Thursday, September 19, 2019

သာသနာ့နယ္ေျမအတြင္း လူေနထိုင္ျခင္း၊ စီးပြားရွာျခင္းမ်ားကို ရွင္းလင္းဖယ္ရွားမည္ဟု မန္းတိုင္းဝန္ႀကီးခ်ဳပ္ေျပာ


မႏၲေလးတိုင္းေဒသႀကီးအတြင္းရွိ သာသနာ့နယ္ေျမမ်ားတြင္ လူေနထိုင္ျခင္း စီးပြားေရးလုပ္ငန္းမ်ား လုပ္ကိုင္ေနျခင္းတို႔ကို စာရင္းမ်ားေကာက္ယူၿပီး ရွင္းလင္း ဖယ္ရွားသြားရန္ ေဆာင္ရြက္ လ်က္ရွိသည္ဟု မႏၲေလးတိုင္း ဝန္ႀကီးခ်ဳပ္ ေဒါက္တာ ေဇာ္ျမင့္ေမာင္က မဇၩိမသို႔ ေျပာသည္။

"သာသနာ့နယ္ေျမအတြင္းမွာလူေတြေနထိုင္တယ္။ကားဝပ္ေရွာ့ေတြရွိတယ္။ေနာက္ၿပီးက်ေတာ့ ဘယ္ေလာက္ထိေအာင္ ဟိုဝွါျဖစ္လည္းဆိုရင္ ေလာင္းကစားဝိုင္းတစ္ခ်ိဳ႕ အဲဒီထဲမွာရွိေနတယ္ဆိုတာ ေျပာတာေပါ့။ ဒီကိစၥနဲ႔ပတ္သက္ၿပီးေတာ့ ကၽြန္ေတာ္တို႔က တရားဥပေဒစိုးမိုးေရးနဲ႔ လုံျခဳံေအးခ်မ္းေရး ကိုၾကည့္ၿပီး တည္ၿငိမ္ေအးခ်မ္းေရးကို ၾကည့္ၿပီး သာသနာ့ နယ္ေျမထဲမွာ ဒီလို ဘုန္းႀကီးေက်ာင္း သတ္ သတ္မဟုတ္ဘဲနဲ႔တစ္ျခား ေရာေႏွာေနတာေတြရွိလို႔ရွိရင္ စာရင္းေကာက္ေပးပါဆိုၿပီး ကၽြန္ေတာ္ တို႔က ေျပာတာေပါ့ေနာ္။အမွန္ကေတာ့ ဒါက သာသနာသန႔္ရွင္းေရး အပိုင္းတစ္ပိုင္းပါမယ္ဆိုလည္း ေျပာလို႔ ရပါတယ္။အျမင္မတင့္တယ္ဘူး။"ဟု ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ကေျပာသည္။

ၿပီးခဲ့သည့္ ရက္ပိုင္းအတြင္းက မႏၲေလးတိုင္းေဒသႀကီးအတြင္းရွိ ဘုန္းႀကီးေက်ာင္းတစ္ခုတြင္ ယာဥ္ႏွင့္ ပတ္သက္သည့္ စာရြက္စာတမ္းမ်ား၊ နံပါတ္ျပားမ်ား အတုျပဳလုပ္သည္ကို ဖမ္းဆီးရမိခဲ့ၿပီး  ဘုန္းႀကီး ေက်ာင္းတစ္ခ်ိဳ႕တြင္ ေလာင္းကစားဒိုင္မ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း မႏၲေလးတိုင္းေဒသႀကီး ရဲတပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္မ်ားအရသိရသည္။
သာသနာ့နယ်မြေအတွင်း လူနေထိုင်ခြင်း၊ စီးပွားရှာခြင်းများကို ရှင်းလင်းဖယ်ရှားမည်ဟု မန်းတိုင်းဝန်ကြီးချုပ်ပြော

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သာသနာ့နယ်မြေများတွင် လူနေထိုင်ခြင်း စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေခြင်းတို့ကို စာရင်းများကောက်ယူပြီး ရှင်းလင်း ဖယ်ရှားသွားရန် ဆောင်ရွက်လျက် ရှိသည် ဟု မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က မဇ္ဈိမသို့ ပြောသည်။

"သာသနာ့နယ်မြေအတွင်းမှာ လူတွေနေထိုင်တယ်။ကားဝပ်ရှော့တွေရှိတယ်။နောက်ပြီးကျတော့ ဘယ်လောက်ထိအောင် ဟိုဝှါဖြစ်လည်းဆိုရင် လောင်းကစားဝိုင်းတစ်ချို့ အဲဒီထဲမှာရှိနေတယ်ဆိုတာ ပြောတာပေါ့။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့က တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံအေးချမ်းရေး ကိုကြည့်ပြီး တည်ငြိမ်အေးချမ်းရေးကို ကြည့်ပြီး သာသနာ့ နယ်မြေထဲမှာ ဒီလို ဘုန်းကြီးကျောင်း သတ် သတ်မဟုတ်ဘဲနဲ့တစ်ခြား ရောနှောနေတာတွေရှိလို့ရှိရင် စာရင်းကောက်ပေးပါဆိုပြီး ကျွန်တော် တို့က ပြောတာပေါ့နော်။အမှန်ကတော့ ဒါက သာသနာသန့်ရှင်းရေး အပိုင်းတစ်ပိုင်းပါမယ်ဆိုလည်း ပြောလို့ ရပါတယ်။အမြင်မတင့်တယ်ဘူး။"ဟု ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဘုန်းကြီးကျောင်းတစ်ခုတွင် ယာဉ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများ၊ နံပါတ်ပြားများ အတုပြုလုပ်သည်ကို ဖမ်းဆီးရမိခဲ့ပြီး  ဘုန်းကြီး ကျောင်းတစ်ချို့တွင် လောင်းကစားဒိုင်များ ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရသိရသည်။

No comments:

Post a Comment

My Blog List