Tuesday, January 06, 2015

ဦးသိန်းစိန်၏ သမ္မတသက်တမ်းအတွင်း အပစ်ရပ်ရေး သဘောတူရန် ကာချုပ် ဆန္ဒရှိ



ယခု နှစ်ကုန်ပိုင်း ဦးသိန်းစိန်၏ သမ္မတ သက်တမ်း မပြီးဆုံးမီ တစ်တိုင်းပြည်လုံး အပစ်ရပ်စာချုပ် ချုပ်နိုင်ရေး ဆောင်ရွက်ပေး လိုသည်ဟု ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း တနင်္လာနေ့က ၎င်းတို့နှစ်ဦး စလုံးနှင့် သီးခြားစီ တွေ့ဆုံခဲ့ရာတွင် ပါဝင်သည့် ပအိုဝ်း အမျိုးသားရေးလွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောကြားသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နေပြည်တော်တွင် တွေ့ဆုံကြစဉ် အပစ်ရပ်ရေး အကြောင်းအရာက အဓိက ပြောဆိုစရာ ဖြစ်ခဲ့သည်။

"အခြေခံ ဥပဒေအရ ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ လုပ်ပိုင်ခွင့်တွေ အများကြီးရှိပါတယ်။ ဒါပေမယ် သမ္မတကြီးက သူ့လက်ထက်မှာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်အောင်ပြုလုပ်ချင်တယ်။ 



သမ္မတရဲ့ ဆုံးဖြတ်ချက်အတိုင်း အကောင်အထည်ဖော်ဆောင်သွားမယ်လို့ ပြောပါတယ်" ဟု ခွန်မြင့်ထွန်းက ရှင်းပြသည်။

အပစ်ရပ်စာချုပ်ကို ဖေဖော်ဝါရီ ၁၂ တွင် ကျရောက်မည့် ပြည်ထောင်စုနေ့တွင် လက်မှတ်ထိုးရန် သမ္မတ ဆန္ဒရှိနေသည်ဟု ဆိုရာ အချိန်က ရက်ပေါင်း ၄၀ သာ ကျန်တော့သည်။

နေပြည်တော်တွေ့ဆုံပွဲများတွင် ပါဝင်ခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ဒုဥက္ကဋ္ဌ ဦးမျိုးဝင်းက အပစ်ရပ် သဘောတူညီချက်အတွက် လိုအပ်သည့်အရာ များစွာ ကျန်နေသေးသည်ဟု ထောက်ပြသည်။

"၂၀၁၅မှာ ကျင်းပမယ့် အရာတွေနဲ့ လက်ရှိနိုင်ငံရေးပြသနာတွေ၊ လူမှုရေးပဋ္ဋိပက္ခတွေက အခုဆို အများကြီးပဲလေ။ 
ဒီပြသနာတွေကို အရင်ဆုံး ဖြေရှင်းပေးပြီးမှ လက်မှတ်ထိုးဖို့ ပြုလုပ်နိုင်မယ်ဆိုတာ ကျွန်တော်တို့ အဖွဲ့က သမ္မတကို ဆွေးနွေးခဲ့ပါတယ်" ဟု ဦးမျိုးဝင်းက ပြောကြားသည်။ 

မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များစွာ ရှိပြီး မကြာသေးမီ ကာလအတွင်း တိုက်ပွဲ ဖြစ်ပွားခဲ့သည့် နေရာများမှာ ကချင်ပြည် နယ်၊ ရှမ်းပြည်နယ်တို့ ဖြစ်သည်။


The Yangon Globe

No comments:

Post a Comment

My Blog List