Thursday, September 19, 2019

ဧရာ၀တီအစိုးရ လ၀က၀န္ၾကီးအသစ္ကို အတည္ျပဳ ၊ မွတ္ပံုတင္ႏွင့္အလုပ္သမားကိစၥမ်ား ဦးစားေပးလုပ္မည္ဟုဆို


Image may contain: 1 person, standing and indoor
ဧရာ၀တီတိုင္းေဒသႀကီးအစိုးရ၊ လူ၀င္မွဳႀကီးၾကပ္ေရးႏွင့္ လူ႕စြမ္းအားအရင္းအျမစ္၀န္ႀကီးဌာန ဝန္ႀကီးအျဖစ္ ပုသိမ္ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၁)မွ တိုင္းေဒသၾကီးလႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာစိုး၀င္းကို ယေန႔ စက္တင္ ဘာလ ၁၉ ရက္တြင္ က်င္းပေသာ ဧရာဝတီတိုင္းေဒသႀကီးလႊတ္ေတာ္က အတည္ျပဳခဲ့ေၾကာင္း တိုင္းလႊတ္ေတာ္ ကိုယ္စားလွယ္မ်ားထံမွ သိရသည္။


ဧရာဝတီတိုင္းေဒသႀကီးအတြင္းရွိ ျပည္သူမ်ား၏ မွတ္ပံုတင္ေရးရာကိစၥရပ္မ်ားႏွင့္ အလုပ္သမားကိစၥရပ္မ်ားကို ဦးစားေပးကိုင္တြယ္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ဝန္ႀကီးျဖစ္လာသူ ေဒါက္တာစိုး၀င္းက ေျပာၾကားသည္။
ေဒါက္တာစိုး၀င္း သည္ ရန္ကုန္ေဆးတကၠသိုလ္မွ ေဒါက္တာဘြဲ႕ကို ၁၉၇၉-ခုႏွစ္တြင္ ရရွိခဲ့ၿပီး လက္ရွိအခ်ိန္တြင္ ျပင္ပေဆးခန္းဖြင့္လွစ္ထားသည္။
ယခင္က ပုသိမ္ၿမိဳ႕နယ္ႏွင့္ ကန္ႀကီးေထာင့္ၿမိဳ႕နယ္တို႔တြင္ ၿမိဳ႕နယ္က်န္းမာေရးအရာရွိအျဖစ္ တာ၀န္ယူခဲ့ကာ NLD ပါတီသို႕၀င္ေရာက္ခဲ့ၿပီးေနာက္ ၂၀၁၅ ခုႏွစ္ ေရြးေကာက္ပြဲတြင္ ပုသိမ္ၿမိဳ႕နယ္၊ မဲဆႏၵနယ္အမွတ္(၁)မွ တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္အျဖစ္ ေရြးခ်ယ္တင္ေျမွာက္ျခင္းခံခဲ႕ရေၾကာင္း၊ တိုင္းေဒသၾကီး လႊတ္ေတာ္တြင္ ဥပေဒစိစစ္ေရးေကာ္မတီဥကၠ႒အျဖစ္ တာ၀န္ေပးအပ္ျခင္းခံရသူျဖစ္ေၾကာင္း လႊတ္ေတာ္ မွတ္တမ္းမ်ားအရ သိရသည္။
“ကန္႕ကြက္လႊာတင္သြင္းတဲ႕သူလည္းမရွိပါဘူး၊ ျဖစ္သင့္ျဖစ္ထိုက္တဲ့သူျဖစ္တဲ့အတြက္လည္း တိုင္းေဒသ ႀကီးအတြက္ အားကိုးယံုၾကည္ရမယ္လို႔ထင္ပါတယ္၊ သူက က်န္းမာေရးမေကာင္းတဲ႕အတြက္လည္း သူ႕အတြက္ စိုးရိမ္မိပါတယ္”ဟု လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးက မွတ္ခ်က္ေပးသည္။
ဧရာ၀တီတိုင္းေဒသႀကီးအစိုးရအဖြဲ႕ လူ၀င္မႈႀကီးၾကပ္ေရးႏွင့္္လူ႕စြမ္းအားအရင္းအျမစ္၀န္ႀကီးဌာန ဖြဲ႕စည္းရန္ႏွင့္ ၀န္ႀကီးအသစ္ခန္႔အပ္ရန္ ဇူလိုင္လ ၂ ရက္ေန႕တြင္ တိုင္းလႊတ္ေတာ္အေရးေပၚအစည္းအေ၀းကို ေခၚယူက်င္းပ ခဲ့ေသာ္လည္း ၀န္ႀကီးသစ္ကို အတည္မျပဳႏုိင္ခဲ့ဘဲ အခ်ိန္ႏွစ္လေက်ာ္ၾကာျမင့္ၿပီး ယေန႕စက္တင္ဘာလ ၁၉ ရက္ေရာက္မွသာ အတည္ျပဳႏုိင္ခဲ့ျခင္းျဖစ္ေၾကာင္း တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္မ်ားထံမွ သိရသည္။
ZawG
ဓာတ္ပံု - ZawG
ဧရာဝတီအစိုးရ လဝကဝန်ကြီးအသစ်ကို အတည်ပြု ၊ မှတ်ပုံတင်နှင့်အလုပ်သမားကိစ္စများ ဦးစားပေးလုပ်မည်ဟုဆို

ပုသိမ်၊ စက်တင်ဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီးအစိုးရ၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ပုသိမ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးဝင်းကို ယနေ့ စက်တင်ဘာလ ၁၉ ရက်တွင် ကျင်းပသော ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်က အတည်ပြုခဲ့ကြောင်း တိုင်းလွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ မှတ်ပုံတင်ရေးရာကိစ္စရပ်များနှင့် အလုပ်သမားကိစ္စရပ်များကို ဦးစားပေးကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဖြစ်လာသူ ဒေါက်တာစိုးဝင်းက ပြောကြားသည်။

ဒေါက်တာစိုးဝင်း သည် ရန်ကုန်ဆေးတက္ကသိုလ်မှ ဒေါက်တာဘွဲ့ကို ၁၉၇၉-ခုနှစ်တွင် ရရှိခဲ့ပြီး လက်ရှိအချိန်တွင် ပြင်ပဆေးခန်းဖွင့်လှစ်ထားသည်။

ယခင်က ပုသိမ်မြို့နယ်နှင့် ကန်ကြီးထောင့်မြို့နယ်တို့တွင် မြို့နယ်ကျန်းမာရေးအရာရှိအဖြစ် တာဝန်ယူခဲ့ကာ NLD ပါတီသို့ဝင်ရောက်ခဲ့ပြီးနောက် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပုသိမ်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရကြောင်း၊ တိုင်းဒေသကြီး လွှတ်တော်တွင် ဥပဒေစိစစ်ရေးကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခြင်းခံရသူဖြစ်ကြောင်း လွှတ်တော် မှတ်တမ်းများအရ သိရသည်။

“ကန့်ကွက်လွှာတင်သွင်းတဲ့သူလည်းမရှိပါဘူး၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့သူဖြစ်တဲ့အတွက်လည်း တိုင်းဒေသ ကြီးအတွက် အားကိုးယုံကြည်ရမယ်လို့ထင်ပါတယ်၊ သူက ကျန်းမာရေးမကောင်းတဲ့အတွက်လည်း သူ့အတွက် စိုးရိမ်မိပါတယ်”ဟု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက မှတ်ချက်ပေးသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့််လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဖွဲ့စည်းရန်နှင့် ၀န်ကြီးအသစ်ခန့်အပ်ရန် ဇူလိုင်လ ၂ ရက်နေ့တွင် တိုင်းလွှတ်တော်အရေးပေါ်အစည်းအဝေးကို ခေါ်ယူကျင်းပ ခဲ့သော်လည်း ၀န်ကြီးသစ်ကို အတည်မပြုနိုင်ခဲ့ဘဲ အချိန်နှစ်လကျော်ကြာမြင့်ပြီး ယနေ့စက်တင်ဘာလ ၁၉ ရက်ရောက်မှသာ အတည်ပြုနိုင်ခဲ့ခြင်းဖြစ်ကြောင်း တိုင်းလွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

ZawG

ဓာတ်ပုံ - ZawG 

No comments:

Post a Comment

My Blog List