အိန္ဒိယအတိုက်အခံပါတီ ဖြစ်တဲ့ ကွန်ဂရက်ပါတီက ခေါင်းဆောင်တဦးဖြစ် သူ နိုင်ငံရေးသမား ရှရှိသာရိုး (Shashi Tharoor) ရဲ့ ဇနီးဖြစ်သူ စုနန်ဒါ ပွတ်ရှ်ခါ (Sunanda Pushkar) ဟာ အဆိပ်ခတ်ခံရလို့ သေဆုံးခဲ့ တယ်လို့ အိန္ဒိယ ရဲမင်းကြီး ဘီအက်စ် ဘက်စီ(BS Bassi) က ပြီးခဲ့တဲ့ ဇန်န၀ါရီ ၆ ရက်နေ့ က ပြောပါတယ်။
သူသေဆုံးမှုအပြီး ရက်ပိုင်းအတွင်း ထုတ်ပြန်ခဲ့တဲ့ ရင်ခွဲစစ်ဆေးမှုထဲမှာတော့ စိတ်ကျရောဂါ သက်သာစေ တဲ့ဆေးတွေကို အလွန်အကျွံ သောက်မိလို့ သေ ဆုံးတာ ဖြစ်ပုံရတယ်လို့ ဆိုပါတယ်။
ရဲတွေကတော့ ပွတ်ရှ်ခါ သေဆုံးနေတဲ့ ဟိုတယ်ခန်းထဲက သုံးပြီးသား အယ်လ်ပရက်ဇ်လို့ သိကြတဲ့ ဆေး ကတ်ကို တွေ့ခဲ့တယ်လို့ ပြောပါတယ်။
ဒီဆေးဟာ စိတ်သောက၊ အအိပ်မမှန်မှုနဲ့ စိတ်ဓာတ်ကျမှုတွေကို ခံစားနေရတဲ့ လူနာတွေ သောက်လေ့ရှိ တဲ့ ဆေးဖြစ်ပြီး အိန္ဒိယနိုင်ငံတွင်း ဆေးဆိုင်တွေမှာ ဝယ်လို့ရတဲ့ ဆေးလည်း ဖြစ်ပါတယ်။
မနှစ်က တနှစ်လုံး သေဆုံးမှု အကြောင်းရင်းကို မေးခွန်းတွေ ထုတ်ခဲ့အပြီး ဒေလီ ရဲတွေက ဒီသေဆုံးမှုဟာ သဘာဝမကျဘူးလို့ ဇန်န၀ါရီ ၆ ရက်နေ့ကမှ အတည်ပြုခဲ့ပါတယ်။
ပွတ်ရှ်ခါရဲ့ မောင်နှမဝမ်းကွဲ အရှုတ်ခ်ကူးမားကတော့ သူဟာ အသတ်ခံရ တာ ဖြစ်ပြီး ဒီအမှုနဲ့ ပတ်သက်တဲ့ စစ်ဆေးမှုတွေ နှောင့်နှေးခဲ့တယ်လို့ ပြော ပါတယ်။
ပွတ်ရှ်ခါတို့ ဇနီးမောင်နှံဟာ ၂၀၁၀ ခုနှစ်က လက်ထပ်ခဲ့တာ ဖြစ်ပြီး ၂ ယောက် လုံးရဲ့ တတိယအကြိမ်
မြောက် အိမ်ထောင်လည်း ဖြစ်ပါတယ်။
DVB
DVB
No comments:
Post a Comment