Friday, September 20, 2019

နိုင္ငံသားနံပါတ္မ်ားထပ္ေနသည့္ လူမ်ားရွိလွ်င္ ျမို့နယ္ဦးစီးမႉးရံုးနွင့္ ဆက္သြယ္ေဆာင္ရြက္ မည္ဆိုပါက အျမန္ဆံုးေျဖရွင္းေဆာင္ရြက္ေပးရန္ညႊန္ၾကားထား


Image may contain: 2 people, hat and beard
ႏိုင္ငံသားနံပါတ္မ်ားကို လက္ရွိတြင္ ျမို့နယ္မွ စိစစ္လ်က္ရွိျပီး နိုင္ငံသားနံပါတ္မ်ားထပ္ေနသည့္ လူမ်ားရွိလွ်င္ ျမို့နယ္ ဦးစီးမႉးရံုးနွင့္ ဆက္သြယ္ေဆာင္ရြက္ မည္ဆိုပါက အျမန္ဆံုးေျဖရွင္းေဆာင္ရြက္ေပးရန္ ညွြန္ျကားထားျပီးျဖစ္ေျကာင္း၊ ဝန္ျကီးဌာနအေနျဖင့္ နိုင္ငံသားမ်ားအတြက္ အခြင့္အေရးမ်ား မဆံုးရံႈးေစရန္ သတ္မွတ္ထားသည့္ ဥပေဒမ်ားနွင့္အညီ ဆက္လက္ေဆာင္ရြက္ေပးသြားမည္ ျဖစ္ေၾကာင္း အလုပ္သမား၊ လူဝင္မႈျကီးျကပ္ေရးနွင့္ ျပည္သူ့ အင္အားဝန္ျကီးဌာန ျပည္ေထာင္စုဝန္ျကီး ဦးသိန္းေဆြက စက္တင္ဘာ ၁၉ ရက္တြင္ေျပာသည္။

ျပည္သူ႕လႊတ္ေတာ္အစည္းအေ၀းတြင္ မိုးကုတ္ မဲဆနၵနယ္မွ ဦးေအာင္နိုင္ (ခ) ဦးနိုင္ငံေက်ာ္က မိုးကုတ္ ျမို့နယ္တြင္ နိုင္ငံသားစိစစ္ေရးကတ္နံပါတ္မ်ား ထပ္ေနသည့္အတြက္ နိုင္ငံသားမ်ား၏ မူလအခြင့္အေရး မဆံုးရံႈးေစရန္ သက္ဆိုင္ရာဝန္ျကီးဌာနအေနျဖင့္ မည္ကဲ့သို့ အျမန္ဆံုး ေျဖရွင္းေပးမည္ကို သိလိုျခင္းနွင့္စပ္လ်ဉ္း၍ ေမးျမန္းခဲ့မႈအား ျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္သည္။
ျမို့နယ္တစ္ခုလံုးရွိ နံပါတ္မ်ားကို ဝန္ျကီးဌာနအေနျဖင့္ ေလွ်ာက္ထား လာသူမ်ားရွိပါက စိစစ္လ်က္ရွိေျကာင္း၊ ထိုကဲ့သို့ ထပ္ျခင္းသည္ လူပုဂၢိုလ္တစ္ဦးခ်င္းမွ လက္ေရးနွင့္ေရးသြင္းရျခင္းနွင့္ ျပန္လည္စိစစ္မႈမ်ား အားနည္းခဲ့သည့္အတြက္ နိုင္ငံေတာ္ အစိုးရအေနျဖင့္ e-Government အေကာင္ အထည္ေဖာ္ေရးဗဟိုေကာ္မတီလမ္းညွြန္ျပီး URD လုပ္ငန္းမ်ားကို လုပ္ငန္းအေကာင္အထည္ ေဖာ္ေရးေကာ္မတီ ဖြဲ့စည္းေပးထား ေျကာင္း၊ URD လုပ္ငန္း၊ Unit ID လုပ္ငန္းမ်ား၊ EID လုပ္ငန္းမ်ားကို အေကာင္အထည္ ေဖာ္ ေဆာင္ရြက္နိုင္မည္ဆိုပါက နည္းပညာအရ နံပါတ္မ်ား၊ လူမ်ား လံုးဝထပ္နိုင္သည့္ အေနအထားမရွိေျကာင္းႏွင့္ တစ္နိုင္ငံလံုးအတိုင္းအတာျဖင့္ ေဆာင္ရြက္ရန္ စီမံခ်က္ ခ်မွတ္ေဆာင္ရြက္လ်က္ရွိသည္ဟု ျပည္ေထာင္စု၀န္ႀကီး ဦးသိန္းေဆြက ဆက္လက္ေျပာၾကားခဲ့သည္။
The Ladies News
နိုင်ငံသားနံပါတ်များထပ်နေသည့် လူများရှိလျှင် မြို့နယ်ဦးစီးမှူးရုံးနှင့် ဆက်သွယ်ဆောင်ရွက် မည်ဆိုပါက အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးရန်ညွှန်ကြားထား
------------------------------------------------------------
နိုင်ငံသားနံပါတ်များကို လက်ရှိတွင် မြို့နယ်မှ စိစစ်လျက်ရှိပြီး နိုင်ငံသားနံပါတ်များထပ်နေသည့် လူများရှိလျှင် မြို့နယ်ဦးစီးမှူးရုံးနှင့် ဆက်သွယ်ဆောင်ရွက် မည်ဆိုပါက အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံသားများအတွက် အခွင့်အရေးများ မဆုံးရှုံးစေရန် သတ်မှတ်ထားသည့် ဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက စက်တင်ဘာ ၁၉ ရက်တွင်ပြောသည်။
ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မိုးကုတ် မဲဆန္ဒနယ်မှ ဦးအောင်နိုင် (ခ) ဦးနိုင်ငံကျော်က မိုးကုတ် မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်နံပါတ်များ ထပ်နေသည့်အတွက် နိုင်ငံသားများ၏ မူလအခွင့်အရေး မဆုံးရှုံးစေရန် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် မည်ကဲ့သို့ အမြန်ဆုံး ဖြေရှင်းပေးမည်ကို သိလိုခြင်းနှင့်စပ်လျဉ်း၍ မေးမြန်းခဲ့မှုအား ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
မြို့နယ်တစ်ခုလုံးရှိ နံပါတ်များကို ဝန်ကြီးဌာနအနေဖြင့် လျှောက်ထား လာသူများရှိပါက စိစစ်လျက်ရှိကြောင်း၊ ထိုကဲ့သို့ ထပ်ခြင်းသည် လူပုဂ္ဂိုလ်တစ်ဦးချင်းမှ လက်ရေးနှင့်ရေးသွင်းရခြင်းနှင့် ပြန်လည်စိစစ်မှုများ အားနည်းခဲ့သည့်အတွက် နိုင်ငံတော် အစိုးရအနေဖြင့် e-Government အကောင် အထည်ဖော်ရေးဗဟိုကော်မတီလမ်းညွှန်ပြီး URD လုပ်ငန်းများကို လုပ်ငန်းအကောင်အထည် ဖော်ရေးကော်မတီ ဖွဲ့စည်းပေးထား ကြောင်း၊ URD လုပ်ငန်း၊ Unit ID လုပ်ငန်းများ၊ EID လုပ်ငန်းများကို အကောင်အထည် ဖော် ဆောင်ရွက်နိုင်မည်ဆိုပါက နည်းပညာအရ နံပါတ်များ၊ လူများ လုံးဝထပ်နိုင်သည့် အနေအထားမရှိကြောင်းနှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ရန် စီမံချက် ချမှတ်ဆောင်ရွက်လျက်ရှိသည်ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဆက်လက်ပြောကြားခဲ့သည်။

The Ladies News 

No comments:

Post a Comment

My Blog List