Tuesday, January 06, 2015

လက်ပံတောင်း အကြမ်းဖက်မှုကို ကန့်ကွက်ခြင်းအဖြစ် မုံရွာတွင် အရပ်ဘက် အဖွဲ့အစည်းများ စုပေါင်းဆန္ဒပြ


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ဖြစ်ပွားခဲ့ သော ပဋိပက္ခကို ကန့်ကွက်သည့် အနေဖြင့် မြန်မာ နိုင်ငံအတွင်း တွင်းထွက်သယံဇာတ အရင်းအ မြစ်တူးဖော်ရေး စက်မှုလုပ်ငန်း များ ပွင့်လင်းမြင်သာမှု ဖော် ဆောင်ရေး ဦးဆောင်ကော်မတီ (EITI) အဖွဲ့က ဦးဆောင်၍ အရပ်ဘက်လူ့အဖွဲ့အစည်းများ စုပေါင်းကာ ဇန်န၀ါရီ ၅ရက် မွန်းလွဲပိုင်းတွင် မုံရွာမြို့၌ ဆန္ဒထုတ်ဖော်ခဲ့ ကြောင်း သတင်းရရှိသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲ တွင် ၈၈ မျိုးဆက်(ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ဦးထွန်းမြင့်အောင် က ‘‘လက်ပံ တောင်းတောင် ဒေသခံတွေ လို လားတာက စားပွဲဝိုင်းမှာ ငြိမ်း ငြိမ်းချမ်းချမ်း တွေ့ဆုံဆွေးနွေး ရေးပါ။ ဒီနေ့ တာဝန်ယူထားတဲ့ အစိုးရက စကားလုံးတွေကို မျက်ကွယ်ပြုပြီးတော့ ကျည်ဆန်တွေနဲ့ ဖြေရှင်း မှာလား။ EITI ကို ပါဝင် နေတာ ဟန်ပြလား။ လိမ်ညာပြီး တော့ ၀င်နေတာလား။ တိုင်းရင်း သားပြည်သူ တွေရဲ့ အကျိုးစီးပွား အတွက် ဆောင်ရွက်ချင်လို့ အစိုး ရက အူလှိုက်သည်းလှိုက် ပါဝင် နေတာလားဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ရမယ်’’ ဟု ပြောကြား သည်။

‘‘အကောင်အထည်ဖော်ရေး ကော်မတီကို မေးချင်ပါတယ်။ လူသတ်ပြီး အကောင်အထည် ဖော်နေတာလား လို့။ ဒေသခံလူ ထုကို အသက်တွေ၊ ချွေးတွေ၊ သွေးတွေနဲ့ပေးဆပ်ပြီး ကာကွယ် ထားရတဲ့ လက်ပံတောင်း တောင် ဖြစ်တဲ့ အတွက် ဒီဒေသကို အ သက်နဲ့ ချွေးနဲ့ သွေးနဲ့ရင်းပြီး ကာ ကွယ်သွားမှာပဲ’’ ဟု ဆန္ဒထုတ် ဖော်ပွဲတွင် ပါဝင်ခဲ့သော လက်ပံ တောင်းအရေး တက်ကြွလှုပ်ရှား သူ ဒေသခံ မသွဲ့သွဲ့ဝင်းက ပြော ကြား သည်။

ဆန္ဒထုတ်ဖော်ပွဲသို့ MATA အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များဖြစ် သည့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့် လင်းလူ့အဖွဲ့အစည်း) မှ ဦးထွန်း မြင့်အောင်၊ စိမ်းရောင်စို မြန်မာ တရုတ်ပိုက်လိုင်း စောင့်ကြည့်ရေး ကော်မတီ မန္တလေးမှ ဦးတင်သစ်၊ လက်ပံတောင်းအရေး ဆောင် ရွက်ခဲ့သည့် မသွဲ့ သွဲ့ဝင်း၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီး မှ MATA အဖွဲ့ဝင်များ၊ လက်ပံ တောင်းတောင် ဒေသခံများ၊ အ ရပ်ဘက်အဖွဲ့အစည်းများ စုစု ပေါင်း လူအင်အား ၁၀၀ ကျော် ပူးပေါင်းပါဝင်ခဲ့သည်။

လက်ပံတောင်းတောင်အကြမ်းဖက်မှုကန့်ကွက်သည့်အနေဖြင့် မုံရွာမြို့တွင် ဆန္ဒပြနေစဉ် (ဓာတ်ပုံ−မျိုးမင်းဦး)
7Day Daily

No comments:

Post a Comment

My Blog List