Tuesday, January 06, 2015

ကချင်ပြည်နယ်တွင်း တရားမဝင် သစ်တင်ယာဉ်များကို စစ်ကြောင်းများဖြင့် ဖမ်းဆီး



ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း သစ်များ ခုတ်ယူကာ တရုတ်နိုင်ငံသို့ တရားမဝင် ပို့ဆောင်ရန် ပြင်ဆင်ထားသည့် ယာဉ်များ ကို လေကြောင်း ကင်းထောက်မှုအရ သိရှိပြီး ဇန်နဝါရီ ၂ ရက်မှ ၄ ရက်အထိ တပ်မတော် စစ်ကြောင်းဖြင့် ဖမ်းဆီးခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်လိုက်သည်။
ဝိုင်းမော်မြို့နယ်အတွင်း ဝါရှောင်၊ မံဝိန်း၊ ဆီနီကူး၊ မံတောင်၊ လောခွန်ယန်၊ ဆဒုံးဒေသများတွင် ဖမ်းမိခဲ့ခြင်း ဖြစ်ပြီး တရားမဝင် သစ်ခုတ်ရာတွင် အသုံးပြု သည့် ဒိုဇာ ၁ စီး၊ ပါဂျဲရိုး ၄စီး၊ ဝန်ဆွဲယာဉ် ၃စီး၊ နှစ်ခန်းတွဲယာဉ် ၂ စီး၊ သစ်တင် ယာဉ် ၄၃၆ စီး (၁၄ စီး သစ်ပါရှိ)၊ တန်ဖုန်း/ဒေါင်ဖုန်းယာဉ် ၃ စီး၊ ကရိန်း ၂ စီး၊ စုစုပေါင်း ယာဉ် ၄၅၅စီး၊ ဆိုင်ကယ် ၉စီး နှင့် မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသား စုစုပေါင်း ၁၂၂ဦးတို့ကို ဖမ်းမိခဲ့သည်။ 

ယင်းအပြင် ဆိုလာပြား၊ ဖုန်းကြိုးတိုင်တစ်ခု၊ စိတ်ကြွဆေးပြား ၆၈၀ ပြား၊ ဘိန်းမဲ ၆ ထုပ်၊ ဘိန်းစိန်း ၂၀ ကျပ်သား၊ တရုတ်ယွမ်ငွေ ၁၂၀၀၀ တို့ကိုလည်း သိမ်းဆည်း ရမိခဲ့သည်ဟု ဆိုသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List