Wednesday, September 11, 2019

ဦးလှဆွေကို ဖမ်းဝရမ်း သက်တမ်းတိုး


Image may contain: one or more people and outdoor
အစ္စလာမ်ဘာသာရဲ့ တမန်တော်ကိုစော်ကားပုတ်ခတ်ပြောဆိုတယ်ဆိုပြီး ပုဒ်မ ၂၉၅-က နဲ့ တရားစွဲခံထားရတဲ့ ဦးလှဆွေကို ကျောက်တံတားတရားရုံးက ၀ရမ်းသက်တမ်း ထပ်တိုးလိုက်ပါတယ်။ ဦးလှဆွေကို ဖမ်းဝရမ်းထုတ်ထားပေမယ့် ရဲတပ်ဖွဲ့ကမဖမ်းဆီးနိုင်တဲ့အတွက် စက်တင်ဘာ(၂၅)ရက်အထိ ဝရမ်းသက်တမ်း ထပ်တိုးပေးတာဖြစ်တယ်လို့ သိရပါတယ်။

စက်တင်ဘာ(၂၅)ရက်အထိမှ ရဲတပ်ဖွဲ့က ဝရမ်းမသွင်းနိုင်ဘူးဆိုရင်တော့ ဦးလှဆွေကို တရားခံပြေးအဖြစ် သတ်မှတ်ကာ ဥပဒေအရ ဆက်လက်ဆောင်ရွက်နိုင်တယ်လို့ အဲဒီအမှုကိုလာရောက်လေ့လာတဲ့ အထက်တန်းရှေ့နေ ဦးသန်းအောင်က ပြောပါတယ်။
မြန်မာ့တပ်မတော်အရာရှိတွေကို အမေရိကန်နိုင်ငံက အရေးယူပိတ်ဆို့တာနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ သြဂုတ်(၃)ရက်ကပြုလုပ်တဲ့ ကန့်ကွက်ရှုံ့ချပွဲမှာ အစ္စလာမ်ဘာသာရဲ့ တမန်တော်ကို စော်ကားပုတ်ခတ်ပြောဆိုခဲ့တယ်ဆိုပြီး အစ္စလာမ် ဘာသာရေးဆရာတစ်ဦးဖြစ်တဲ့ ဦးစန်းအောင်က ကျောက်တံတားတရားရုံးမှာ ဦးတိုက်လျှောက်ထားခဲ့တာဖြစ်ပါတယ်။ အဲဒီဦးတိုက်လျှောက်ထားမှုကို တရားရုံးကလက်ခံပြီး ဦးလှဆွေကို ဖမ်းဝရမ်းထုတ်ခဲ့တာဖြစ်ပါတယ်။
 

သတင်း-ဖြိုးဝေလင်း
  

No comments:

Post a Comment

My Blog List