နိုင်ငံသားမဟုတ်သူတွေကို ပါတီဝင်အဖြစ်ကနေရပ်ဆိုင်းဖို့အတွက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က
အချိန်နှစ်လ တိုးပေးလိုက်ပါတယ်။ပါတီဝင်အင်အားများတဲ့အတွက် အသေချာစိစစ်နိုင်ဖို့ အချိန်ထပ်တိုးတောင်း
ဆိုတာကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုပေး လိုက်တာလို့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်
ဦးထွန်းထွန်းဟိန်က ပြောပါ တယ်။
"သူတို့ပြောတာ ဇန်နဝါရီလ ၉
ရက်နေ့အတွင်း ဆောင်ရွက်ပေးပါလို့ ပြောတယ်၊ ကျနော်တို့ကလည်း ၂ လ
ထပ်တိုးပေးပါလို့ပြောတယ်၊ သူတို့ကလည်း ခွင့်ပြုတယ်"ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့မှာ နိုင်ငံသားပြုခွင့်ရသူ၊ ဧည့်နိုင်ငံသား၊ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေကို ပါတီဝင်အဖြစ်ကနေ ရပ်ဆိုင်း ဖို့ နိုင်ငံရေးပါတီတွေထံ ညွှန်ကြားချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အဲဒီလုပ်ငန်းစဉ်တွေကို ဒီလ ၉ ရက်နေ့ နောက်ဆုံးထားပြီး ကော်မရှင်ထံ ပြန် လည်တင်ပြဖို့ ညွှန်ကြားခဲ့ တာဖြစ်ပါတယ်။
နိုင်ငံရေးပါတီ ၁၀ ခုကသာ လုပ်ငန်းစဉ်အခြေအနေကို ပြန်လည်တင်ပြပြီးဖြစ် တယ်လို့ ပြည်ထောင်စု ရွေး
ကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှုး ဦးလှမောင်ချို
ကပြောပါတယ်။
"နိုင်ငံရေးပါတီများအနေဖြင့် ပါတီတည်ထောင်လိုသူ၊ ပါတီဝင်လိုသူတွေနဲ့ ပတ်သက်ပြီး ပြင်ဆင်လုပ်ကိုင်
"နိုင်ငံရေးပါတီများအနေဖြင့် ပါတီတည်ထောင်လိုသူ၊ ပါတီဝင်လိုသူတွေနဲ့ ပတ်သက်ပြီး ပြင်ဆင်လုပ်ကိုင်
ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ကော်မရှင်သို့ ပြန်လည်တင်ပြရန်ဖြစ်ပါသည်၊
ပြင်ဆင်လုပ်ကိုင်ဆောင်ရွက်ရန် မရှိသည့် နိုင်ငံရေးပါတီများအနေဖြင့်လည်း
မရှိကြောင်း တင်ပြပေးရန်ဖြစ်ပါသည်ဆိုပြီးပါရှိပါတယ်၊ အောက် တိုဘာလ ၉
ရက်နေ့မှာ ကျနော်တို့ စာထွက်လိုက်တာပါ၊ မနက်ဖြန် နောက်ဆုံးနေ့ပါခင်ဗျာ၊
အကြမ်းဖျင်း ၁ဝ ပါတီကျော်တော့ ရှိပါတယ်ခင်ဗျ၊ ကျန်ပါသေးတယ်ခင်ဗျာ"
အသစ်ပြင်ဆင်လိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ နိုင်ငံသား မဟုတ်သူတွေကို ပါတီ တည်ထောင်ခွင့်နဲ့ ပါတီဝင်ဖြစ်ခွင့်တွေ ကန့်သတ်လိုက် တာဖြစ်ပါတယ်။
RFA Burmese
အသစ်ပြင်ဆင်လိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ နိုင်ငံသား မဟုတ်သူတွေကို ပါတီ တည်ထောင်ခွင့်နဲ့ ပါတီဝင်ဖြစ်ခွင့်တွေ ကန့်သတ်လိုက် တာဖြစ်ပါတယ်။
RFA Burmese
No comments:
Post a Comment