Monday, September 16, 2019

မူဆယ်မြို့တွင် ပြည့်တန်ဆာ အလိုရှိသည်ဟု ကြော်ငြာကပ်ခဲ့သူ လေးဦးကို စစ်ဆေးနေ


ဓာတ်ပုံ -  ပြည့်စုံ
ရှမ်းပြည်နယ် မူဆယ်မြို့တွင် ပြည့်တန်ဆာအသစ် အလိုရှိသည်ဟု ကြော်ငြာကပ်ခဲ့ သော မြန်မာနိုင်ငံ သားလေးဦးကို စစ်ဆေးနေပြီး ကျန်ရှိသူများကို ထပ်မံဖမ်းဆီးနိုင်ရေး ကြိုးစားနေကြောင်း မူဆယ်မြို့ နယ်ရဲစခန်းမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ မူဆယ်မြို့တွင် စက်တင်ဘာ ၁၄ ရက် ညပိုင်းတွင် မူဆယ်မြို့တွင် ပြည့်တန်ဆာလုပ်ရန်အတွက် မ အသက် (၁၈ နှစ် မှ ၂၅ နှစ်)အတွင်း ၂၅ ယောက်အလိုရှိသည် ဟူသော ကြော်ငြာကပ်ခဲ့သဖြင့် စက်တင်ဘာ  ၁၅ ရက်တွင် ရဲတပ်ဖွဲ့ကဖုန်းနံပါတ်မှတစ်ဆင့် ဆက်သွယ်ပြီး အသွင်ယူ၍ ဖမ်းဆီးခဲ့ရာ မြန်မာနိုင်ငံသားလေးဦးကို ဖမ်းဆီးရမိခဲ့ပြီး နောက်ထပ် ကျူးလွန်သူများကို ထပ်မံဖမ်း ဆီးနိုင်ရေးဆောင်ရွက်နေကြောင်း မူဆယ်မြို့နယ်ရဲစခန်းမှ သိရသည်။
“လောလောဆယ်တော့ စိစစ်ဆဲပေါ့နော်။ အဲဒါတော့ ဖမ်းဆီးရေးအဖွဲ့က တခြား ဟာတွေ ဖမ်းဆီးရေးအတွက် အပြင်ပြန်ထွက်သွားတော့ သူတို့ကိုမေးပြီးတော့မှ ဖြေလို့ရ မယ်နော်။ အသွင်ယူပြီးဖမ်းခဲ့တာတော့ မှန်တယ်။ ဘာမှကိုမလုပ်ရသေးဘူး။ စိစစ်ဆဲပဲ ရှိပါသေးတယ်။ မြန်မာနိုင်ငံသားတွေပါ” ဟု မူဆယ်မြို့မရဲစခန်းမှ တာဝန်ရှိ ရဲအရာရှိက ပြောကြားသည်။
အဆိုပါ ကျူးလွန်သူဟုယူဆသူ လေးဦးကို ဖမ်းဆီးစိစစ်ဆဲဖြစ်ကာ အရေးယူနိုင်ရန် မူဆယ်မြို့မရဲစခန်းက ဆောင်ရွက်နေကြောင်း သိရသည်။  

Eleven Media Group

No comments:

Post a Comment

My Blog List