Monday, January 05, 2015

ရခိုင်အမျိုးသားပါတီက UNA၊ NBFတို့နှင့် ပူးပေါင်းဆောင်ရွက်မှု ခေတ္တရပ်ဆိုင်းမည်


ရခိုင်အမျိုးသားပါတီက တိုင်းရင်းသားနိုင်ငံရေးမဟာမိတ် ဖွဲ့ပူးပေါင်းဆောင်ရွက်မှုကို ခေတ္တရပ်ဆိုင်းထား လိုက်ကြောင်း ယင်းပါတီထံမှ သတင်းရရှိသည်။ ရခိုင်အမျိုးသားပါတီသည် ၁၉၉၀ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော တိုင်းရင်းသားနိုင်ငံရေးပါတီများဖြင့် ဖွဲ့စည်းထားသော ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့(UNA)၊ ၂၀၁၀ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် တိုင်းရင်းသားပါတီများ အများစုဖြင့် ဖွဲ့စည်းထားသော ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း(NBF)တို့နှင့် ထိတွေ့ ဆက် ဆံမှုများရှိနေသည်။

‘‘UNAနဲ့ NBFတို့မှာ ဘယ်သူ တွေနဲ့ပေါင်းပြီးလုပ်မလဲဆိုတာ ကို လာမယ့် ဧပြီလမှာ ကျင်းပမယ့် ဗဟိုကော် မတီအစည်းအဝေးမှာ ဆုံးဖြတ်ဖို့ရှိပါတယ်။ အဲဒါကို မဆုံးဖြတ်ရသေးခင် ဘယ်သူနဲ့မှ ပူးပေါင်းဆောင်ရွက် မှုကိုမလုပ်ဖို့ ရပ်ဆိုင်းထားပါတယ်’’ဟု ရခိုင်အ မျိုးသားပါတီအထွေထွေအတွင်း ရေးမှူး ဦးထွန်းအောင်ကျော် ကဆိုသည်။

ယခုလ ၂ရက်နှင့် ၃ရက်တို့ တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ၌ ကျင်းပသော ရခိုင်အမျိုးသား ပါတီဗဟိုအလုပ် အမှုဆောင်အ စည်းအဝေးတွင် UNA(သို့မဟုတ်) NBFတို့အနက် တစ်ဖွဲ့ဖွဲ့နှင့် ပူး ပေါင်းဆောင်ရွက်မှု လုပ်ဆောင် ရန်ကို အပြီးသတ်ဆုံးဖြတ်ချက်ချ ရန် လုံလောက်သည့်အချိန် ယူပြီးမှ ဆောင်ရွက်ရေး ဆုံးဖြတ် ချက်ချခဲ့ခြင်းလည်းဖြစ်သည်။

‘‘ဘယ်သူနဲ့ ပေါင်းမလဲဆို တာကို ချက်ချင်းဆုံးဖြတ်လို့မရပါ ဘူး။ လုံလောက်တဲ့အချိန်လိုပါတယ်။ နှစ်ဖွဲ့ လုံးက တိုင်းရင်းသား ပါတီတွေနဲ့ချည်း ဖွဲ့ထားတာပါ။ ကျွန်တော်တို့ လုံလောက်တဲ့အ ချိန်ယူပြီး ပါတီဝင် အားလုံးကို ချပြပြီးမှ အားလုံးသဘောတူညီ ချက်နဲ့ ဆုံးဖြတ်မှာပါ’’ဟု ဦးထွန်း အောင်ကျော်ကပြောသည်။

ရခိုင်အမျိုးသားပါတီသည် ၁၉၉၀ရွေးကောက်ပွဲတွင် အနိုင် ရရှိခဲ့သော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၂၀၁၀ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင် ခဲ့သည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီတို့ ပူးပေါင်းထားခြင်းဖြစ် သည်။

ရခိုင်တိုင်းရင်းသားများတိုး တက်ရေးပါတီသည် ညီနောင် တိုင်းရင်းသားပါတီ များဖက်ဒရေး ရှင်း(NBF)နှင့် ဆက်ဆံရေးရှိခဲ့ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်သည် ညီညွတ်သောတိုင်းရင်းသားလူ မျိုးများမဟာမိတ်အဖွဲ့ (UNA)နှင့် ထိတွေ့ဆက် ဆံမှု အသီးသီးရှိ ခဲ့သည်။

7Day News Journal

No comments:

Post a Comment

My Blog List