Friday, January 09, 2015

ပအိုဝ်းဌာနေပြည်သူ့စစ် သိမ်းယူထားသော လယ်ဧကတစ်သောင်းကျော် ပြန်ရရေးဆန္ဒပြ


(PNA)က သိမ်းဆည်းထားသည့် မြေယာဧက တစ်သောင်းကျော်ပြန်လည်ရရှိရန် ပအိုဝ်းတိုင်းရင်း သား တောင်သူ ၄၀၀ ခန့်က ဇန်နဝါရီ ၈ ရက် နံနက်တွင် တောင်ကြီးမြို့သို့ လာရောက် ဆန္ဒဖော်ထုတ် ခဲ့ကြသည်။
မူလက ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO) ပါတီရုံးရှေ့ထိ သွားရောက်ဆန္ဒဖော် ထုတ်ရန် ခွင့် ပြုမိန့်ရ ထားပြီးဖြစ်သော်လည်းအဆိုပါရုံးမရောက်မီ မီးပွိုင့်အနီး ၌ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ ဝင်များက  တားမြစ်ခဲ့၍  လမ်း ကြောင်းပြောင်းခဲ့ ရသည်ဟု  ဆန္ဒ ဖော်ထုတ်ပွဲဦးဆောင်သူ တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတင်မောင်တိုးက ပြောသည်။

‘‘ကျွန်တော်တို့ ဆန္ဒပြမယ့် လမ်းကြောင်းတင်ကတည်းက ခွင့်ပြုပေးပြီးသားပါ။ ဒါကိုလမ်း တစ်ဝက်မှာပိတ် ဆို့ထားတဲ့ အတွက် လမ်းကြောင်းပြောင်းလိုက်ရ တယ်။ မြေယာကို ဥပဒေမဲ့သိမ်းသူတွေကို ဥပဒေနဲ့ အကာအကွယ်ပေးပြီး တော့ မြေယာကို ဥပဒေမဲ့သိမ်းခံနေရတဲ့တောင်သူတွေကတော့ ဥပဒေရဲ့အကာ အကွယ်နဲ့ ဝေးနေတယ်’’ဟု ၎င်းက ပြောသည်။

 မူလဆန္ဒဖော်ထုတ်ခွင့်ကို ခွင့်ပြုခဲ့စဉ်က PNO၊ PNA စာသားတင်ပြခဲ့ပြီး ဆန္ဒဖော်ထုတ် ပွဲမတိုင်မီ တစ်ရက် အလိုတွင် တောင်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူးက လက်မှတ်ရေးထိုးကာ မြေသိမ်း PNO စာသားခွင့်မပြုကြောင်းနှင့် PNA စာသားသာအသုံးပြုခွင့်ပေးသည်ဟုဆိုကာ အကြောင်းကြား စာပေးပို့လာသည်ဟု ဦးတင်မောင်တိုး က ပြောသည်။

မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များက ဆန္ဒ ဖော်ထုတ်ပွဲမတိုင်မီ စုရပ်နေရာ၌ PNO စာတန်းပါ ဗီနိုင်းဆိုင်း ဘုတ်များပေါ်တွင် အုပ်၍ စက္ကူများလိုက်လံကပ် ခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တောင်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဦး အား မေးမြန်းရာ ‘‘PNO ပါတီဘက် ကနေ ဥပဒေနဲ့ တရားစွဲဆိုလာနိုင်လို့ ကျွန်တော့် ဘက်က မလိုလားတာတွေမဖြစ် ပေါ်အောင် တားဆီး ရခြင်းဖြစ် တယ်’’ဟုသာ ပြန်လည်ဖြေကြား သည်။

ဆန္ဒဖော်ထုတ်ရာလမ်းတစ် လျှောက်တွင် PNO၊ PNA ဥပဒေမဲ့ သိမ်းဆည်း ထားသည့် လယ်ယာမြေများ အမြန်ဆုံးဖြေ ရှင်းပေး၊ PNO၊ PNA အလိုမရှိ၊ PNO၊ PNA မှ ဥပဒေမဲ့သိမ်းဆည်း လယ်ယာမြေများအရေး ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဖြေရှင်းပေး အစရှိသည်များ ကြွေးကြော်ခဲ့ကြသည်။

 ယင်းနောက် စိန်ပန်းရပ် ကွက်ရှိ အောင်မြေဘုံစံကျောင်း တိုက်တွင် သိမ်းဆည်း ခံလယ် ယာမြေများနှင့်ပတ် သက်၍ တောင်သူများက သတင်းစာရှင်းလင်းပွဲပြု လုပ်ခဲ့ရာ နောင်ကားကျေးရွာမှ မြေယာသိမ်းဆည်း ခံတောင်သူ နန်းမေဦးက ‘‘ကျွန်မတို့မြေ ကျွန်မတို့ပြန်လိုချင်တယ်။ PNO၊ PNA မှ အမြန်ဆုံးဖြေရှင်းပေး ပါ’’ဟု သတင်းစာရှင်းလင်းပွဲ တွင်ပြောကြားသည်။

PNO၊ PNA ကို ဆန္ဒဖော်ထုတ်မှုနှင့်ပတ်သက်၍ ပအိုဝ်း ဌာနေပြည်သူ့စစ်မှ ကွပ်ကဲ ရေးမှူး ဗိုလ်မှူးကြီး ခွန်လာက ၁၉၉၁ ငြိမ်းချမ်းရေးရယူပြီး ပအိုဝ်းအမျိုး သားဒေသဖွံ့ဖြိုးရေးလိုအပ်ချက် အတွက် သိမ်းဆည်း ထားခြင်းသာဖြစ်ပြီး ၎င်းတို့အဖွဲ့အစည်း အတွက် သိမ်းဆည်းထားခြင်း မရှိဟု ပြန်လည်တုံ့ပြန်ပြော ကြားသည်။

7Day News Journal

No comments:

Post a Comment

My Blog List