Monday, September 16, 2019

မြောက်ကိုရီးယားသို့ လာရောက်ရန် ထရမ့်ကို မြောက်ကိုရီးယားခေါင်းဆောင် စာဖြင့် ဖိတ်ကြား


Image may contain: 2 people
မြောက်ကိုရီးယားကို လာရောက်လည်ပတ်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က သြဂုတ်လမှာ စာရေးသားပေးပို့ခဲ့တယ်လို့ တောင်ကိုရီးယားသတင်းစာတစ်စောင်က စက်တင်ဘာ ၁၆ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။

အခုစာဟာ ထရမ့်အတွက် ကင်ဆီက ဒုတိယမြောက်လက်ခံရရှိတဲ့ စာလည်းဖြစ်ပါတယ်။ သြဂုတ်လ တတိယမြောက် သီတင်းပတ်မှာ ပေးပို့ခဲ့တဲ့ စာထဲမှာ ကင်က ထရမ့်ကို ထပ်မံတွေ့ဆုံ ဖို့ ဆန္ဒရှိနေကြောင်း ရေးသားခဲ့တယ်လို့ ဆိုပါတယ်။
အခုသတင်းနဲ့ပတ်သတ်ပြီး အိမ်ဖြူတော်၊အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ မြောက်ကိုရီးယားဘက်က တုံ့ပြန်အတည်ပြုခြင်းမရှိသေးပါဘူး။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကင်နဲ့ အခုနှစ်ကုန်လောက်မှာ တွေ့ဆုံချင်တယ်လို့ ပြောကြားထားပြီးဖြစ်ပါတယ်။

Ref;CNA
People Media
 

No comments:

Post a Comment

My Blog List