Thursday, September 19, 2019

အင္းေလးေဖာင္ေတာ္ဦးဘုရား ေဒသစာရီလွည့္လည္ ပြဲေတာ္ႀကီးကို အင္းေလးေဒသ ၂၁ ဌာနသို႔ ၁၈ ရက္တိုင္တိုင္ ႂကြခ်ီလွည့္လည္ အပူေဇာ္ခံမည္


အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီလှည့်လည် ပွဲတော်ကြီးကို ယမန်နှစ်က တွေ့ရစဉ်
ရွမ္းျပည္နယ္ေတာင္ပိုင္း ေညာင္ေရႊၿမိဳ႕နယ္၊ အင္းေလးေဖာင္ေတာ္ဦးဘုရား ေဒသစာရီ လွည့္လည္ ပြဲေတာ္ႀကီးကို ၂၀၁၉ ခုႏွစ္ စက္တင္ဘာ ၂၉ ရက္ နံနက္ ၄ နာရီတြင္ စတင္ဖြင့္လွစ္သြားမည္ျဖစ္ကာ ေအာက္တိုဘာ ၁၆ ရက္အထိ ရက္ေပါင္း ၁၈ ရက္တိုင္တိုင္ အင္းေလးေဒသရွိ ၂၁ ဌာနသို႔ ႂကြခ်ီလွည့္လည္ အပူေဇာ္ခံမည္ျဖစ္ကာ စည္ကားသိုက္ၿမိဳက္စြာ က်င္းပသြားမည္ျဖစ္ေၾကာင္း အင္းေလးေဖာင္ေတာ္ဦးဘုရား ေဂါပကအဖြဲ႕ထံမွ သိရသည္။

ယခုႏွစ္တြင္ တစ္မူထူးျခားစြာ အင္း ေပါခုံတြင္ ပထမအႀကိမ္ မီးထြန္းပြဲကို ေအာက္ တိုဘာ ၉ ရက္မွ ၁၃ ရက္အထိ က်င္းပသြား မည္ျဖစ္ကာ၊ မီးထြန္းပြဲ၊ ေလွေလွာ္ၿပိဳင္ပြဲႏွင့္ ေရေပၚရွိုးပြဲတို႔ကိုလည္း ထည့္သြင္းက်င္းပ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
“ႏွစ္စဥ္ သီတင္းကၽြတ္လဆန္း ၁ ရက္ ကေန သီတင္းကၽြတ္လျပည့္ေက်ာ္ ၃ ရက္ ေန႔အထိေပါ့။ လဆန္း ၁ ရက္က ေက်ာင္းေတာ္ဆင္းပြဲ အခမ္းအနားေပါ့။ လျပည့္ေက်ာ္ ၃ ရက္ေန႔ ေက်ာင္းေတာ္ဝင္ပြဲ အခမ္းအနားေပါ့။ ၂၁ ဌာနကို ႂကြခ်ီအပူေဇာ္ခံမယ္။ ဒီႏွစ္ ေတာ့ မီးထြန္းပြဲတို႔ ေလွေလွာ္ၿပိဳင္ပြဲတို႔ ေရေပၚရွိုးေပါ့။ အဲဒါေလးေတြ ပါမယ္ေပါ့။ မီး ထြန္းပြဲဆိုတာ ဒီႏွစ္မွ စလုပ္မယ္ေပ့ါ။ အင္း ေပါခုံဘက္မွာ ေရေပၚသၾကၤန္ က်င္းပတဲ့ေန ရာမွာေပ့ါ။ မီးထြန္းပြဲ မီးေမ်ာပြဲေပ့ါ။ ၉ ရက္ ကေန ၁၃ ရက္အထိေပ့ါ။ ႏွစ္စဥ္အလိုက္ ျပည္သူ႔စစ္ေတြ ရဲေတြနဲ႔ ပင့္ေဆာင္ေရးေကာ္ မတီေတြရွိတယ္၊ စီမံထားပါတယ္။ ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕ေတြနဲ႔ ေဒသခံေတြနဲ႔လည္းလုပ္ထား တယ္။ စီစီတီဗီေတြနဲ႔ လုပ္ထားတယ္” ဟု ေညာင္ေရႊ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္ဝင္းက ေျပာၾကားသည္။
ရွမ္းျပည္နယ္ (ေတာင္ပိုင္း) ေညာင္ေရႊၿမိဳ႕နယ္ အင္းေလးေဒသရွိ ေဖာင္ေတာ္ဦးျမတ္စြာဘုရား ႐ုပ္ပြားေတာ္ေလးဆူ ေဒသစာရီ လွည့္လည္အပူေဇာ္ခံ ပြဲေတာ္ႀကီးကို ေအာက္တိုဘာ ၁၀ ရက္ နံနက္ ၄ နာရီမွစ၍ နမ့္ဟူးေက်းရြာ ေဖာင္ေတာ္ဦး ရတနာစံေက်ာင္းေတာ္မွ စတင္ထြက္ခြာမည္ျဖစ္ကာ၊ အင္းေလးေဒသ ၂၁ ဌာနသို႔ ေဒသစာရီလွည့္လည္ ပူေဇာ္ခံမည္ျဖစ္ေၾကာင္း ဘုရားေဂါပက အဖြဲ႕ထံမွ သိရသည္။
ေဖာင္ေတာ္ဦး ႐ုပ္ရွင္ေတာ္ျမတ္ ႐ုပ္ပြားေတာ္ေလးဆူသည္ ေညာင္ေရႊၿမိဳ႕ရွိ အ႒ဒိသာဓမၼိဟာရ ေက်ာင္းေတာ္ႀကီး၌ ေအာက္တိုဘာ ၅ ရက္၊ ၆ ရက္၊ ၇ ရက္၊ သုံးရက္သုံးညတိုင္တိုင္ သီတင္းသုံး၍ အပူေဇာ္ခံမည္ျဖစ္ကာ ေအာက္တိုဘာ ၁၆ ရက္ နံနက္ ၈ နာရီခြဲတြင္ ေညာင္ေရႊၿမိဳ႕ ေဖာင္ေတာ္ဦး ေက်ာင္းေတာ္ဝင္ပြဲ အခမ္းအနား ေဒသစာရီႂကြခ်ီေတာ္ မူလာမည္ျဖစ္သည္။
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေညာင္ေရႊၿမိဳ႕နယ္ အင္းေလးကန္ ေဖာင္ေတာ္ဦးဘုရား ေဒသစာရီ ႂကြခ်ီအပူေဇာ္ခံပြဲေတာ္ကို ႏွစ္စဥ္သီတင္းကၽြတ္လဆန္း ၁ ရက္မွ လျပည့္ေက်ာ္ ၃ ရက္၊ အထိ က်င္းပျမဲျဖစ္ကာ စက္တင္ဘာ ၂၉ ရက္မွ ေအာက္တိုဘာ ၁၆ ရက္အထိ ၁၈ ရက္တိုင္တိုင္ အပူေဇာ္ခံ လွည့္လည္သြားမည္ ျဖစ္ေၾကာင္း ေဖာင္ေတာ္ဦးဘုရား ေဂါပကထံမွ သတင္းရရွိသည္။
ယခင္ႏွစ္မ်ားမွ စတင္၍ ေဖာင္ေတာ္ဦးဘုရား ပင့္ေဆာင္ရန္လာေသာ ဘုရားဆြဲေလွမ်ားသည္ မီးႀကိဳးမ်ားႏွင့္ ဓာတ္လိုက္တတ္သျဖင့္ ဘုရားဆြဲေလွမ်ားတြင္ စတီးအလံတိုင္မ်ား တပ္ဆင္ျခင္း မျပဳလုပ္ရန္ အင္းတိုင္းရင္းသားလူမ်ိဳးေရးရာ ဝန္ႀကီးမွ တားျမစ္ခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။
ေဖာင္ေတာ္ဦးဘုရား ရတနာစံေက်ာင္းေတာ္ႀကီးမွ စက္တင္ဘာ၂၉ ရက္ သီတင္းကၽြတ္လဆန္း ၁ ရက္ နံနက္ ၄ နာရီတြင္ အခမ္းအနားဖြင့္လွစ္ၿပီး နံနက္ ၇ နာရီတြင္ စတင္ထြက္ခြာမည္ျဖစ္ကာ ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာ ၁၆ ရက္ လျပည့္ေက်ာ္ ၃ ရက္ေန႔အထိ ေက်း ရြာေပါင္း ၂၁ ဌာနတြင္ စံျမန္းသီတင္းသုံး သြားမည္ျဖစ္ကာ ရက္ ေပါင္း ၁၈ ရက္ ၾကာ ျမင့္မည္ျဖစ္ၿပီး သီတင္း ကၽြတ္လျပည့္ေက်ာ္ ၃ ရက္တြင္ မူလေက်ာင္းေတာ္သို႔ ျပန္လည္ ေရာက္ရွိမည္ျဖစ္ေၾကာင္း သိရသည္။
ေဖာင္ေတာ္ဦးဘုရားကို ေက်ာင္းေတာ္ေပၚတြင္ တင္ယူပင့္ေဆာင္ၾကၿပီး ေရွ႕မွ ဘုရားႀကိဳဆြဲေလွ ၁၅ စီးခန႔္ဆြဲေစကာ အေနာက္တြင္ ဓမၼစၾကာရြတ္ဆိုေသာအဖြဲ႕ေလွ ၁၅ စီးခန႔္လိုက္ပါကာ ေဒသစာရီ ႂကြခ်ီျခင္းလည္း ျဖစ္သည္။ ဘုရားေလးဆူကိုသာ ပင့္ေဆာင္ၿပီး၊ ရဟႏၲာတစ္ဆူကို ပင့္ေဆာင္ျခင္း မရွိေၾကာင္း ဘုရားေဂါပကဥကၠ႒ ဦးထြန္းေအာင္က ေျပာၾကားသည္။
အင္းတိုင္းရင္းသားတို႔၏ ရိုးရာဓေလ့ပြဲေတာ္ တစ္ခုျဖစ္ေသာ ေလွေလွာ္ၿပိဳင္ပြဲကိုလည္း ေက်ာင္းေတာ္ဝင္မည့္ေန႔ လျပည့္ေက်ာ္ ၃ ရက္တြင္ ဗိုလ္လုပြဲကို ယွဥ္ၿပိဳင္သြားမည္ျဖစ္ေၾကာင္း သိရသည္။
တက္ေလွၿပိဳင္ပြဲတြင္ လူ ၁၀၀ ေလွာ္ျခင္း၊ ၄၆ ဦးေလွာ္ျခင္း၊ အမ်ိဳးသမီး ၂၆ ဦးေလွာ္ျခင္း၊ တစ္ဦးခ်င္းအလိုက္ တက္ေလွၿပိဳင္ပြဲမ်ားကို ရိုးရာမပ်က္ ယခုႏွစ္တြင္လည္း ပါဝင္ယွဥ္ၿပိဳင္ သြားမည္ျဖစ္ေၾကာင္း သိရသည္။ လူ ၁၀၀ ေက်ာ္ ေလွာ္ခတ္ရေသာ တက္ေလွအဖြဲ႕မ်ား မွာ ေက်းရြာအုပ္စုအလိုက္ ေကလာ၊ ရြာႀကီး ေရွ႕၊ ရြာႀကီးေျမာက္၊ အိုးကုန္း၊ ေရႊျပည္သာ၊ ၾကာေတာ၊ ဇရပ္ႀကီး၊ ေရတန္းဟူ၍ ရွစ္ဖြဲ႕ရွိ ၿပီး၊ တက္ေလွ ၄၆ ဦး အဖြဲ႕တြင္ ေက်းရြာအုပ္စု အလိုက္ ေကလာ၊ ဇရပ္ႀကီး၊ ေရသာကုန္း၊ အိမ္ေထာင့္ႀကီးဟူ၍ ေလးဖြဲ႕၊ အမ်ိဳးသမီး ႏွစ္ဖြဲ႕၊ တစ္ဦးခ်င္း ေလးဖြဲ႕ရွိေၾကာင္း သိရသည္။
အင္းေလးေဒသ ေဖာင္ေတာ္ဦးဘုရား ေဒသစာရီ ႂကြခ်ီေတာ္မူသည့္ ေက်းရြာတစ္ေလၽွာက္တြင္ ပြဲမ်ားစည္ကားေနၿပီး၊ ျပည္တြင္း ျပည္ပမွ ခရီးသြားဧည့္သည္မ်ား လာေရာက္ ဖူးေမၽွာ္ၾကသျဖင့္ ေမာ္ေတာ္ယာဥ္မ်ား၊ စက္ေလွမ်ားျဖင့္ ႏွစ္စဥ္ႏွစ္တိုင္း ျပည့္က်ပ္ေနေလ့ရွိၿပီး၊ လူဦးေရ သိန္းေပါင္းမ်ားစြာ လာေရာက္ၾကေသာ ပြဲလည္းျဖစ္သည္။
ေဖာင္ေတာ္ဦးဘုရား ေဒသစာရီ<ကခ်ီ အပူေဇာ္ခံပြဲေတာ္တြင္း လိုက္နာက်င့္သုံးရ မည့္ စည္းကမ္းခ်က္ႏွင့္ ညႊန္ၾကားခ်က္မ်ား ထုတ္ထားၿပီး၊ လုံျခဳံေရးကို အထူးဂ႐ုစိုက္ ေစာင့္ေရွာက္သြားၾကရန္၊ ကန္တြင္းသို႔ အမွိုက္ ႏွင့္ ပလတ္စတစ္မ်ား မစြန႔္ပစ္ရန္၊ ဌာနတိုင္း တြင္ ဘုရားႀကိဳဆြဲေလွ၊ ေလွသားမ်ားသည္ မိမိတို႔တိုင္းရင္းသားဝတ္စုံမ်ားကို အားလုံး တူညီဝတ္စုံအျဖစ္ ဝတ္ဆင္ၾကရန္ စသျဖင့္ ရွစ္ခ်က္ပါရွိေၾကာင္း သိရသည္။    

Eleven Media Group
အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီလှည့်လည် ပွဲတော်ကြီးကို အင်းလေးဒေသ ၂၁ ဌာနသို့ ၁၈ ရက်တိုင်တိုင် ကြွချီလှည့်လည် အပူဇော်ခံမည်

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီ လှည့်လည်ပွဲတော်ကြီးကို ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၉ ရက် နံနက် ၄ နာရီတွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကာ အောက်တိုဘာ ၁၆ ရက်အထိ ရက်ပေါင်း ၁၈ ရက်တိုင်တိုင် အင်းလေးဒေသရှိ ၂၁ ဌာနသို့ ကြွချီလှည့်လည် အပူဇော်ခံမည်ဖြစ်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း အင်းလေးဖောင်တော်ဦးဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။

ယခုနှစ်တွင် တစ်မူထူးခြားစွာ အင်း ပေါခုံတွင် ပထမအကြိမ် မီးထွန်းပွဲကို အောက် တိုဘာ ၉ ရက်မှ ၁၃ ရက်အထိ ကျင်းပသွား မည်ဖြစ်ကာ၊ မီးထွန်းပွဲ၊ လှေလှော်ပြိုင်ပွဲနှင့် ရေပေါ်ရှိုးပွဲတို့ကိုလည်း ထည့်သွင်းကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“နှစ်စဉ် သီတင်းကျွတ်လဆန်း ၁ ရက် ကနေ သီတင်းကျွတ်လပြည့်ကျော် ၃ ရက် နေ့အထိပေါ့။ လဆန်း ၁ ရက်က ကျောင်းတော်ဆင်းပွဲ အခမ်းအနားပေါ့။ လပြည့်ကျော် ၃ ရက်နေ့ ကျောင်းတော်ဝင်ပွဲ အခမ်းအနားပေါ့။ ၂၁ ဌာနကို ကြွချီအပူဇော်ခံမယ်။ ဒီနှစ် တော့ မီးထွန်းပွဲတို့ လှေလှော်ပြိုင်ပွဲတို့ ရေပေါ်ရှိုးပေါ့။ အဲဒါလေးတွေ ပါမယ်ပေါ့။ မီး ထွန်းပွဲဆိုတာ ဒီနှစ်မှ စလုပ်မယ်ပေ့ါ။ အင်း ပေါခုံဘက်မှာ ရေပေါ်သင်္ကြန် ကျင်းပတဲ့နေ ရာမှာပေ့ါ။ မီးထွန်းပွဲ မီးမျောပွဲပေ့ါ။ ၉ ရက် ကနေ ၁၃ ရက်အထိပေ့ါ။ နှစ်စဉ်အလိုက် ပြည်သူ့စစ်တွေ ရဲတွေနဲ့ ပင့်ဆောင်ရေးကော် မတီတွေရှိတယ်၊ စီမံထားပါတယ်။ မြို့နယ် ရဲတပ်ဖွဲ့တွေနဲ့ ဒေသခံတွေနဲ့လည်းလုပ်ထား တယ်။ စီစီတီဗီတွေနဲ့ လုပ်ထားတယ်” ဟု ညောင်ရွှေ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက ပြောကြားသည်။
ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ ဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ပွားတော်လေးဆူ ဒေသစာရီ လှည့်လည်အပူဇော်ခံ ပွဲတော်ကြီးကို အောက်တိုဘာ ၁၀ ရက် နံနက် ၄ နာရီမှစ၍ နမ့်ဟူးကျေးရွာ ဖောင်တော်ဦး ရတနာစံကျောင်းတော်မှ စတင်ထွက်ခွာမည်ဖြစ်ကာ၊ အင်းလေးဒေသ ၂၁ ဌာနသို့ ဒေသစာရီလှည့်လည် ပူဇော်ခံမည်ဖြစ်ကြောင်း ဘုရားဂေါပက အဖွဲ့ထံမှ သိရသည်။
ဖောင်တော်ဦး ရုပ်ရှင်တော်မြတ် ရုပ်ပွားတော်လေးဆူသည် ညောင်ရွှေမြို့ရှိ အဋ္ဌဒိသာဓမ္မိဟာရ ကျောင်းတော်ကြီး၌ အောက်တိုဘာ ၅ ရက်၊ ၆ ရက်၊ ရ ရက်၊ သုံးရက်သုံးညတိုင်တိုင် သီတင်းသုံး၍ အပူဇော်ခံမည်ဖြစ်ကာ အောက်တိုဘာ ၁၆ ရက် နံနက် ၈ နာရီခွဲတွင် ညောင်ရွှေမြို့ ဖောင်တော်ဦး ကျောင်းတော်ဝင်ပွဲ အခမ်းအနား ဒေသစာရီကြွချီတော် မူလာမည်ဖြစ်သည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးကန် ဖောင်တော်ဦးဘုရား ဒေသစာရီ ကြွချီအပူဇော်ခံပွဲတော်ကို နှစ်စဉ်သီတင်းကျွတ်လဆန်း ၁ ရက်မှ လပြည့်ကျော် ၃ ရက်၊ အထိ ကျင်းပမြဲဖြစ်ကာ စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၁၆ ရက်အထိ ၁၈ ရက်တိုင်တိုင် အပူဇော်ခံ လှည့်လည်သွားမည် ဖြစ်ကြောင်း ဖောင်တော်ဦးဘုရား ဂေါပကထံမှ သတင်းရရှိသည်။
ယခင်နှစ်များမှ စတင်၍ ဖောင်တော်ဦးဘုရား ပင့်ဆောင်ရန်လာသော ဘုရားဆွဲလှေများသည် မီးကြိုးများနှင့် ဓာတ်လိုက်တတ်သဖြင့် ဘုရားဆွဲလှေများတွင် စတီးအလံတိုင်များ တပ်ဆင်ခြင်း မပြုလုပ်ရန် အင်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးမှ တားမြစ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဖောင်တော်ဦးဘုရား ရတနာစံကျောင်းတော်ကြီးမှ စက်တင်ဘာ၂၉ ရက် သီတင်းကျွတ်လဆန်း ၁ ရက် နံနက် ၄ နာရီတွင် အခမ်းအနားဖွင့်လှစ်ပြီး နံနက် ရ နာရီတွင် စတင်ထွက်ခွာမည်ဖြစ်ကာ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၆ ရက် လပြည့်ကျော် ၃ ရက်နေ့အထိ ကျေး ရွာပေါင်း ၂၁ ဌာနတွင် စံမြန်းသီတင်းသုံး သွားမည်ဖြစ်ကာ ရက် ပေါင်း ၁၈ ရက် ကြာ မြင့်မည်ဖြစ်ပြီး သီတင်း ကျွတ်လပြည့်ကျော် ၃ ရက်တွင် မူလကျောင်းတော်သို့ ပြန်လည် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
ဖောင်တော်ဦးဘုရားကို ကျောင်းတော်ပေါ်တွင် တင်ယူပင့်ဆောင်ကြပြီး ရှေ့မှ ဘုရားကြိုဆွဲလှေ ၁၅ စီးခန့်ဆွဲစေကာ အနောက်တွင် ဓမ္မစကြာရွတ်ဆိုသောအဖွဲ့လှေ ၁၅ စီးခန့်လိုက်ပါကာ ဒေသစာရီ ကြွချီခြင်းလည်း ဖြစ်သည်။ ဘုရားလေးဆူကိုသာ ပင့်ဆောင်ပြီး၊ ရဟန္တာတစ်ဆူကို ပင့်ဆောင်ခြင်း မရှိကြောင်း ဘုရားဂေါပကဥက္ကဋ္ဌ ဦးထွန်းအောင်က ပြောကြားသည်။
အင်းတိုင်းရင်းသားတို့၏ ရိုးရာဓလေ့ပွဲတော် တစ်ခုဖြစ်သော လှေလှော်ပြိုင်ပွဲကိုလည်း ကျောင်းတော်ဝင်မည့်နေ့ လပြည့်ကျော် ၃ ရက်တွင် ဗိုလ်လုပွဲကို ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
တက်လှေပြိုင်ပွဲတွင် လူ ၁၀၀ လှော်ခြင်း၊ ၄၆ ဦးလှော်ခြင်း၊ အမျိုးသမီး ၂၆ ဦးလှော်ခြင်း၊ တစ်ဦးချင်းအလိုက် တက်လှေပြိုင်ပွဲများကို ရိုးရာမပျက် ယခုနှစ်တွင်လည်း ပါဝင်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။ လူ ၁၀၀ ကျော် လှော်ခတ်ရသော တက်လှေအဖွဲ့များ မှာ ကျေးရွာအုပ်စုအလိုက် ကေလာ၊ ရွာကြီး ရှေ့၊ ရွာကြီးမြောက်၊ အိုးကုန်း၊ ရွှေပြည်သာ၊ ကြာတော၊ ဇရပ်ကြီး၊ ရေတန်းဟူ၍ ရှစ်ဖွဲ့ရှိ ပြီး၊ တက်လှေ ၄၆ ဦး အဖွဲ့တွင် ကျေးရွာအုပ်စု အလိုက် ကေလာ၊ ဇရပ်ကြီး၊ ရေသာကုန်း၊ အိမ်ထောင့်ကြီးဟူ၍ လေးဖွဲ့၊ အမျိုးသမီး နှစ်ဖွဲ့၊ တစ်ဦးချင်း လေးဖွဲ့ရှိကြောင်း သိရသည်။
အင်းလေးဒေသ ဖောင်တော်ဦးဘုရား ဒေသစာရီ ကြွချီတော်မူသည့် ကျေးရွာတစ်လျှောက်တွင် ပွဲများစည်ကားနေပြီး၊ ပြည်တွင်း ပြည်ပမှ ခရီးသွားဧည့်သည်များ လာရောက် ဖူးမျှော်ကြသဖြင့် မော်တော်ယာဉ်များ၊ စက်လှေများဖြင့် နှစ်စဉ်နှစ်တိုင်း ပြည့်ကျပ်နေလေ့ရှိပြီး၊ လူဦးရေ သိန်းပေါင်းများစွာ လာရောက်ကြသော ပွဲလည်းဖြစ်သည်။
ဖောင်တော်ဦးဘုရား ဒေသစာရီ<ကချီ အပူဇော်ခံပွဲတော်တွင်း လိုက်နာကျင့်သုံးရ မည့် စည်းကမ်းချက်နှင့် ညွှန်ကြားချက်များ ထုတ်ထားပြီး၊ လုံခြုံရေးကို အထူးဂရုစိုက် စောင့်ရှောက်သွားကြရန်၊ ကန်တွင်းသို့ အမှိုက် နှင့် ပလတ်စတစ်များ မစွန့်ပစ်ရန်၊ ဌာနတိုင်း တွင် ဘုရားကြိုဆွဲလှေ၊ လှေသားများသည် မိမိတို့တိုင်းရင်းသားဝတ်စုံများကို အားလုံး တူညီဝတ်စုံအဖြစ် ဝတ်ဆင်ကြရန် စသဖြင့် ရှစ်ချက်ပါရှိကြောင်း သိရသည်။    

Eleven Media Group 

No comments:

Post a Comment

My Blog List