Tuesday, January 06, 2015

ထိုင်းစစ်အစိုးရက ယင်လတ်ကို အမှုဖွင့်စစ်ဆေးကြားနာခြင်းသည် ပြုပြင်ပြောင်းလဲရေးကို နှောင့်နှေးစေမည်


ထိုင်းနိုင်ငံသည် အမျိုးသား ပြုပြင်ပြောင်းလဲရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းရေးဆွဲရေးကို နောင် လာမည့် ၁၂ လအတွင်းဆောင်ရွက်ရမည်။ ထို့ပြင်ထိုင်းဝန်ကြီးချုပ် ဟောင်းယင်လတ်ရှင်နာဝါထရာကို တရားစွဲဆိုပြီး အမှုကိုစစ်ဆေးကြား နာမည်ဖြစ်ရာ ထိုင်းနိုင်ငံ၏ ၂ဝ၁၅ ခုနှစ်၊ နှစ်ဦးပိုင်းအခြေအနေသည် ထိုင်းစစ်အစိုးရကို တုန်လှုပ်ချောက် ချားသွားစေပေလိမ့်မည်။

လုပ်ငန်းဆောင်ရွက်သူများနှင့် တာဝန်ရှိသူများကို တုန်လှုပ်ချောက် ချားစေသူများ ပါဝင်သော ထိုင်းနိုင်ငံ ရေးသည် ပြုပြင်ပြောင်းလဲရေးလုပ် ငန်းစဉ်များကို ပေါ်ထွက်လာစေမည်၊ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ပေါ် ထွက်လာစေမည်၊ ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေသစ်က နိုင်ငံရေးပုံသွင် သစ်ကို ဖန်တီးမည်၊ ထိုင်းဟန် ဒီမိုကရေစီ ကို တည်ဆောက်မည်ဟု သိရသည်။

ပြုပြင်ပြောင်းလဲရေးလုပ်ငန်း ကို ရွေးချယ်ထားသည့် နယ်မြေ ၁၈ နယ်မြေ၌ ပြုလုပ်မည်၊ ရေးဆွဲထား သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံသူလည်းရှိမည်၊ ဆန့်ကျင် သူလည်းနည်းမည်မဟုတ်ပေ။

၂ဝ၁၅ ခုနှစ်၏ ပထမဆုံးသီ တင်းပတ်၌ စစ်အစိုးရ၏ ထိန်းချုပ် မှုအောက်တွင် ထိုင်းနိုင်ငံရေးတည် ငြိမ်နေ သည်။ အမျိုးသားလွှတ်တော် ကို ဇန်နဝါရီ ၉ ရက်၌ စတင်ပြုလုပ် မည်၊ ဆန်စပါးထုတ်လုပ်မှုတွင် ပေး ထားသည့် ကတိအတိုင်း အထွက် တိုးရေးကြီးကြပ်ရန်တာဝန်ပျက်ကွက် သည်ဟူသော စွပ်စွဲချက်ဖြင့် ယင် လတ်အပေါ်အမှုဖွင့် စစ်ဆေးကြား နာရေးဖြင့် ဖွင့်မည်၊ ယင်လတ်အမှု ကို အမျိုးသားလွှတ်တော်ကဖေဖော် ဝါရီလ အစောပိုင်း၌ဆုံးဖြတ်ချက် ချမည်၊ ထိုင်းစစ်အစိုးရက အထက် လွှတ်တော် ဥက္ကဋ္ဌဟောင်း နီခွမ်ဝိုင် ရတ်ပန်နစ်ခ်ျ၊ အောက်လွှတ်တော် ဥက္ကဋ္ဌဟောင်းဆွမ်ဆက်ကီယတ်ဆူ ရာနွန်နှင့် အထက် လွှတ်တော်အ မတ်ဟောင်း ၃၈ ဦးတို့ကို ၂ဝဝ၇ခု နှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင် ရေးကြိုးပမ်းမှုကို ထောက်ခံခြင်းအ တွက် အမှုဖွင့် တရားစွဲဆိုထားသည်။ ထိုအမှုကိုလည်း အမျိုးသားလွှတ် တော်က ဇန်နဝါရီ ၈ ရက်၌စစ်ဆေး ကြားနာမည်။

အေးချမ်းသာယာရေးနှင့် ငြိမ် ဝပ်ပိပြားရေးအမျိုးသားကောင်စီ (NCPO) ကမည်သည့်အရာကို မည်သို့ပင် ဆောင်ရွက်စေကာမူ ထိုင်း အစိုးရသည် ယခုနှစ်၌ စီးပွားရေး ပြဿနာများနှင့် နိုင်ငံရေးလှုပ်ရှား မှုတစ်စုံတစ် ရာဖြစ်၊ မဖြစ်ဆိုသည့် အပေါ်မူတည်နေသည်ဟု ဒီမိုကရက် ခေါင်းဆောင် အဘီဆစ်ဗီဂျာဂျီဗာ က ဆိုသည်။

''အစိုးရစီးပွားရေး ပြဿနာကို ဖြေရှင်းနိုင်ရင် တခြားပြဿနာတွေ ကို ဖြေရှင်းဖို့လွယ်ပြီး။ စီးပွားရေး တိုးတက်မှုမရှိ ရင်တော့ ဖိအားပေး မှုတွေနဲ့ တင်းမာမှုတွေဖြစ်မှာပဲ။ နိုင်ငံ ရေးဘက်မှ စစ်ဆေးကြားနာမှုတွေ လုပ်တာ အနာဟောင်းကို ပြန်ဆွ တာဖြစ်မယ်။ ပဋိပက္ခတွေပြန်ဖြစ်လာ မယ်''ဟု ယင်းကဆိုသည်။

News 
Democracytoday

No comments:

Post a Comment

My Blog List