Wednesday, January 07, 2015

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ရွေးကောက်ပွဲကို ဇန်နဝါရီ ၂၅ ရက်တွင် ကျင်းပမည်



မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၏ အမှုဆောင်များ ပြန်လည်ရွေးကောက်ပွဲကို ဇန်နဝါရီလ ၂၅ ရက်တွင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတွင် ကျင်းပသွားမည်ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ဒုဥက္ကဋ္ဌ ဦးအေးကြူလေးက မဇ္ဈိမကိုပြော သည်။ယင်းကဲ့သို့ ရွေးချယ်နိုင်ရန်အတွက် ရုပ်ရှင်အစည်းအရုံးဝင် ကတ်ပြားအသစ် ကိုင်ဆောင်ထားသည့် ရုပ်ရှင်လောကသား များအားလုံး မဲပေးနိုင်သည်ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတွင် အခြေခံအလွှာ ၁၀ လွှာရှိပြီး ယင်းအခြေခံအလွှာ ၁၀ လွှာအနက်မှ စက်မှုလက်မှု အခြေခံအလွှာ၊ ဗီဒီယိုအခြေခံအလွှာနှင့် ပြဇာတ်၊ ရုပ်ရှင်နောက်ခံတေးဂီတ အလွှာတို့သည် ၂၀၁၅ခုနှစ် ဇန်နဝါရီလ ၂၂ ရက်တွင် မဲပေးရမည်ဖြစ်ပြီး ဒါရိုက်တာ အခြေခံအလွှာ၊ ဇာတ်ပို့ဇာတ်ရန် အခြေခံအလွှာ နှင့် ဇာတ်လမ်းဇာတ်ညွှန်း အခြေခံအလွှာတို့သည် ဇန်နဝါရီလ ၂၃ ရက်တွင် မဲပေးရမည်ဖြစ်သည်။

အုပ်ချုပ်ဖြန့်ချိ ပြသအခြေခံအလွှာ၊ အဓိကဇာတ်ဆောင် အခြေခံအလွှာနှင့် တည်းဖြတ်မှတ်တမ်း အခြေခံအလွှာတို့သည် ဇန်နဝါရီလ ၂၄ ရက်တွင် မဲပေးရမည်ဖြစ်ပြီး ထုတ်လုပ်သူအခြေခံအလွှာတွင် အမှုဆောင် တစ်ဦးတည်းသာ လျှောက် ထားခြင်းကြောင့် ပြိုင်ဘက်မရှိဘဲ မဲပေးရန်မလိုအပ်ဟု ဦးအေးကြူလေးကပြောသည်။

ယင်းသို့ ရုပ်ရှင်လောကသားများမှ ရွေးချယ်ပေးအပ်ထားသည့် မဲများကို ဇန်နဝါရီ ၂၅ ရက်တွင် ဖွင့်ဖောက်ကာ အမှုဆောင် များ ရွေးချယ်တင်မြောက် သွားမည်ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ဒု-ဥက္ကဋ္ဌ ဦးအေးကြူလေးက ပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List