Friday, September 20, 2019

အင်းစိန် ဆေးဝါးစက်ရုံမှူးကို တရားစွဲမတင်နိုင်သေး အမှုတည်ဆောက်ရန် လိုအပ်ချက်ရှိနေဟု စက်ရုံမှူး၏ ဥပဒေအကြံပေးပြော



 
အဂတိလိုက်စားမှုပုဒ်မ ဖြင့် အမှုဖွင့်ထိန်းသိမ်းထားသည့် အင်းစိန် (BPI)ဆေးဝါးစက်ရုံမှူး ဒေါက်တာအောင်ဇော်ကို အမှုတည်ဆောက်ရာတွင် လိုအပ်ချက်များရှိနေသေးသည်ဆိုကာ အင်းစိန်မြို့နယ် တရားရုံး၌ ချုပ် ရမန်ထပ်မံယူခဲ့သည်။

စက်တင်ဘာ ၁၉ ရက်က အင်းစိန်မြို့နယ် တရားရုံးတွင်ဒုတိယအကြိမ်ရုံးထုတ်ရာ ချုပ်ရမန် ၁၃ ရက်ထပ်မံယူခဲ့သည်။ သို့ သော် အောက်တိုဘာ ၂ ရက်တွင် စတင်တရားစွဲဆိုစစ်ဆေးရန်ရှိ ကြောင်း ဒေါက်တာအောင်ဇော် ၏ဥပဒေအကြံပေးအဖြစ် ဆောင် ရွက်သူ ဦးခင်မောင်မြင့်က ပြော သည်။

‘‘မူလသိထားတာက ဒေါက် တာအောင်ဇော်ကို တိုင်းတရား လွှတ်တော်မှာ အဂတိလိုက်စား မှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲ တင်မယ်လို့ ကျွန်တော်တို့သိထား ပါတယ်။ သို့သော် တရားစွဲအဖွဲ့ အစည်းအနေနဲ့ အမှုစွဲတင်နိုင်ဖို့ အမှုတည်ဆောက်တဲ့နေရာမှာ လိုအပ်ချက်လေးတွေရှိနေသေး တဲ့အတွက် တရားစွဲမတင်သေး ဘဲနဲ့ ဒီနေ့ချုပ်ရမန်ဆင့်ယူတာ ဖြစ်ပါတယ်’’ ဟု ဦးခင်မောင်မြင့် က ယမန်နေ့တွင် ပြောသည်။
 အမှုရင်ဆိုင်နေရသည့် ဒေါက်တာအောင်ဇော်ဘက်မှ အထက်တန်းရှေ့နေနှင့် တရား လွှတ်တော်ရှေ့နေငါးဦး ပါဝင် သည့် ဥပဒေအထောက်အကူပြု အဖွဲ့ ဖွဲ့စည်း၍ လိုက်ပါကူညီ ဆောင်ရွက်ရန် စီစဉ်ထားကြောင်း ၎င်းကဆက်လက်ပြောသည်။
စက်တင်ဘာ ၉ ရက်က ပထမအကြိမ်ရုံးချိန်းတွင် BPI စက်ရုံဝန်ထမ်း ၁၀၀ ကျော် လာရောက် ၀န်းရံခဲ့သော်လည်း ယမန်နေ့ ဒုတိယအကြိမ်ရုံးချိန်း၌ လာရောက်ဝန်းရံသူ နည်းပါး ကြောင်း ဦးခင်မောင်မြင့်က ဆို သည်။
 ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေကိုယ်တိုင် ဆင်း လာပြီးတော့ ၀န်ထမ်းတွေ ဒီရုံး ချိန်းကို မသွားရဘူး။ ခွင့်မပေး ဘူး။ သွားခဲ့ရင် အရေးယူမယ်ဆို တဲ့ ဆောင်ရွက်ချက်တွေရှိတယ် လို့လည်း သိရပါတယ်’’ ဟု ၎င်း ကဆက်လက်ပြောသည်။
 စံချိန်စံညွှန်းနှင့်မကိုက်ညီ သော ကော်စေ့ ၂၆ တန်မှထုတ် လုပ်သည့် ပလတ်စတစ်ဘူး ခြောက်သိန်းကျော်တွင် သွေး ကြောသွင်းဆေးရည်များ ထည့် သွင်းပြီး ကျန်းမာရေးနှင့်အားက စားဝန်ကြီးဌာနသို့ ရောင်းချခဲ့ ကြောင်း၊ အဆိုပါသွေးကြော သွင်းဆေးရည် စိမ့်ဝင်မှုသည် သတ်မှတ်ပမာဏထက် နည်း ခြင်း၊ ဘူးခွံများတွင် ခဲပါဝင်မှု သတ်မှတ်ပမာဏထက် များနေ ခြင်းတို့ကြောင့် အသုံးမပြုရန် မှတ်ချက်ပြု၍ နိုင်ငံတော်က ကျပ်သန်း ၅၀၀ ခန့်ဆုံးရှုံးခဲ့ရ ကြောင်း ကနဦးသတင်းများ၌ ဖော်ပြထားသည်။
တင်ဒါနှင့်မညီသော ကော် စေ့ထုတ်လုပ်ခဲ့သည့် သွေးကြော သွင်းဆေးရည်ဘူးများ သုံးစွဲခြင်း မပြုရန် ကျန်းမာရေးနှင့်အားက စားဝန်ကြီးဌာနက ညွှန်ကြားခဲ့ ကြောင်း အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင် ညွှန်ကြားရေး မှူး ဦးကျော်စိုးက ပြောသည်။
 ဒေါက်တာအောင်ဇော်ကို အဂတိတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ ဖြင့် အင်းစိန်မြို့မရဲစခန်း၌ စက်တင်ဘာ ၆ ရက်က အမှုဖွင့် ခဲ့သည်။
7Day 

No comments:

Post a Comment

My Blog List