သူမရဲ့ တေးအယ်လ်ဘမ်အသစ်ကို ပါတီခင်ဇော်လို့ အမည်ပေးထားပြီး ပရိသတ်အတွက် အသစ်တွေပေးမယ်လို့ သိရပါတယ်....။

နီနီ အခုထွက်မယ့် အယ်လ်ဘမ်ကို နီနီ ဆိုနေကျမဟုတ်တဲ့ ပုံစံတွေ သီချင်းတွေပဲ ပရိသတ်ကိုပေးထားတယ်....တစ်ခွေလုံးပုံစံအသစ်တွေချည်းပဲ လုပ်ထားတယ်...Psycho ဆန်တဲ့သီချင်းတစ်ပုဒ်ပါတယ်...Punk တွေ.Disco တွေပါတယ်...။ထူးထူး
ခြားခြား Featuring ဆိုထားတာတစ်ပုဒ်ရှိတယ် အဲ့ဒီဆိုထားပေးတဲ့သူက ပရိသတ်လုံးဝမထင်ထားတဲ့သူပါ...အဆိုတော်လည်းမဟုတ်ပါဘူး...ပြောချင်တာတော့ ပါတီခင်ဇော် က ပရိသတ်သိတဲ့နီနီခင်ဇော် မဟုတ်ပါဘူး...ပရိသတ်အတွက် အသစ်တစ်ခုဖြစ်သွားစေမှာပါလို့ ၂၇ ရက်နေ့ဆို ပရိသတ်လက်ထဲရောက်ပါပြီလို့ ပရိသတ်တွေအားပေးကြပါလို့ ပြောချင်ပါတယ်...။

သူမရဲ့ သီချင်းတိုင်းကိုပရိသတ်လက်ခံကြတဲ့အပေါ်မှာတော့ .... တကယ်တော့ နီနီ သီချင်းတွေကို စဆိုပြီဆိုတည်းက ကိုယ့်သွေးသားအရင်းအချာလို သဘောထားပြီးဆိုတယ်...ဒါက ဟိုအရင်တည်းက နီနီပြောဖူးပါတယ်....အဲ့လိုပဲ နီနီ့ကိုချစ်တဲ့ပရိသတ်တွေကလည်း နီနီသီချင်းတွေကိုချစ်သလို နားထောင်တဲ့အခါ သူတို့လည်း လက်ခံသွားတာလို့ ထင်ပါတယ်လို့ ပြောခဲ့ပါတယ်...။

စောရတီနိုင်
Photo...Facebook 

No comments:

Post a Comment

My Blog List