Monday, January 05, 2015

ပြည်သူများလိုလားသော လွတ်လပ်ရေးဟုတ်၊ မဟုတ် ပြန်စဉ်းစားရန် ဒေါ်အောင်ဆန်းစုကြည်ပြော


(၆၇) နှစ်မြောက်လွတ် လပ်ရေးနေ့တွင် လွတ်လပ်ရေး သည် ပြည်သူများ အမှန်တကယ် လိုချင်သော လွတ် လပ်ရေးဖြစ်၊ မဖြစ်ဆိုသည်ကို ပြန်လည်စဉ်း စားရမည်ဟု အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်ကပြောကြားလိုက်သည်။

‘‘ကျွန်မတို့မှာ လွတ်လပ်တဲ့ ပြည်ထောင်စုသမ္မတနိုင်ငံတော် ဆိုတဲ့ အဆောက် အအုံဆောက် ပြီးသွားပါပြီ။ ဒီအဆောက်အအုံ ကြီးက အခုနှစ်ပေါင်းများစွာကြာ တဲ့အချိန်မှာ ဘယ်လိုအခြေအနေ ရောက်ပြီလဲဆိုတာ စဉ်းစားဖို့လို အပ်ပါတယ်’’ဟု အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

(၆၇) နှစ်မြောက်လွတ်လပ် ရေးနေ့အထိမ်းအမှတ်အခမ်းအနားကို အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ပါတီက ရန်ကုန်မြို့တော်ဝင် နှင်းဆီခန်းမတွင် ကျင်းပစဉ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တက်ရောက်လာ သည့် ပရိသတ် များအား အထက်ပါအတိုင်းပြော ကြားခြင်းဖြစ်သည်။

‘‘ကျွန်မအမြင်အရ ဒီနိုင်ငံရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကျေ နပ်ပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်အင်မတန်မှ နည်း လိမ့်မယ်လို့ထင်ပါ တယ်။ အဲဒီလိုလည်း နည်းသင့်ပါ တယ်။ ကျေနပ်နေတယ်ဆိုရင် ကျွန်မတို့တိုးတက်မှာ မဟုတ် တော့ပါဘူး။ တိုးတက်ဖို့ အများ ကြီးလိုနေပါသေးတယ်’’ဟု ၎င်း ကဆက်လက်ပြောကြားသည်။

လွတ်လပ်ရေးရအောင်ကြိုး စားခဲ့ပြီးနောက် ပျောက်ဆုံးသွား သော ကောင်းမွန် သည့် အရည် အချင်းများ၊ ရည်မှန်းချက်များကို ပြန်ပြီး ဖော်ထုတ်ရန်လိုအပ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်ကဆို ပြီး လွတ်လပ်ရေး ရအောင် ဆောင်ရွက်ပေးခဲ့သည့် လွတ်လပ်ရေး ဖခင်ကြီးများ၏ မျှော်လင့်ချက်နှင့် မည်မျှကိုက်ညီလည်း ဆိုသည်ကို စဉ်းစား၍ မကိုက်ညီသည့်များကို ကိုက်ညီအောင် လုပ်ပြုရန် အခမ်း အနားတက်ရောက်လာ သည့် ပရိသတ်အား ဒေါ်အောင်ဆန်း စုကြည်က မှာကြားခဲ့သည်။

ထို့အပြင်‘‘ငါတို့နိုင်ငံတော် ကြီးသည် မည်သူတစ်ဦးတစ် ယောက်၊ တစ်ဖွဲ့တစ်သင်း၏ အမွေအနှစ်မဟုတ်၊ ပုဂ္ဂလိကပိုင် ပစ္စည်းမဟုတ်၊ မည်သူတစ်ဦး တစ်ယောက်တစ်ဖွဲ့တစ်သင်းက ချုပ်ကိုင်အနိုင်သိမ်းယူအကျိုးခံ စားအပ်သော နိုင်ငံတော်မဟုတ်ဟု နိဒါန်းချီလျက်၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လွတ်လပ်ခွင့် စသည့်အ ခွင့်အရေးများ အပြည့် အ၀ခံစားနိုင်ရန် သတိပေးထားသည်’’ကိုအထူးဂရုပြုရမည်ဟု လွတ်လပ်ရေးကြေ ညာစာတမ်း တွင် ဖော်ပြထားသော စာပိုဒ်ကို  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၏ (၆၇) နှစ်မြောက် လွတ် လပ်ရေးနေ့ကြေညာစာတမ်း၌ ထည့်သွင်း သတိပေးဖော်ပြထားသည်။

ဇန်န၀ါရီ ၄ ရက် မွန်းလွဲ ၁ နာရီက တော်ဝင်နှင်းဆီတွင် ကျင်းပသော လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားသို့ရန်ကုန်အခြေစိုက်နိုင်ငံခြားသံရုံး အချို့မှ သံတမန်များလည်း တက် ရောက်ခဲ့ပြီး အဆို၊အကဖျော်ဖြေပွဲများလည်း ကျင်းပခဲ့ကြောင်း သိရသည်။


7Day News Journal

No comments:

Post a Comment

My Blog List