Friday, September 20, 2019

ဒုတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္(၁၃)ႀကိမ္ေျမာက ္ပုံမွန္အစည္းအေဝးက်င္းပၿပီးစီး


Image may contain: 1 person, sitting and indoor
၂၀၁၉ ခုႏွစ္ ဇူလိုင္ ၁၅ ရက္က စတင္က်င္းပခဲ့တဲ့ ဒုတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္(၁၃)ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝးဟာ ဒီကေန႔ စက္တင္ဘာ(၂၀)ရက္မွာ က်င္းပၿပီးစီးခဲ့ၿပီး အစည္းအေ၀းကာလအတြင္း ဥပေဒ(၇)ခု အတည္ျပဳထုတ္ျပန္ႏိုင္ခဲ့ပါတယ္။
အစည္းအေ၀းကာလ ရက္ေပါင္း(၆၈)ရက္အတြင္းမွာ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေ၀းကို (၂၆)ရက္ က်င္းပခဲ့တာျဖစ္ပါတယ္။
အခုက်င္းပၿပီးစီးခဲ့တဲ့ (၁၃)ႀကိမ္ေျမာက္ အစည္းအေ၀းကေနလာမယ့္ ေအာက္တိုဘာ(၁)ရက္မွာ စတင္မယ့္ ၂၀၁၉ -၂၀၂၀ဘ႑ာေရးႏွစ္အတြက္ နိုင္ငံေတာ္ရဲ႕အမ်ိဳးသားစီမံကိန္းဥပေဒၾကမ္း၊ ျပည္ေထာင္စုရဲ႕ဘ႑ာေငြအရသံုးဆိုင္ရာ ဥပေဒၾကမ္းနဲ႔(၂၀၁၉)ခုႏွစ္ ျပည္ေထာင္စု၏အခြန္အေကာက္ဥပေဒၾကမ္းတို႔ကို ေဆြးေႏြးအတည္ျပဳေပးႏိုင္ခဲ့တယ္လို႔ ျပည္ေထာင္စုလႊတ္ေတာ္နာယက ဦးတီခြန္ျမတ္က ေျပာပါတယ္။
“၂၀၁၈-၂၀၁၉ ခုႏွစ္ဘ႑ာေရးႏွစ္ဟာ မၾကာခင္မွာကုန္ဆံုးေတာ့မွာ ျဖစ္တဲ့အတြက္ ျပည္ေထာင္စုလႊတ္ေတာ္ဆိုင္ရာဖြံ႔ၿဖိဳးေရးရံပံုေငြနဲ႔ ေဆာင္ရြက္ခဲ့တဲ့ လုပ္ငန္းေတြအတြက္ ယေန႔အထိလုပ္ငန္းၿပီးစီးေၾကာင္း(၁၄၂)ၿမိဳ႕နယ္က အစီရင္ခံစာတင္ျပၿပီးျဖစ္ပါတယ္။ က်န္ရွိတဲ့ၿမိဳ႕နယ္ေတြအေနနဲ႔ သတ္မွတ္ရက္ အမီေပးပို႔ၾကဖို႔နဲ႔ ပိုလွ်ံရံပံုေငြေတြရွိပါက ေငြတိုက္ဦးစီးဌာနကိုအခ်ိန္မီ ျပန္လည္အပ္ႏွံၾကဖို႔ ျဖစ္ပါတယ္” လို႔ ဦးတီခြန္ျမတ္က ဆိုပါတယ္။
အစည္းအေ၀းကာလအတြင္းမွာ ဥပေဒ(၇)ခု အတည္ျပဳထုတ္ျပန္ႏိုင္ခဲ့သလို ၂၀၁၉ ခုႏွစ္ ျပည္ေထာင္စုရဲ႕ အခြန္ အေကာက္ဆိုင္ရာဥပေဒၾကမ္းအပါအ၀င္ ဥပေဒၾကမ္းႏွစ္ခုကိုလည္း ႏိုင္ငံေတာ္သမၼတက လက္မွတ္ေရးထိုး ထုတ္ျပန္ႏိုင္ဖို႔ ေပးပို႔ထားၿပီးျဖစ္တယ္လို႔ နာယက က ဆိုပါတယ္။
ဒါ့အျပင္ ႏိုင္ငံေတာ္သမၼတထံကေနေပးပို႔လာတဲ့ အျပည္ျပည္ဆိုင္ရာသေဘာတူစာခ်ဳပ္ေတြနဲ႔သက္ဆိုင္တဲ့ကိစၥရပ္ ၅ခု၊ ျပည္ပေခ်းေငြဆိုင္ရာကိစၥရပ္ ၃ ခုတို႔ကိုေဆြးေႏြးအတည္ျပဳတာေတြ ၂၀၀၈ ခုႏွစ္ ဖြဲ႔စည္းပံုအေျခခံဥပေဒ ျပင္ဆင္ေရး လုပ္ငန္းနဲ႔သက္ဆိုင္တဲ့အစီရင္ခံစာေတြအပါအ၀င္ သက္ဆိုင္ရာဌာနအဖြဲ႔အစည္းေတြက ေပးပို႔လာတဲ့ အစီရင္ခံစာစုစုေပါင္း ၁၀ ခုကို ေဆြးေႏြးျခင္းအတည္ျပဳမွတ္တမ္းတင္တာေတြ ေဆာင္ရြက္ႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။
လႊတ္ေတာ္အစည္းအေ၀းေတြရပ္နားထားတဲ့ကာလအတြင္းမွာ မဲဆႏၵနယ္ေျမအလိုက္ ျပည္သူေတြရဲ႕ လူမႈစီးပြားဘ၀ဖြံ႔ၿဖိဳးတိုးတက္ေရးကို တတ္စြမ္းသမွ် ျဖည့္ဆည္းေဆာင္ရြက္ေပးၾကဖို႔ တိုက္တြန္းေျပာၾကားခဲ့ပါတယ္။

သတင္း - ၿငိမ္းခ်မ္းေအာင္
Unicode Version
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကျင်းပပြီးစီး
၂၀၁၉ ခုနှစ် ဇူလိုင် ၁၅ ရက်က စတင်ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးဟာ ဒီကနေ့ စက်တင်ဘာ(၂၀)ရက်မှာ ကျင်းပပြီးစီးခဲ့ပြီး အစည်းအဝေးကာလအတွင်း ဥပဒေ(၇)ခု အတည်ပြုထုတ်ပြန်နိုင်ခဲ့ပါတယ်။
အစည်းအဝေးကာလ ရက်ပေါင်း(၆၈)ရက်အတွင်းမှာ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို (၂၆)ရက် ကျင်းပခဲ့တာဖြစ်ပါတယ်။
အခုကျင်းပပြီးစီးခဲ့တဲ့ (၁၃)ကြိမ်မြောက် အစည်းအဝေးကနေလာမယ့် အောက်တိုဘာ(၁)ရက်မှာ စတင်မယ့် ၂၀၁၉ -၂၀၂ဝဘဏ္ဍာရေးနှစ်အတွက် နိုင်ငံတော်ရဲ့အမျိုးသားစီမံကိန်းဥပဒေကြမ်း၊ ပြည်ထောင်စုရဲ့ဘဏ္ဍာငွေအရသုံးဆိုင်ရာ ဥပဒေကြမ်းနဲ့(၂၀၁၉)ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကြမ်းတို့ကို ဆွေးနွေးအတည်ပြုပေးနိုင်ခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ပြောပါတယ်။
“၂၀၁၈-၂၀၁၉ ခုနှစ်ဘဏ္ဍာရေးနှစ်ဟာ မကြာခင်မှာကုန်ဆုံးတော့မှာ ဖြစ်တဲ့အတွက် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဖွံ့ဖြိုးရေးရံပုံငွေနဲ့ ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေအတွက် ယနေ့အထိလုပ်ငန်းပြီးစီးကြောင်း(၁၄၂)မြို့နယ်က အစီရင်ခံစာတင်ပြပြီးဖြစ်ပါတယ်။ ကျန်ရှိတဲ့မြို့နယ်တွေအနေနဲ့ သတ်မှတ်ရက် အမီပေးပို့ကြဖို့နဲ့ ပိုလျှံရံပုံငွေတွေရှိပါက ငွေတိုက်ဦးစီးဌာနကိုအချိန်မီ ပြန်လည်အပ်နှံကြဖို့ ဖြစ်ပါတယ်” လို့ ဦးတီခွန်မြတ်က ဆိုပါတယ်။
အစည်းအဝေးကာလအတွင်းမှာ ဥပဒေ(၇)ခု အတည်ပြုထုတ်ပြန်နိုင်ခဲ့သလို ၂၀၁၉ ခုနှစ် ပြည်ထောင်စုရဲ့အခွန်အကောက်ဆိုင်ရာဥပဒေကြမ်းအပါအဝင် ဥပဒေကြမ်းနှစ်ခုကိုလည်း နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးထုတ်ပြန်နိုင်ဖို့ ပေးပို့ထားပြီးဖြစ်တယ်လို့ နာယက က ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံတော်သမ္မတထံကနေပေးပို့လာတဲ့ အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်တွေနဲ့သက်ဆိုင်တဲ့ကိစ္စရပ် ၅ခု၊ ပြည်ပချေးငွေဆိုင်ရာကိစ္စရပ် ၃ ခုတို့ကိုဆွေးနွေးအတည်ပြုတာတွေ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းနဲ့သက်ဆိုင်တဲ့အစီရင်ခံစာတွေအပါအဝင် သက်ဆိုင်ရာဌာနအဖွဲ့အစည်းတွေက ပေးပို့လာတဲ့ အစီရင်ခံစာစုစုပေါင်း ၁ဝ ခုကို ဆွေးနွေးခြင်းအတည်ပြုမှတ်တမ်းတင်တာတွေ ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
လွှတ်တော်အစည်းအဝေးတွေရပ်နားထားတဲ့ကာလအတွင်းမှာ မဲဆန္ဒနယ်မြေအလိုက် ပြည်သူတွေရဲ့လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို တတ်စွမ်းသမျှ ဖြည့်ဆည်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။

သတင်း - ငြိမ်းချမ်းအောင်

No comments:

Post a Comment

My Blog List