Thursday, January 08, 2015

MPT ဆင်းမ်ကတ်ဖြင့် SpeedKyat စနစ်သုံးပြီး ကားခပေးချေနိုင်ပြီ


ကားခပေးချေမှုကို SpeedKyat ငွေပေးချေမှုစနစ် အသုံးပြုပြီး ပေးချေနိုင်ပြီဟု အဆိုပါဝန်ဆောင်မှုပေးသည့် Internet Wallet ကုမ္ပဏီမှ ဈေးကွက်ရှာဖွေရေး မန်နေဂျာ ကိုသော်ဇင်က မဇ္ဈိမကို ပြောကြားသည်။“SpeedKyat ဝန်ဆောင်မှုကို သုံးပြီး MPT ဖုန်းကတ်ကနေ ကားခပေးလို့ရအောင် လုပ်ထားပါတယ်။ ဝန်ဆောင်မှုကို သုံးဖို့က ရုံးမှာ မှတ်ပုံတင်ပြီး သုံးတာရယ်၊ မိုဘိုင်း App ကို ဖုန်းထဲမှာ ထည့်ပြီး သုံးတာရယ် နှစ်မျိုး လုပ်ထားပါတယ်” ဟု ၎င်းက ဆိုသည်။
MPT ဆင်းမ်ကတ်ဖြင့် အသုံးပြုရာတွင် ငွေဖြည့်ကတ်မှ အသုံးပြုသည့်ပုံစံမဟုတ်ဘဲ သတ်မှတ်ထားသည့် ဝန်ဆောင်မှုစင်တာများ တွင် ငွေကြိုတင်ပေးထားပြီး အကောင့် မှတ်ပုံတင်ထားရမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ကားခပေးချေမှုအတွက် လက်ရှိတွင် အမြဲစိမ်း (၁) ယာဉ်လိုင်းနှင့် ချိတ်ဆက် ထားပြီးဖြစ်ကာ ဆက်လက်ပြီး အဝေးပြေးယာဉ်လိုင်းများ၊ ရထား၊ လေယာဉ်နှင့်စူပါမားကက်များတွင်ပါ ငွေပေးချေနိုင်ရန် ဆောင် ရွက်သွား မည်ဟုလည်း ၎င်းက ဆိုသည်။

ကိုသော်ဇင်က “လောလောဆယ်မှာ အမြဲစိမ်း(၁)ယာဉ်လိုင်းကားခကို ပေးချေ နိုင်ပါပြီ။ နောက်ပိုင်းလည်း ဆက်ပြီးလုပ်ဖို့ ချိတ်ဆက်နေပါတယ်” ဟု ဆိုသည်။

SpeedKyat စနစ် အသုံးပြုနိုင်ရေးအတွက် ကြိုတင်ငွေ ပေးသွင်းရန်နေရာ ၃၀၀ ကျော်အထိ ထားရှိပြီးဖြစ်ပြီး လက်ရှိအချိန် တွင် ငွေပေးချေမှုစနစ်ကို အခမဲ့ ဝန်ဆောင်မှုပေးထားသည်။ ၀န်ဆောင်မှုအတွက် နှုန်း ထား သတ်မှတ် ကောက် ခံရန် စီစဉ်ထားသော်လည်း ဘဏ်များက ကောက်ခံသည့် ပမာဏ ထက် လျော့ နည်းအောင် ၀န်ဆောင်မှုပေးမည်ဟု ၎င်းက ပြောသည်။

ငွေပေးချေမည်ဆိုပါက မိုဘိုင်း App အတွင်းမှ ငွေလွှဲပေးပို့ရန်စနစ်မှတစ်ဆင့် ပေးပို့မည့် ဖုန်းနံပါတ်နှင့် ငွေ ပမာဏကို ရိုက်ထည့်ပေးပို့ရ မည်ဖြစ်ပြီး ငွေလွှဲပေးပို့ပြီးကြောင်း မက်ဆေ့ခ်ျ ပြန်လည်ပေးပို့မည် ဖြစ်သည်။

ငွေလက်ခံသည့်ဘက်သို့လည်း ငွေလက်ခံရရှိကြောင်း မက်ဆေ့ခ်ျပေးပို့ မည် ဖြစ်သည်။

ယင်းမက်ဆေ့ခ်ျ နှစ်စောင်သည် ကုတ်နံပါတ် တူညီမည်ဖြစ်ပြီး ယင်းကုတ်နံပါတ်ဖြင့် တိုက်ဆိုင်စစ်ဆေး ၍ ငွေပေးချေပြီးကြောင်း သိသာစေမည်ဟု ကိုသော်ဇင်က ဆိုသည်။

မဇ္ဈိမ

No comments:

Post a Comment

My Blog List