Friday, January 09, 2015

မင်းအုပ်စိုးဆေးစစ်ချက်အဖြေထွက်သော်လည်း ဆရာဝန်က တရားရုံး၌သာထွက်ဆိုမည်


သရုပ်ဆောင် မင်းအုပ်စိုး၏ ဆေးစစ်ချက်အဖြေထွက်ပေါ်လာသော်လည်း ယင်းအဖြေကို ဆရာဝန်က တရား ရုံး၌သာ ထွက်ဆိုမည်ဖြစ်ကြောင်း သတင်းရရှိသည်။ မင်းအုပ်စိုးကို ဇန်န၀ါရီ ၈ရက်က လူသတ်မှုဖြင့် ဖမ်းဆီး ခဲ့ပြီး ဗဟန်းမြို့နယ် တရားရုံးတွင် ဒုတိယအကြိမ်ရမန်ယူရုံးထုတ်ခဲ့သော်လည်း ရဲစစ်ချက်မပြည့် စုံသေး သဖြင့် ဇန်န၀ါရီ ၂၂ ရက်သို့ ထပ်မံချိန်းဆိုထားသည်။ ထိုနေ့တွင် ရဲစစ်ချက်ပြည့်စုံ၍ စွဲချက်တင်တရားစွဲ ဆိုခဲ့ပါက အမှုကြီးတစ်ခုဖြစ်၍အနောက် ပိုင်းခရိုင်တရားရုံးသို့ လွှဲပြောင်းကာ တရားစွဲဆိုမည်ဟု ဗဟန်း မြို့နယ်တရား သူကြီးက ပြောသည်။
‘‘ဆေးစစ်ချက်အဖြေကတော့ ထွက်နေပါပြီ။ အဲဒီအဖြေကို စစ်ဆေးတဲ့ဆရာဝန် ကပဲ တရားရုံးမှာထွက်ဆို သွားမှာပါ။ တရားရုံးမှာ လာရောက်နားထောင်လို့ရ ပါတယ်။ မင်းအုပ်စိုးကိုတော့ စစ်ဆေးချက်တွေလိုသေး လို့ တရားမစွဲရသေးပါ ဘူး’’ဟု ဒုရဲမှူးသိန်းဝင်းကပြောသည်။  မတေးနုယဉ်သေဆုံးသည့် ဒဏ်ရာများနှင့် ပတ်သက်၍ မှုခင်းဆရာဝန်၏ ဆေးစစ်ချက်အဖြေများအရ ထိုးကြိတ်ရုံဖြင့်ရရှိနိုင် သည့်ဒဏ်ရာများ မဟုတ်ခြင်းကြောင့်အမှုကို အမှန်အတိုင်းဖြစ်စေ လိုကြောင်း သေဆုံးသူ၏ မိသားစုဝင်များက တောင်းဆို ထားသည်။

မင်းအုပ်စိုးသည် စိတ်ရောဂါဝေဒနာခံစားနေရ၍  ရွာသာကြီးဆေးရုံတွင်ဆေး စစ်နေသည်ဟု ကောလာ ဟလများထွက်ပေါ်နေခြင်းနှင့်ပတ်သက်၍ ဗဟန်းမြို့ နယ်ရဲတပ်ဖွဲ့စခန်းမှူး ဒုရဲမှူးသိန်းဝင်းက ‘‘ဆေးစစ် တယ်ဆိုတာတော့ မဟုတ် ပါဘူး။ သူ့မှာ ဒီလို ဝေဒနာခံစားနေရရင် ကျွန်တော်တို့က စစ်လို့မရပါဘူး။ သူ့မိသားစုကစစ်ရမှာပါ။ ဆေးစစ်ချက်အဖြေကို ကျွန်တော်တို့ကိုပေးရမှာပါ။ ကျွန်တော်တို့က လုပ်လို့မရ ပါဘူး’’ဟုပြောသည်။

7Day News Journal

No comments:

Post a Comment

My Blog List