Monday, September 23, 2019

အျခားပါတီမွ ႏႈတ္ထြက္ၿပီး ၀င္ေရာက္လာပါက စိတ္ေစတနာႏွင့္ လုပ္ေဆာင္ခ်က္အေပၚမူတည္ၿပီး သင့္ေလ်ာ္သည့္ေန ရာ၊ သင့္ေလ်ာ္သည့္တာဝန္ကို ေပးမည္ဟု သူရဦးေရႊမန္းေျပာ


Image may contain: 1 person, indoor

ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ ပါတီသည္ အျခားပါတီမ်ားမွ ပါတီဝင္မ်ားကို သြားေရာက္စည္း႐ံုး ဖိတ္ေခၚျခင္း မျပဳေၾကာင္း သို႕ေသာ္လည္း အျခားပါတီမွ ႏုတ္ထြက္ၿပီး သီးျခားရပ္တည္ေနသူမ်ားက ဝင္ေရာက္လာလ်ွင္လည္း ႀကိဳဆိုေၾကာင္း၊ခြဲျခားဆက္ဆံမႈမရွိဘဲ စိတ္ေစတနာႏွင့္ လုပ္ေဆာင္ခ်က္အေပၚမူတည္ၿပီး သင့္ေလ်ာ္သည့္ ေနရာ၊ သင့္ေလ်ာ္သည့္တာဝန္ကို ေပးမည္ျဖစ္ေၾကာင္း ပါတီ ေခါင္းေဆာင္ သူရဦးေရႊမန္းကေျပာၾကားလိုက္သည္။

မႏၲေလးတိုင္းေဒသၾကီး၊ ခ်မ္းေအးသာစံၿမိဳ႕နယ္ပါတီရံုး၌ ျပဳလုပ္သည့္ ပါတီ၏ေခါင္းေဆာင္ သူရဦးေရႊမန္းႏွင့္ ပါတီမွ တာဝန္႐ွိပုဂၢဳိလ္မ်ား၊ မႏၲေလးတိုင္းေဒသႀကီး ယာယီစည္းရံုးေရးေကာ္မတီဝင္မ်ား၊ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ေအာင္ေျမသာစံၿမိဳ႕နယ္၊ မဟာေအာင္ေျမၿမိဳ႕နယ္၊ ပုသိမ္ႀကီးၿမိဳ႕နယ္ တို႔မွ ယာယီစည္းရံုးေရး ေကာ္မတီဝင္မ်ားေတြ႕ဆုံပြဲတြင္ယင္းသို႕ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီအေနျဖင့္ ပါတီဝင္အျဖစ္ စည္း႐ံုးေဆာင္ရြက္ရာတြင္ မည့္သည့္ႏိုင္ငံေရးပါတီတြင္မ်ွ ပါတီဝင္အျဖစ္ ဝင္ေရာက္ထားျခင္းမရွိသူမ်ားကို စည္းရံုးေဆာင္ရြက္ေၾကာင္း၊ အေရးႀကီး သည္မွာ ႏိုင္ငံအတြက္၊ ျပည္သူ႔အတြက္ စိတ္တူကိုယ္တူ ေဆာင္ ရြက္ၾကရန္ျဖစ္ေၾကာင္း၊မိမိတို႔ပါတီ၏ ႏိုင္ငံေရးမူဝါဒလမ္းစဥ္အေပၚ ယံုၾကည္ခ်က္၊ ခံယူခ်က္ျဖင့္ ပူးေပါင္းေဆာင္ရြက္ၾကရန္ ျဖစ္သည္ဟု သူရဦးေရႊမန္းကေျပာသည္။
လက္ရွိအေျခအေနကို ေလ့လာဆန္းစစ္ၿပီး ႏိုင္ငံ့အက်ိဳး၊ ျပည္သူ႔ အက်ိဳးအတြက္ ေဆာင္ရြက္လိုပါက ယခုအတိုင္းေနျခင္းထက္ ႏိုင္ငံေရးပလက္ေဖာင္းတစ္ခုအေပၚ ရပ္တည္ၿပီး ႏိုင္ငံကို ေျပာင္းလဲ တိုးတက္ေအာင္ ေဆာင္ရြက္မည္လား ဆိုသည္ကို ႏိုင္ငံကို ခ်စ္ျမတ္ႏိုးၾကသူတိုင္း ဆန္းစစ္ၾကရန္လိုေၾကာင္း၊အေျပာင္းအလဲ ဆိုရာတြင္ ေကာင္းမြန္ေသာ အေျပာင္းအလဲ ျဖစ္ရန္လိုေၾကာင္း၊ အေျပာင္းအလဲ ဆိုတိုင္း ေကာင္းမြန္သည္ဟု မဆိုႏိုင္ေၾကာင္း ၊ေျပာင္းလဲေစလိုေသာဆႏၵျဖင့္ အေျပာင္းအလဲျပဳလုပ္ေသာ္လည္း ေျပာင္းပံုေျပာင္းနည္း၊ လုပ္နည္းလုပ္ဟန္ မေကာင္းပါက ပိုမိုဆိုး သြားႏိုင္ေၾကာင္း သို႔ျဖစ္၍ အေျပာင္းအလဲျပဳလုပ္ရန္၊ ေကာင္းမြန္ေသာ အေျပာင္းအလဲ ျဖစ္ေျမာက္ရန္အတြက္ စနစ္တက်ျပင္ဆင္ရန္ လိုအပ္သည္၊ အတိတ္က ျဖစ္ပ်က္ေတြ႔ႀကံဳရသည့္ ကိစၥရပ္မ်ားအနက္ ေကာင္းသည့္ကိစၥရပ္မ်ားဆိုလ်ွင္ နမူနာယူ၊ ပညာယူရန္ လိုအပ္ေၾကာင္း လည္း သူရဦးေရႊမန္းက ဆက္လက္ေျပာၾကားခဲ့သည္။
The Ladies News
 အခြားပါတီမှ နှုတ်ထွက်ပြီး ၀င်ရောက်လာပါက စိတ်စေတနာနှင့် လုပ်ဆောင်ချက်အပေါ်မူတည်ပြီး သင့်လျော်သည့်နေရာ၊ သင့်လျော်သည့်တာဝန်ကို ပေးမည်ဟု သူရဦးရွှေမန်းပြော
--- --- ---
ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီသည် အခြားပါတီများမှ ပါတီဝင်များကို သွားရောက်စည်းရုံး ဖိတ်ခေါ်ခြင်းမပြုကြောင်း သို့သော်လည်း အခြားပါတီမှ နုတ်ထွက်ပြီး သီးခြားရပ်တည်နေသူ များက ဝင်ရောက်လာလျှင်လည်း ကြိုဆိုကြောင်း၊ခွဲခြားဆက်ဆံမှုမရှိဘဲ စိတ်စေတနာနှင့် လုပ်ဆောင်ချက်အပေါ် မူတည်ပြီး သင့်လျော်သည့် နေရာ၊ သင့်လျော်သည့်တာဝန်ကို ပေးမည်ဖြစ်ကြောင်း ပါတီ ခေါင်းဆောင် သူရဦးရွှေမန်းကပြောကြားလိုက်သည်။
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ပါတီရုံး၌ ပြုလုပ်သည့် ပါတီ၏ခေါင်းဆောင် သူရဦးရွှေမန်းနှင့် ပါတီမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မန္တလေးတိုင်းဒေသကြီး ယာယီစည်းရုံးရေးကော်မတီဝင်များ၊ ချမ်းအေးသာစံမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ အောင်မြေသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ပုသိမ်ကြီးမြို့နယ် တို့မှ ယာယီစည်းရုံးရေး ကော်မတီဝင်များတွေ့ဆုံပွဲတွင်ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအနေဖြင့် ပါတီဝင်အဖြစ် စည်းရုံးဆောင်ရွက်ရာတွင် မည့်သည့်နိုင်ငံရေးပါတီတွင်မျှ ပါတီဝင်အဖြစ် ဝင်ရောက်ထားခြင်းမရှိသူများကို စည်းရုံးဆောင်ရွက်ကြောင်း၊ အရေးကြီး သည်မှာ နိုင်ငံအတွက်၊ ပြည်သူ့အတွက် စိတ်တူကိုယ်တူ ဆောင် ရွက်ကြရန်ဖြစ်ကြောင်း၊မိမိတို့ပါတီ၏ နိုင်ငံရေးမူဝါဒလမ်းစဉ်အပေါ် ယုံကြည်ချက်၊ ခံယူချက်ဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် ဖြစ်သည်ဟု သူရဦးရွှေမန်းကပြောသည်။
လက်ရှိအခြေအနေကို လေ့လာဆန်းစစ်ပြီး နိုင်ငံ့အကျိုး၊ ပြည်သူ့ အကျိုးအတွက် ဆောင်ရွက်လိုပါက ယခုအတိုင်းနေခြင်းထက် နိုင်ငံရေးပလက်ဖောင်းတစ်ခုအပေါ် ရပ်တည်ပြီး နိုင်ငံကို ပြောင်းလဲ တိုးတက်အောင် ဆောင်ရွက်မည်လား ဆိုသည်ကို နိုင်ငံကို ချစ်မြတ်နိုးကြသူတိုင်း ဆန်းစစ်ကြရန်လိုကြောင်း၊အပြောင်းအလဲ ဆိုရာတွင် ကောင်းမွန်သော အပြောင်းအလဲ ဖြစ်ရန်လိုကြောင်း၊ အပြောင်းအလဲ ဆိုတိုင်း ကောင်းမွန်သည်ဟု မဆိုနိုင်ကြောင်း ၊ပြောင်းလဲစေလိုသောဆန္ဒဖြင့် အပြောင်းအလဲပြုလုပ်သော်လည်း ပြောင်းပုံပြောင်းနည်း၊ လုပ်နည်းလုပ်ဟန် မကောင်းပါက ပိုမိုဆိုး သွားနိုင်ကြောင်း သို့ဖြစ်၍ အပြောင်းအလဲပြုလုပ်ရန်၊ ကောင်းမွန်သော အပြောင်းအလဲ ဖြစ်မြောက်ရန်အတွက် စနစ်တကျပြင်ဆင်ရန် လိုအပ်သည်၊ အတိတ်က ဖြစ်ပျက်တွေ့ကြုံရသည့် ကိစ္စရပ်များအနက် ကောင်းသည့်ကိစ္စရပ်များဆိုလျှင် နမူနာယူ၊ ပညာယူရန် လိုအပ်ကြောင်း လည်း သူရဦးရွှေမန်းက ဆက်လက်ပြောကြားခဲ့သည်။
The Ladies News

No comments:

Post a Comment

My Blog List