Monday, January 05, 2015

အဲအေးရှားလေယာဉ် ခရီးသည်အလောင်း ၃ လောင်းကို အမေရိကန် စစ်သင်္ဘော ရှာတွေ့


အဲအေးရှားလေယာဉ် ရှာဖွေရေးမှာ အကူအညီပေးနေတဲ့ အမေရိကန် ကယ်ဆယ်ရေး အဖွဲ့က နောက်ထပ် အလောင်း ၃ လောင်းကို ရှာဖွေတွေ့ရှိတယ်လို့ အကြောင်းကြား ထားတဲ့အတွက် စုစုပေါင်း ၃၄ လောင်းကို ရှာဖွေ တွေ့ရှိခဲ့ပြီလို့ အင်ဒိုနီးရှား အရာရှိတယောက်က ဇန်ဝါရီလ ၄ ရက်နေ့မှာ ပြောပါတယ်။

အမေရိကန်စစ်သင်္ဘောက အလောင်း ၃ လောင်းကို ရှာတွေ့ခဲ့ပြီးနောက် ရာဘာလှေ အကူအညီနဲ့ ဆယ်ယူ ထားပြီး မကြာခင် လွှဲပြောင်းပေးဖို့ ရှိတယ်လို့ အင်ဒိုနီးရှားလေတပ် အရာရှိက ပြောပါတယ်။

ဇန်န၀ါရီလ ၄ ရက်နေ့မှာပဲ လေယာဉ်ရဲ့ အစိတ်အပိုင်းလို့ ယူဆရတဲ့ နောက်ထပ် အရာဝတ္ထုတခုကိုလည်း ပင်လယ်ကြမ်းပြင်အောက်မှာ တွေ့ရှိရတယ်လို့ ပြောပါတယ်။

၅ ခုမြောက် အရာဝတ္ထုဟာ အလျား ၁၀ မီတာနီးပါး၊ အနံ ၁ မီတာ ကျော်ကျော်၊ အမြင့် မိတာဝက်နီးပါရှိ တယ်လို့ ရှာဖွေရေး ဖွဲ့ခေါင်းဆောင်က သတင်းစာရှင်း လင်းပွဲမှာ ပြောပါတယ်။

အခုထိ တွေ့ထားတဲ့ အရာ၀၀တ္ထုတွေထဲမှာ ဇန်န၀ါရီလ ၃ ရက်နေ့က တွေ့ရှိခဲ့တဲ့ ၄ ခုထဲက ၁၈ မီတာ ရှည်တဲ့ အရာဝတ္ထုက အကြီးမားဆုံး ဖြစ်ပါတယ်။

ဒါပေမယ့် တွေ့ထားတဲ့ ၅ ခုစလုံးကို ဘာဖြစ်မလဲဆိုတာကို မသိနိုင်သေးဘူး လို့လည်း ပြောပါတယ်။

ရာသီဥတု အခြေအနေ ဆိုးရွားနေတာကြောင့် ပျံသန်းမှု မှတ်တမ်းတင်စက်  black box  ကို ရှာဖို့ အခက်ကြုံနေပါတယ်။

လောလောဆယ်မှာ ရုရှားက ကျွမ်းကျင်သူတွေ အပါအ၀င် ရေငုပ်သမားတွေ ဟာ ပန်ကလန်ဘန်မြို့မှာ ရောက်နေပြီး ရာသီဥတု အခြေအနေကောင်းရင် တွေ့ထားတဲ့ အရာဝတ္ထုဟာ ဘာလဲဆိုတာကို အတိအကျ စစ်ဆေးနိုင်မယ်လို့ အရာရှိတွေက ပြောပါတယ်။

အစောပိုင်း သတင်းတွေအရ ဂျပန်အဖွဲ့က အလောင်း ၃ လောင်း တွေ့ထား တယ်ဆိုတဲ့ ကိစ္စကိုလည်း အတည်ပြုဖို့ လိုသေးတယ်လို့ ရှာဖွေရေးအဖွဲ့ ခေါင်းဆောင်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ဇန်န၀ါရီလ ၄ ရက်နေ့က အင်ဒိုနီးရှား ဆူရာဘာယာ လေဆိပ်ကနေ စင်ကာပူကို ထွက်ခွာခဲ့တဲ့ လေယာဉ် ဟာ ဂျားဗား ပင်လယ်ပြင်မှာ ပျက်ကျသွားတဲ့ လေယာဉ်ပေါ်မှာ လူဦးရေ ၁၆၂ ယောက် လိုက်ပါခဲ့တာ ဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List