Thursday, September 19, 2019

“လႊတ္ေတာ္ႀကီးက တျဖည္းျဖည္းနဲ႔ပ်င္းစရာေကာင္းေနတယ္” ဟု ဆိပ္ႀကီးခေနာင္တုိၿမိဳ႕နယ္ လႊတ္ေတာ္ကုိယ္စားလွယ္ ေဒၚစႏၵာမင္း ေျပာ



လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ေဆြးေႏြးလိုသည္မ်ားကို ကန္႔သတ္ထားၾကသျဖင့္ လႊတ္ေတာ္သည္ တျဖည္းျဖည္း ပ်င္းစရာေကာင္းလာေၾကာင္း ဆိပ္ႀကီးခေနာင္တုိၿမိဳ႕နယ္ မဲဆႏၵနယ္(၁) လႊတ္ေတာ္ကုိယ္စားလွယ္ ေဒၚစႏၵာမင္း ကေျပာသည္။

အကုန္သိသတင္းဌာနမွ ယေန႔(စက္တင္ဘာလ ၁၈ ရက္)၌ ဆက္သြယ္ေမးျမန္းရာတြင္ ယခုကဲ့သို႔ ေျဖၾကားေပးျခင္းျဖစ္သည္။
“ကိုယ္စားလွယ္ေတြေဆြးေႏြးခ်င္ပါတယ္ဆိုတဲ့ စာရင္းစစ္ခ်ဳပ္အစီရင္ခံစာမ်ိဳးဆုိရင္ ေပးမေဆြးေႏြးဘူး။ ကန္႔သတ္ထားတယ္။ ဒါမ်ိဳးေတြလုပ္ၾကတယ္။ သက္ဆုိင္ရာဝန္ႀကီးေတြကိုယ္တုိင္က ကုိယ္လုပ္ေနတဲ့ လုပ္ငန္းေတြအေပၚမွာ လႊတ္ေတာ္ကို အခ်ိန္မေရြးတင္ျပႏုိင္ရမွာေပါ့။ အခုဟာက လႊတ္ေတာ္ႀကီးက တျဖည္ျဖည္းနဲ႔ ပ်င္းစရာေကာင္းေနတယ္” ဟု ဆိပ္ႀကီးခေနာင္တုိၿမိဳ႕နယ္ မဲဆႏၵနယ္(၁) လႊတ္ေတာ္ကုိယ္စားလွယ္ ေဒၚစႏၵာမင္းကေျပာသည္။
ရန္ကုန္တုိင္းေဒသႀကီးဒုတိယအႀကိမ္ လႊတ္ေတာ္အစည္းအေဝးဒသမပံုမွန္အစည္းအေဝးပထမေန႔အစီအဥ္ကို စက္တင္ဘာလ ၁၈ ရက္၌ ျပန္လည္စတင္ခဲ့သည္။
“ ဝန္ႀကီးမ်ားမွာယေန႔လႊတ္ေတာ္က်င္းပႏိုင္ရန္ လြန္ခဲ့ေသာ၂၁ ရက္မွႀကိဳတင္ အေၾကာင္းၾကားထားေသာ္လည္း မိမိတို႔အားေမျမန္းထားေသာေမးခြန္းမ်ားကို ႀကိဳတင္ျပင္ဆင္ထားရန္စိတ္မဝင္စားၾကပါ။ ေမးခြန္းမ်ား၏ အေျဖမ်ားကိုလည္း ေအာက္ေျခမွေတာင္းထားရေကာင္းမွန္းမသိပါ။ ဒါေတာင္ဝန္ႀကီးမ်ားအျဖစ္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားထဲမွေရြးခ်ယ္ေပးထားပါေသာ္လည္း လႊတ္ေတာ္ႀကီးကို အက်ိဳးရွိစြာအသံုးမျပဳႏိုင္ပါ။” ဟု ဆိပ္ႀကီးခေနာင္တုိၿမိဳ႕နယ္ မဲဆႏၵနယ္(၁) လႊတ္ေတာ္ကုိယ္စားလွယ္ ေဒၚစႏၵာမင္းက ၎၏ Facebook စာမ်က္ႏွာေပၚတြင္ ေရးသားထားသည္ကိုလည္း ေတြ႕ရွိရသည္။
“ လႊတ္ေတာ္မွာစိတ္ဝင္စားမႈကေတာ္ေတာ္နည္းသြားတယ္။ သတင္းလာယူတဲ့သတင္းသမားေတြေတာင္ ေတာ္ေတာ္နည္းသြားၿပီ” ဟုရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္တြင္ သတင္းတက္ေရာက္ယူေနသည့္ သတင္းေထာက္တစ္ဦးကမွတ္ခ်က္ျပဳသည္။
စက္တင္ဘာလ ၁၈ ရက္၌ ျပန္လည္စတင္ခဲ့သည့္ ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္တြင္ စည္ပင္သာယာေရးေန႔စားဝန္ထမ္းမ်ားအတြက္ ႏုိင္ငံသားစိစစ္ေရးကတ္ျပားမ်ားေဆာင္ရြက္ေပးေရး၊ ကုန္စည္သယ္ယူပို႔ေဆာင္ေရးလြယ္ကူစိတ္ခ်လံုၿခံဳျမန္ဆန္ရန္ ကုန္စည္ဝန္ေဆာင္မႈလုပ္ငန္းစနစ္ အေကာင္အထည္ေဖာ္ေရး၊ အဆင့္ျမင့္သန္႔စင္ခန္းစီစဥ္ေဆာင္ရြက္ေပးေရး၊ ႏွစ္ထပ္ေက်ာင္းေဆာင္၊ ၿခံစည္းရုိးေဆာင္ရြက္ေပးေရးႏွင့္ သန္းေခါင္စာရင္းထုတ္ေပးေရးတုိ႔ကို ေဆြးေႏြးခဲ့ၾကသည္။
ခ်မ္းၿငိမ္း(အကုန္သိသတင္းဌာန)

“လွှတ်တော်ကြီးက တဖြည်းဖြည်းနဲ့ပျင်းစရာကောင်းနေတယ်” ဟု ဆိပ်ကြီးခနောင်တိုမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း ပြော

 

လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးလိုသည်များကို ကန့်သတ်ထားကြသဖြင့် လွှတ်တော်သည် တဖြည်းဖြည်းပျင်းစရာကောင်းလာကြောင်း ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ်(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းကပြောသည်။
 
အကုန်သိသတင်းဌာနမှ ယနေ့(စက်တင်ဘာလ ၁၈ ရက်)၌ ဆက်သွယ်မေးမြန်းရာတွင် ယခုကဲ့သို့ ဖြေကြားပေးခြင်းဖြစ်သည်။
“ကိုယ်စားလှယ်တွေဆွေးနွေးချင်ပါတယ်ဆိုတဲ့ စာရင်းစစ်ချုပ်အစီရင်ခံစာမျိုးဆိုရင် ပေးမဆွေးနွေးဘူး။ ကန့်သတ်ထားတယ်။ ဒါမျိုးတွေလုပ်ကြတယ်။ သက်ဆိုင်ရာဝန်ကြီးတွေကိုယ်တိုင်က ကိုယ်လုပ်နေတဲ့ လုပ်ငန်းတွေအပေါ်မှာ လွှတ်တော်ကို အချိန်မရွေးတင်ပြနိုင်ရမှာပေါ့။ အခုဟာက လွှတ်တော်ကြီးက တဖြည်ဖြည်းနဲ့ ပျင်းစရာကောင်းနေတယ်” ဟု ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ်(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းကပြောသည်။
ရန်ကုန်တိုင်းဒေသကြီးဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးဒသမပုံမှန်အစည်းအဝေးပထမနေ့အစီအဉ်ကို စက်တင်ဘာလ ၁၈ ရက်၌ ပြန်လည်စတင်ခဲ့သည်။
“ ဝန်ကြီးများမှာယနေ့လွှတ်တော်ကျင်းပနိုင်ရန် လွန်ခဲ့သော၂၁ ရက်မှကြိုတင် အကြောင်းကြားထားသော်လည်း မိမိတို့အားမေမြန်းထားသောမေးခွန်းများကို ကြိုတင်ပြင်ဆင်ထားရန်စိတ်မဝင်စားကြပါ။ မေးခွန်းများ၏ အဖြေများကိုလည်း အောက်ခြေမှတောင်းထားရကောင်းမှန်းမသိပါ။ ဒါတောင်ဝန်ကြီးများအဖြစ် လွှတ်တော်ကိုယ်စားလှယ်များထဲမှရွေးချယ်ပေးထားပါသော်လည်း လွှတ်တော်ကြီးကို အကျိုးရှိစွာအသုံးမပြုနိုင်ပါ။” ဟု ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ်(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ၎င်း၏ Facebook စာမျက်နှာပေါ်တွင် ရေးသားထားသည်ကိုလည်း တွေ့ရှိရသည်။
“ လွှတ်တော်မှာစိတ်ဝင်စားမှုကတော်တော်နည်းသွားတယ်။ သတင်းလာယူတဲ့သတင်းသမားတွေတောင် တော်တော်နည်းသွားပြီ” ဟုရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် သတင်းတက်ရောက်ယူနေသည့် သတင်းထောက်တစ်ဦးကမှတ်ချက်ပြုသည်။
စက်တင်ဘာလ ၁၈ ရက်၌ ပြန်လည်စတင်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် စည်ပင်သာယာရေးနေ့စားဝန်ထမ်းများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်ပေးရေး၊ ကုန်စည်သယ်ယူပို့ဆောင်ရေးလွယ်ကူစိတ်ချလုံခြုံမြန်ဆန်ရန် ကုန်စည်ဝန်ဆောင်မှုလုပ်ငန်းစနစ် အကောင်အထည်ဖော်ရေး၊ အဆင့်မြင့်သန့်စင်ခန်းစီစဉ်ဆောင်ရွက်ပေးရေး၊ နှစ်ထပ်ကျောင်းဆောင်၊ ခြံစည်းရိုးဆောင်ရွက်ပေးရေးနှင့် သန်းခေါင်စာရင်းထုတ်ပေးရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ချမ်းငြိမ်း(အကုန်သိသတင်းဌာန)
 

No comments:

Post a Comment

My Blog List